Pages

Saturday, March 7, 2015

Poem: ခံစားချက်ရှိတယ် ခေါင်းစဉ်တော့မရှိဘူး

မင်းက
စောင့်နေပါလို့ မပြောပေမဲ့
ကိုယ်ကစောင့်နေချင်တယ်

မင်းက သတိရပါလို့
မပြောပေမဲ့
ကိုယ်ကသတိရတယ်

မင်းက စိတ်မပူခိုင်းပေမဲ့
မင်းကို
ကိုယ်ကစိတ်ပူတယ်

မင်းရဲ့အလုပ်အချိန်တွေ
မင်းမပြောပေမဲ့
ကိုယ်ကသိချင်တယ်

မင်းအိမ်ပြန်ချိန်တွေ
အချိန်မှန်မှပြန်ရောက်ရဲ့လား
မင်းအိပ်ချိန် စားချိန်တွေမှမှန်ရဲ့လား
မင်းစိတ်ဝင်စားတာထက်
ကိုယ်က ပိုစိတ်ဝင်စားမိနေတယ်

ဒါအချစ်လို့
ခေါင်းစဉ်မတပ်ချင်ဘူး
မင်းပူလောင်မှာစိုးလို့
သံယောဇဉ်လို့လည်း အမည်နာမမတပ်ချင်ဘူး
မင်းကို ကြိုးတွေနဲ့ ချည်နှောင်မိမှာစိုးလို့

ကိုယ်ဥယျာဉ်မှုးတယောက်လို
ကိုယ်မြတ်နိုးတဲ့ ပန်းလေးတပွင့်
အနာအဆာကင်းကင်း ပွင့်သွားစေချင်တဲ့
စိတ်ပူမှုမျိုး မြတ်နိုးမှုမျိုး

မင်းနားလည်အောင်
ခေါင်းစဉ်မတပ်တတ်ဘူး
ပြောနိုင်တာက
ကိုယ့်ခံစားချက်နဲ့ကိုယ့်ပါသာကြည်နူးနေမှုမျိုး
ဥယျာဉ်မှုးတယောက်က သူပျိုးလို့ပွင့်လာတဲ့ပန်းလေးကို
မခူးမယူပဲ ကြည့်ပြီးကြည်နူးနေမိတဲ့ ခံစားချက်မျိုး

ဒါအချစ်ထက်
သူ့အပေါ်ထားတဲ့ စေတနာအရင်းခံတဲ့
တွယ်တာမှုမျိုးပါ

Ko KgkaLayy


Ko KgkaLayy ၏ ကဗျာ အရေးအသားများ မှာ ရင်ကို ထိလွန်းလှသည့် အပြင် ဖေ့ဘုတ်ပေါ်တွင် ကဗျာများ မကြာခဏ တင်တတ်သူ ဖြစ်ပါတယ်။

Sunday, March 1, 2015

နီး(လ) ဖာဂူဆန် ၏ မှတ်ချက်

တိုင်းပြည် ကို ဘယ်လို အုပ်ချုပ်မည် ဆိုသည်ထက်

ဘယ်သူ အုပ်ချုပ်မည် ဆိုသော ကိစ္စ တွင်

အငြင်းပွားနေကြ သလို ဖြစ်နေသလား စဉ်းစားမိသည်။

 

(သမိုင်း ပညာရှင် နီး(လ)ဖာဂူဆန်)


မှတ်ချက်ပေးသွားတာက အရင်ခေတ် မြန်မာနိုင်ငံ အရေး ကို ပေးသွားတာပါ။

ဘယ်ဂျာနယ် မှ မှတ်သားထားသည် ကို မမှတ်မိတော့ပါ။

အီဘိုလာ


ဆာလောင် မွတ်သိပ်ခြင်း သည် လူပြောများနေသည့် အီဘိုလာ ရောဂါ ထက် လူသေဆုံးနှုန်း ပိုများပါသည်။

သို့သော် အဓိက ပြဿနာ အဖြစ် သတ်မှတ်ခံရခြင်း မရှိပေ။

အဘယ့်ကြောင့် ဆိုသော် လူချမ်းသာများ သည် ငတ်လို့ သေတဲ့ မသာ ဖြစ်ရန် အကြောင်းမရှိခြင်း ကြောင့်သာ။

(မှတ်ချက် ။   ။ လူချမ်းသာများ စားပိုးနင့် လို့တော့ သေနိုင်ပါသည်။)