
ဘာ ပဲ လို လို
ရန်ကုန် လမ်းညွှန် နဲ့ မန္တလေး လမ်းညွှန် ရှိတယ်
ဘာ ပဲ လို လို
ရန်ကုန် လမ်းညွှန် နဲ့ မန္တလေး လမ်းညွှန် ရှိတယ်
Woman: Is there a problem, Officer?
Officer: Ma’am, you were speeding.
Woman: Oh, I see.
Officer: Can I see your license please?
Woman: I’d give it to you but I don’t have one.
Officer: Don’t have one?
Woman: Lost it 4 times for drunk driving.
Officer: I see…Can I see your vehicle registration papers please.
Woman: I can’t do that.
Officer: Why not?
Woman: I stole this car.
Officer: Stole it?
Woman: Yes, and I killed and hacked up the owner.
Officer: You what?
Woman: His body parts are in plastic bags in the trunk if you want to see.
The Officer looks at the woman, slowly backs away to his car, and calls for back up. Within minutes 5 police cars circle the car. A senior officer slowly approaches the car, clasping his half drawn gun.
Officer 2: Ma’am, could you step out of your vehicle … please!
The woman steps out of her vehicle.
Woman: Is there a problem sir?
Officer 2: One of my officers told me that you have stolen this car and murdered the owner.
Woman: Murdered the owner?
Officer 2: Yes, could you please open the trunk of your car, please.
The woman opens the trunk, revealing nothing but an empty trunk.
Officer 2: Is this your car, ma’am?
Woman: Yes, here are the registration papers.
The first officer is stunned.
Officer 2: One of my officers claims that you do not have a driving license.
The woman digs into her handbag and pulls out a clutch purse and hands it to the officer. The officer snaps open the clutch purse and examines the license. He looks quite puzzled.
Officer 2: Thank you ma’am, one of my officers told me you didn’t have a license, that you stole this car, and that you murdered and hacked up the owner.
Woman: Betcha the lying bastard told you I was speeding too.
Source: Funny Jokes
သင် လုပ်သမျှ အရာအားလုံး အတွက် ပြီးပြည့်စုံ အောင် ကြိုးစား အားထုတ်ပါ။
အကောင်းဆုံး ဆိုတဲ့ အရာ ကို ရှာပြီး သူ့ထက် ကောင်းအောင် ပြုလုပ်ပါ။
ထို အကောင်းဆုံး အရာ မရှိပါက သင် ကိုယ်တိုင် ဖန်တီး ဒီဇိုင်း ဆွဲပါ။
သင် ငယ်ငယ်တုန်းက ရွှေသွေး ဂျာနယ် တွေနဲ့ ဝယ်ဖတ်ဖူးပါသလား ?
ကျနော် မမွေးခင်က ထုတ်ဝေသော ရွှေသွေး ပေါင်းချုပ် ကို အိမ်နီးနားချင်းအိမ် အလည်သွားဆော့ပါက ဖတ်သည်နှင့် ကျနော် ငယ်ငယ်တုန်းက ဖတ်သည့် ရွှေသွေး … ဖတ်ရသည့် အရသာ မတူပေ။
ခေတ်ဟောင်း က ရွှေသွေး က အရသာ ပိုလေး ပါသည်။
ဒါပေမယ့်လည်း အဘိုး ဆီက ရသည့် မုန့်ဖိုး တစ်နေ့ တစ်ကျပ် ကို စုပြီး တစ်ပတ် တစ်ကြိမ် ရွှေသွေး ကို ငါးကျပ် ပေးဝယ်ဖတ်ပါသည်။
ကျန်သည့် နှစ်ကျပ် မှသာ အချို့ရက် မုန့်ဝယ်စား ၊ ကျောက်တံ ဝယ်ရပါသည်။
စာဖတ် ဝါသနာ ပါသလို စုဆောင်း ရတာလည်း ဝါသနာ ပါလှပါသည်။
ရွှေသွေး ကနေ တေဇ ၊ မိုးသောက်ပန်း ၊ ပလုတ်တုတ် ၊ ရတနာပန်းခင်း ၊ Top English ၊ သုတစွယ်စုံ။
ထိုမှ စာရေးဆရာများ၏ တစ်အုပ်စာပေများ ဖတ်ပြီးသည်အခါမှာတော့ တစ်အုပ်ချင်း စာအုပ်တွေပဲ ဝယ်ဖတ်ဖြစ်တော့တယ်။
ကျနော် ငယ်ငယ်က စုဆောင်းထားသည့် ကလေးဖတ်စာပေတွေသည် ကျနော့် အသက်အရွယ် အရ ပြန်ဖတ်ဖို့ရန်လည်း မရှိ၊ ရောင်းစားဖို့ကလည်း စိတ်ကူးမရှိဖြင့် သိမ်းဆည်းထားခဲ့တာ ကြာပါပြီ။
Facebook မှ အလကားပေးမည် Group ထဲ ဝင်ပြီးသည်နောက်တွင် နယ်မှ စာကြည့်တိုက်လေး တစ်ခု နှင့် ရန်ကုန်မှ လက်ဘက်ရည်ဆိုင်ရှိ ကလေးတွေကို ပညာဒါန စာအုပ်ငှါးပေးနေသည့် အဖွဲ့ တစ်ခု သို့ စာအုပ်တွေ ခွဲပြီး လှူဒါန်းခဲ့ပါသည်။
ယနေ့တွင် Facebook တွင် ဆရာ အော်ပီကျယ် (apk Cartoonist) Share ထားတော့ Status ဖတ်မိခဲ့ပါသည်။ အောက်ပါအတိုင်း ဖြစ်ပါသည်။
ရွှေသွေးဂျာနယ် အမှတ်( ၁ ) အတွဲ ( ၁ ) ကို သီချင်းတွေဆိုတဲ့ ကိုတိုနီကျော်ဒင်က သူ့သမီးပင်ကီတို့ကို အဖွားဖြစ်သူက (၄၅)နှစ်ကြာ စုဆောင်းမှုဖြစ်တဲ့ ရွှေသွေးဂျာနယ် တွေကို မြေးတွေဖတ်ဖို့ထုတ်ပေးပါပြီ လို့တွေ့တာနဲ့ ကျွန်တော်ဖုန်းဆက်ပြီး ချက်ခြင်းသွားပါတယ်၊ အံ့သြဖွယ်စုဆောင်းမှုပါ ရွှေသွေးဂျာနယ် ဆိုက်သေး အားလုံးတစ်စောင်မကျန် အကောင်းအတိုင်းရှိနေပါတယ်၊ အင်မတန် ကျေးဇူးတင်မိပါတယ်၊ ကျွန်တော့်မှာ စီးရီးလိုက်အစုံမရှိပါ။ ဆရာဦးစိန် ရဲ့ကာတွန်းတွေမှာဆိုရင်လည်း လူငယ်တို့ရဲ့သဘာဝ စွန့်စားခန်း လေးတွေက အမြဲလိုလိုပါဝင်လေ့ရှိပြီး၊ ကာတွန်းကို ဖတ်ပြီးတာနဲ့ Education ကရပြီးသားဆိုတာ တွေ့နေရတာပါပဲ၊
ရွှေသွေး အမှတ်(၁) အတွဲ (၁) ကစပြီး ပါဝင်ခဲ့တဲ့ ဦးဟယ်ရီအောင်ရဲ့ မြစ်ကြီးဧရာဝတီ အခန်းဆက် ဆိုရင်လည်း ဧရာဝတီ ဒေါက်ခယူမင်ထရီ ဆိုရင် သူ့ကို မကျော်နိုင်ကြသေးဖူးပဲ ပြောရလိမ့်မယ်။
ကာတွန်း ဆရာဦးဖေသိန်းကလည်း မြန်မာ့စောင်း၊ နှဲ၊ ပတ္တလား၊ တိုးနယားကစလို့ သိမှတ်ဖွယ်ရာများကို အပတ်စဉ် ပုံပြရှင်းလင်းချက်တွေ က အပတ်စဉ် အသိဥာဏ်ပညာတွေ တိုးစေခဲ့တာ မြင်ကြရမှာပါ။
ဒါ ကလေးတွေအတွက် Scan ကူးပြီးပေးရတော့မယ်လို့နားလည်ပါတယ်။ ပတမဆုံးအတွဲ တစ်နှစ်စာယူလာခဲ့ပါတယ်၊ တစ်စောင်ခြင်း Scan ကူးရပါမယ်။ Pdf လုပ်ရပါမယ်၊ ပြီးရင် အနည်းဆုံးတစ်ပါတ်ကိုတစ်စောင်တော့ရအောင် လုပ်ပေးပါမယ်၊ ပြီးရင် Green Tree ဆိုတဲ့ Page လေးတစ်ခုဖန်တီးပြီး ထည့်ထားပေးပါမယ်။
Green Tree ဆိုတဲ့အမည်က နောက်လူအတွက်၊ နောက်မျိုးဆက်အတွက် ဆိုတဲ့ စကားကို လူတစ်ယောက်စီကနေ ကျွန်တော်ခနခနကြားရတဲ့ အမည်ပါ။ ဦးသန်းအောင် လို့ခေါ်ပါတယ်၊ ပညာရေးဝန်ကြီးလုပ်ခဲ့ဖူးပြီး အခုဆုံးပါးသွား ခဲ့ပါပြီ၊ ကျွန်တော့်သူငယ်ချင်း ဝေအောင်နဲ့ ဝင့်အောင်တို့ရဲ့ ဖခင်ပါ၊ မန္တလေးတိုင်းသမဝါယမ အသင်းစုမှုးဘဝက ပန်းရိုးမဆိုတဲ့ ပြက္ခဒိန်နဲ့ဒိုင်ယာရီကို ထုတ်ဝေခဲ့တဲ့သူပါ၊ သူ့ကြောင့် မန္တလေးကမြန်မာခေတ်ပေါ်ပန်းချီဆရာများဖြစ်တဲ့ ဘဏ်ခင်မောင်၊ ဦးအောင်ခင်၊ ဦးအောင်ချမ်း၊ ပေါ်ဦးသက်၊ ဦးတင်အေး၊
ဦးကျော်လေး၊ ဦးဇော်ဝင်း(သစ်ထွင်း) တို့ရဲ့ ပန်းချီကားတွေများစွာကျန်ရစ်ပြီး ပုံနှိပ်မှတ်တမ်းများစွာကို အားလုံးမြင်တွေ့ခွင့်ရကြတာပါ။ ဝင့်အောင်ရဲ့ဖခင်ဟာ ပညာရေးဝန်ကြီးမှန်းစောစောက မသိခဲ့ပါ၊ ပညာရေးဝန်ကြီးအဖြစ် နဝတ အစိုးရအဖွဲ့ မှ ရပ်စဲခြင်းခံရပြီးမှ ပညာရေးဝန်ကြီး ဆိုတာကောင်းကောင်းသိပါတော့တယ်၊ house arrest တစ်နှစ် နေထိုင်ရတဲ့
ကာလမှာ ကျွန်တော် သူတို့အိမ်ကို ခနခနရောက်ပါတယ်၊ ကျွန်တော်ရောက်ပြီး ဝင့်အောင်တို့နဲပြောစရာတွေပြောပြီးချိန်လောက်မှာ ထွက်ထွက်လာပြီး ကျွန်တော်နဲ့ နာရီများစွာ စကားပြောလေ့ရှိပါတယ်၊ ပထမဆုံးသူ့ဆီကကြားရတဲ့ စကားက ကျွန်တော် House Arrest နဲ့ နေရတဲ့ တစ်နှစ်တာကာလမှာ စိတ်အခြေအနေကောင်းပါတယ်၊ ၁၉၆၀ခုနှစ်ကတည်းက ညအိပ်ယာဝင်ရင် စာအုပ်တစ်အုပ်ဖတ်ပြီးမှ အိပ်တာကနေ အခုဝန်ကြီးဘဝကနားခွင့်ရတဲ့အချိန်မှာ နောက်တစ်အုပ်တိုး ဖတ်နိုင်ချိန်ရလို့ တစ်ည စာ(၂ ) အုပ်ဖတ်ရပြီးအိပ်ခွင့် ရတဲ့အတွက် ပိုပြီးမြတ်တယ်လို့တောင်ပြောချင်ပါတယ်တဲ့။ညကသတင်းတွေ့ လိုက်တယ်ဗျ၊ ထိုင်းဝန်ကြီးချုပ် သက်ဆင် က သူ့ကလေးတွေ ကို ထိုင်းတစ်နိုင်ငံလုံးက မူလတန်းကစပြီး Lap Top ကွန်ပြူတာတစ်လုံးစီပေးမယ်တဲ့အဲဒါဗျာ ကျွန်တော့်ကလေးတွေနဲ့ နောင် ( ၅ ) နှစ်ကြာရင် ကွာသွားတော့မယ်၊ဒုက္ခပါပဲလို့ သိတ်ပူပန်နေပါတယ်၊ ဘယ့်နှယ် ဒီပညာရေးဝန်ကြီးဟောင်းက အငြိမ်းစားပေးခံရတာကို အာလျက မပြတ်နိုင်ရှာပဲ မြန်မာကလေးတွေ နောက်ကျတော့မယ်လို့ ပူပန်နေသေးတယ်ပေါ့၊ အမှန်တော့ သူ့စိတ်ကူးထဲမှာ နောက်မျိုးဆက်အတွက် အမြဲပဲပူပန်နေခဲ့တဲ့သူပဲ၊ သူပညာရေးဝန်ကြီးဘဝက စိတ်ကူးပြင်ဆင်ခဲ့ပြီးအငြိမ်းစားပေးခံလိုက်ရလို့ လုပ်မပေးခဲ့လိုက်ရတဲ့ ကိစ္စတွေထဲမှာ တွံတေးသိန်းတန်နဲ့ ဒေါ်မာမာအေး ကို ရန်ကုန်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဘီအေဘွဲ့ ချီးမြှင့်ပေးမလို့ပြင်ထားတာ မပေးခဲ့နိုင်တာကို တသသပြောရှာပါတယ်၊အဲဒါ ဦးသန်းအောင်ပါ။
တစ်နေ့ကျွန်တော့်ကို Logo လေးတစ်ခုအပ်ပါတယ်၊ GREEN TREE တဲ့။ သူတို့မိသားစုက စိုက်ပျိုးရေးထုတ်ကုန်လေးတွေထုတ်လုပ်ဖို့ပါ၊ ပြီးတော့ ပန်းချီကားတွေစိတ်ဝင်စားတဲ့ဒီဇိုင်းဆရာနဲ့ တွေ့ တော့ ငါလည်း ပန်းရိုးမပြက္ခဒိန် ပစ္စလက္ခဖြစ်နေတာ ပြန်လုပ်ကြသေးတာပေါ့ကွာဆိုပြီး ကျွန်တော်နဲ့ ပြက္ခဒိန် (၂)စောင်လုပ်ဖြစ်ပါတယ်၊ နောက်မျိုးဆက်တွေအတွက် သူ့ဖက်က ဘာလုပ်ပေး ရမလည်း အသင့်ရှိပါတယ်၊ သူ့သားများနဲ့သားတွေရဲ့သူငယ်ချင်းဖြစ်သူ ကျွန်တော်တို့ကို ဒီလိုကိစ္စမျိုး တစ်ခုခုလုပ်ဖို့ တွေ့တိုင်း တိုက်တွန်းပါတယ်။ ဒီလိုဆရာဦးဘကြည်ရဲ့ ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ မိုးသောက်ပန်းတို့ကို ကောင်းနိုးရာရာလေးများကို ပြန်လည်ထုတ်ဝေဖို့ သူတာဝန်ယူမယ် ကျွန်တော်က ထုတ်ဝေဖို့လုပ်ပေးပါလို့ သဘောတူပြီးကာမှ အသည်း အစားထိုးကုသမှု အတွက် စင်္ကာပူဆေးရုံမှာ အော်ပရေးရှင်းအောင်မြင်ပြီးမှ အသည်းအသစ်က အလုပ်လုပ်တဲ့နှုန်းကို အဆုတ်အဟောင်းက လိုက်အလုပ်မလုပ်နိုင်ပဲ သေဆုံး သွားခဲ့ပါတယ်။ ဆေးကုအသွား ဖခင်နဲ့ အတူထိုင်လိုက်သွားတဲ့ သူငယ်ချင်း ဝင့်အောင် က အပြန်မှာ ဖခင်အလောင်း ကို လေယဉ်ဝမ်းထဲကနေ ပြန်သယ်လာခဲ့ရလို့ မင်းအဆင်ပြေရဲ့လားလို့ အမေးမှာ ခံစားရပေမယ့် အဖေနဲ့ ကျွန်တော်တို့စိတ်ဖြောင့်စွာ နှုတ်ဆက်နိုင်ခဲ့လို့ ဖြေဆည်နိုင်ပါကြောင်း ပြောပါတယ်။
ဝေအောင် နဲ့ ဝင့်အောင် က ဆေးရုံကုတင်ပေါ် က ဖခင်ဦးသန်းအောင်ရဲ့ နောက်ဆုံး အချိန်မှာ ( အဖေ မိသားစုကို စိတ်ချပြီးသွားပါ၊ အဖေ မိသားစု ကို တာဝန်ကျေခဲ့ပြီး ကျွန်တော်တို့ က အဖေသင်ကြားထားတဲ့အတိုင်း ဘဝ ခရီးကို ရိုးသားမှုနဲ့ပဲ ခရီးဆက်မှာဖြစ်လို့ စိတ်ချပြီး ဘဝကူးခရီးကိုဖြောင့်တန်းနိုင်ပါကြောင်း) နှုတ်ဆက်တဲ့အခါ အန်ကယ် ဦးသန်းအောင် က သူ့သားဝေအောင်နဲ့ ဝင့်အောင် ကို ကြည့်ပြီး အေး မင့်တို့ကို ငါ စိတ်ချပါတယ် လို့ပြောပြီး ဆေးရုံ ကုတင်ပေါ်မှာမျက်လုံးမှိတ်ပြီးခေါင်းအစောင်းမှာပဲ ဘဝတစ်ပါးသို့ ကူးပြောင်း သွားကြောင်း ပြောပြတဲ့အတွက် အန်ကယ် ဦးသန်းအောင်ရဲ့ သေခြင်း ကို အားကျရပါတယ်။
အခုလည်း အန်ကယ်ဦးသန်းအောင်နဲ့ ပြောဆိုပြီး မလုပ်လိုက်နိုင်တဲ့အစီအစဉ် တွေထဲကအကြောင်းအရာမျိုးဖြစ်တဲ့အတွက် သူစိတ်ကူးခဲ့တဲ့ GREEN TREE ဆိုတဲ့ သူ့ခေါင်းစဉ်လေး အောက်ကနေ ကျွန်တော်ကြိုးစားပြီး ကောင်းနိုးရာရာ လေးတွေကိုကြိုးစားပြီး ထည့်သွင်းထားပေးပါ့မယ်၊ ဒါကို ကူညီချင်တဲ့သူနဲ့ မျှဝေချင်တဲ့သူများရှိရင်လည်း ကူညီပြီးထည့်သွင်းမျှဝေနိုင်ပါကြောင်းနဲ့ ဒီညမှာပဲ GREEN TREE PAGE လေးဖွင့်ပြီး ရွှေသွေးဂျာနယ် အမှတ်(၁) အတွဲ (၁) ကစပြီး အစဉ်လိုက်ထည့်သွင်းပေးထားပါမယ့်အကြောင်း။
ဒီဇိုင်း မျိုးဆွေသန်း
၃း၀၀ နာရီ
၂၃၊ စက်တင်ဘာ၊ ၂၀၁၄။
နိဒါန်းတွေ စာကိုယ်တွေ အရမ်းများသွားရင် ခွင့်လွတ်ပါ။
အောက်က လင့် ကို နှိပ်ပြီး အရသာ မြည်စမ်းကြည့်လိုက်ပါဗျာ။
Facebook Page: GREEN TREE
သင့် ရဲ့ တစ်နေ့တာ ကုန်ဆုံးစေသော နေရာတွေမှာ သင့် ငွေကြေး ကို အကျိုး ရှိရှိ သုံးစွဲပါ။
10 hours/day * 5 days/week * 52 weeks/year = 2600 hours a year
သင့် အနေ ဖြင့် တစ်နေ့ ၁၀ နာရီ လောက် ထိုင်ခုံပေါ် ထိုင် အလုပ်လုပ်နေရပါက တစ်ပတ် ၅ ရက် အလုပ်လုပ်ပါက တစ်နှစ်ဆိုရင် နာရီပေါင်း ၂၆၀၀ သည် ထိုင်ခုံပေါ် တွင် အချိန်ကုန်ဆုံးနေပါလိမ့်မည်။ ဒါဆိုရင် သာမန်ထိုင်ခုံ ထိုင်ပြီး ခါးအညောင်းခံ မလား ဒါမှမဟုတ် သက်တောင့်သက်သာ ရှိတဲ့ ထိုင်ခုံ ကို ဈေးကြီးကြီး ပေးဝယ်မလား ဆိုတာ ရွေးချယ်စရာ တစ်ခု ဖြစ်လာပါတယ်။
သာမန်ထိုင်ခုံ က ဒေါ်လာ ၁၀၀ ဖြစ်ပြီး ထိုင်ခုံ အကောင်းစား က ဒေါ်လာ ၈၀၀ ဆိုရင် ပိုပေးလိုက်ရတဲ့ ဒေါ်လာ ၇၀၀ က တစ်နှစ်တွင် သင့်သုံးမည့် နာရီပေါင်း ၂၆၀၀ နဲ့စားလိုက်တဲ့အခါကြတော့ တစ်နာရီ ဒေါ်လာ ၂၅ ပြားလောက်သာ ကျသင့်တော့မှာ ဖြစ်ပြီး သင့်ကျန်းမာရေး အတွက်လည်း ကောင်းစေပါသည်။
ဒါပေမယ့်လည်း တကယ် အသုံး မလိုအပ်ဘဲ မိမိဘာသာ လိုချင် (Splurging) နေခြင်း မျိုး မဖြစ်ဖို့ အထူးလိုအပ်ပါသည်။
Photo by Discpicture, karam Miri, andersphoto, vlad_star, Kayros Studio/Shutterstock.
ကိုးကား – Lifehacker | The Comfort Principle spend money where you spend your time
7 Day Daily | Issue No.အတွဲ (၁၃) ၊ အမှတ်(၂၈) မှ ဖိုးစမ်းချောင်း (GG) ဆောင်းပါး ကို ကူးယူ ဖော်ပြပါသည်။
ညခင်းပိုင်းအိမ်တွင် နားနားနေနေ တီဗီကြည့်နေခိုက် သင့်အလုပ်ထဲမှ မိတ်ဆွေတစ်ဦးက ကောင်းမွန်သပ်ရပ်စွာ ထုပ်ပိုးထားသည့် ဆေးဝါးများ၊ အလှကုန်များပါဝင်သည့် အိတ်တစ်လုံးကိုဆွဲကာ သင့်ထံသို့အရောက်လာပြီး ‘‘ဒီပစ္စည်းတွေက အရမ်းကောင်းတယ်။ ကိုယ်တွေ့နော်။ ဒါလေးသုံးကြည့်ပါဦး။ လစဉ်အပိုငွေရချင်ရင် ဒီမှာ မန်ဘာဝင်လိုက်ပါလား။ လက်ရှိအလုပ်အကိုင်လည်း မပျက်ဘူး။ မန်ဘာဝင်အသစ်ရှာနိုင်ရင် သူတို့ဆီကနေ ကော်မရှင်လည်း လတိုင်းပုံမှန်ရမယ်။ အချိန်တိုတိုအတွင်း ကိုယ့်ကြိုးစားမှုပေါ်မူတည်ပြီး သိန်းဂဏန်းဝင်ငွေကို အေးအေးဆေးဆေးထိုင်ယူရုံပဲ။ ကဲ..ဒီလောက်ကောင်းတဲ့ စီးပွားရေးမြန်မာပြည်မှာ ရှိသေးလား’’ဟု ပြောဆိုစည်းရုံးနေသံများ၊ ပြောဆိုစည်းရုံးနေသူများကို သင့်အနေဖြင့် ကြုံဖူး၊ ကြားဖူးပါလိမ့်မည်။ အကယ်၍ စာဖတ်သူအနေဖြင့် သူတို့ပြောနေသည်မှာ ဘာလုပ်ငန်းလဲ၊ ဘယ်လိုလုပ်ရတာလဲ တကယ်ကောဟုတ်ရဲ့လားဟု သင် သံသယ၀င်မိလျှင်တော့ ဤဆောင်းပါးကို အဆုံးထိဖတ်ဖို့ လိုလာပါပြီ။ ဤလုပ်ငန်း၏ အမည်နာမမျိုးစုံပါသည်။ လူသိအများဆုံးနာမည်များကို ပြောရမည်ဆိုလျှင်တော့ အချိန်တိုအတွင်း သူဌေးဖြစ်သည့်လုပ်ငန်း (၀ါ) Pyramid Scheme (၀ါ) ဆင့်ပွားစီးပွားရေးစနစ် (၀ါ) Multi-Level Marketing စနစ်ဟု ခေါ်ဆိုကြပါသည်။
ယင်းစနစ်ဖြင့် စည်းရုံးရေးဆင်းလေ့ရှိသူများ အများဆုံးဆွဲဆောင်သည့်အချက်မှာ မန်ဘာဝင်မည့်သူအနေဖြင့် ကုမ္ပဏီထုတ်ဆေးဝါးများ၊ အလှကုန်များကို ကိုယ်တိုင်သုံးစွဲနိုင်သကဲ့သို့ အခြားသူများအား တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် ကော်မရှင်ရရှိမည်ဖြစ်ကြောင်း၊ မန်ဘာဝင်အသစ်များ ရှာဖွေနိုင်ပါက လစဉ်မည်သည့်လုပ်ငန်းမှ လုပ်စရာမလိုဘဲ မိမိရှာဖွေထားသည့် မန်ဘာဝင်များ ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်အမြတ်ငွေ ထိုင်ယူနေရမည် ဖြစ်သည့်အတွက် အကျိုးအမြတ် လွန်စွာများသည့် စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ပြောဆိုစည်းရုံးကြခြင်း ဖြစ်သည်။
မန်ဘာဝင်ရန်အတွက် စာရွက်စာတမ်းကြေး တစ်သောင်း၊ တစ်သောင်းခွဲဝန်းကျင် ကုန်ကျပြီး မန်ဘာများကိုလည်း Level များ ခွဲခြားထားသည်။ ပထမတန်းမန်ဘာဖြစ်ရန်အတွက် ယင်းကုမ္ပဏီထုတ်ကုန်စည်များအား ဆယ်သိန်းဖိုး အနည်းဆုံးဝယ်ရန်လိုအပ်ပြီး ဒုတိယတန်းစား မန်ဘာအတွက်မူ သုံးသိန်းခွဲမှ လေးသိန်းဝန်းကျင်ဝယ်ရန် လိုအပ်ပေသည်။ တတိယတန်းစား မန်ဘာအတွက်မူ တစ်သိန်းခွဲမှ နှစ်သိန်းဖိုးဝန်းကျင် ၀ယ်ရန်လိုအပ်ကြောင်း အကြမ်းဖျင်းသတ်မှတ်ထားသည်။ ထိုကဲ့သို့ အဆင့်အတန်းဖြင့် ခွဲခြားသကဲ့သို့ အမှတ်ဖြင့်လည်း သတ်မှတ်သည်များရှိပေသည်။ သို့သော်လည်း တူညီသည့်အချက်မှာ မန်ဘာဝင်ရန်အတွက် သင့်အနေဖြင့် အနိမ့်ဆုံးငွေ သိန်းဂဏန်းစတင်အသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီဘက်ကမူ အဆိုပါငွေကို အချိန်တိုအတွင်း ပြန်ရရှိမည်ဖြစ်ပြီး လစဉ်အမြတ်ငွေမှာလည်း သင့်အရင်းငွေနီးပါးရရှိမည်ဖြစ်ကြောင်း မက်လုံးတွင်တွင်ပြော၍ စည်းရုံးလေ့ရှိသည်။ ၎င်းတို့ပစ်မှတ်ထားလေ့ရှိသူများမှာ လူလတ်တန်းစားအိမ်ထောင်ရှင်မများ၊ အစိုးရ၀န်ထမ်းအမျိုးသမီးများ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါကုမ္ပဏီများ ထုတ်လုပ်ရောင်းချသည့် ကုန်စည်များမှာ အမျိုးသမီးထုအကြား ရေပန်းစားသော ပိန်ဆေး၊ အဆီချဆေး၊ အသားအရေလိမ်းဆေး၊ အားဖြည့်ဆေး စသည့် ဆေးဝါးများ၊ အလှကုန်စည်များသာ ဖြစ်ပါသည်။ ထို့အတူ သက်ကြီးပိုင်းအိမ်ထောင်ရှင်များအတွက် ကာမအားတိုးဆေး စသည့်အထူးဆေးဝါးများကိုလည်း လက်သိပ်ထိုးရောင်းချလေ့ရှိပြီး ကုန်စည်တစ်ခုလျှင် သိန်းဂဏန်းအနည်းဆုံး ပေးဝယ်ရလေ့ရှိပါသည်။
မန္တလေးမြို့တွင် အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေကြသည့် ကုမ္ပဏီခွဲများ ဆယ်ခုဝန်းကျင်ရှိသည်။ ၎င်းတို့အနက် ထင်ရှားသည့်ကုမ္ပဏီများမှာ Unicity, Healthy-Shop, ရှိုင်းဟုတ်၊ Aim Star, ပိုင်ဖြိုးသီဟ၊ Tiens စသည်တို့ဖြစ်ကြသည်။ အချို့ကုမ္ပဏီများတွင် မန်ဘာဝင်ဦးရေ တစ်သောင်းကျော်ရှိပြီး မန္တလေးမြို့၌သာမက မြင်းခြံ၊ မိတ္တီလာ စသည့်နယ်မြို့ကြီးများတွင်ပါ ရေပန်းစားလျက်ရှိသည်။
မန်ဘာဝင်ရသည့်ပုံစံမှာလည်း အနည်းငယ်ကွဲပြားမှုရှိသည်။ အချို့ကုမ္ပဏီများက မန်ဘာဝင်ကြေး သီးသန့်ပေးကာဝင်ရသကဲ့သို့ အချို့ကတော့ မန်ဘာဝင်ကြေးမတောင်းဘဲ ၎င်းတို့သတ်မှတ်ထားသည့် ပမာဏပြည့်မီအောင် ၀ယ်ယူလျှင် မန်ဘာဝင်အဖြစ် အသိအမှတ်ပြုသည်။ ထို့အတူပင် အချို့ကုမ္ပဏီများက ရာထူးသတ်မှတ်မထားဘဲ မန်ဘာဝင်များအနေဖြင့် မိမိတတ်နိုင်သလောက် မန်ဘာအသစ်များရှာခိုင်းပြီး မန်ဘာဝင်ဦးရေပေါ်မူတည်၍ ကော်မရှင်ပြန်ခွဲဝေပေးသည်။ အချို့ကမူ ရာထူးသတ်မှတ်ထားပြီး ရာထူးပေါ်မူတည်၍ ကော်မရှင်ပြန်လည်ရမည့် မန်ဘာဝင်ဦးရေကို သတ်မှတ်ထားသည်။ ဘုံတူညီသည့်အချက်မှာ ကုမ္ပဏီများရောင်းချသည့် ကုန်စည်များကို မန်ဘာဝင်များအား လျှော့ဈေးဖြင့် ရောင်းချခြင်းသာ ဖြစ်သည်။
အမှန်တကယ်အားဖြင့် ယင်းစီးပွားရေးစနစ်မြစ်ဖျားခံရာမှာ မြန်မာနိုင်ငံမှမဟုတ်ပါ။ အမေရိကန်ပြည်ထောင်စု၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ချားလ်စ်ပွန်ဇီ (Charles Ponzi)က ၁၉ ရာစုအစပိုင်းတွင် စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ပွန်ဇီက ငွေကြေးတတ်နိုင်သူများကို ၎င်း၏စာတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံရန် စည်းရုံးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးပမာဏတစ်ဝက်ကို အမြတ်ပြန်လည်ပေးအပ်မည်ဟု အာမခံသည်။ မူလအစရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပြန်လည်ပေးအပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းမှ ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပေးအပ်နိုင်ခြင်းမရှိတော့သောကြောင့် ပွန်ဇီစီးပွားရေးစနစ်မှာ ပြိုလဲခဲ့ရသည်။
သို့သော်လည်း ပွန်ဇီစီးပွားရေးစနစ်မှာ ကမ္ဘာတစ်လွှားရှိ စီးပွားရေးသမားကြီးများကြား လွန်စွာအောင်မြင်ခဲ့ပြီး ယင်းစနစ်ကို အခြေခံကာ Pyramid Scheme, Multi-Level Marketing စသည်ဖြင့် စနစ်မျိုးစုံ တီထွင်ခဲ့ကြသည်။ ပြဿနာပေါင်းစုံလည်း တက်ခဲ့ကြသဖြင့် ယခုအခါ ယင်းပုံစံ၊ (သို့မဟုတ်) ယင်းပုံစံနှင့် ဆင်တူယိုးမှား ပုံစံစီးပွားရေးစနစ်များအား အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် စသည့် နိုင်ငံ ၂၅ နိုင်ငံတွင် ဥပဒေအရ တရားမ၀င်သတ်မှတ်ထားပြီး လုပ်ကိုင်ခွင့်မပြုပေ။ သို့သော်လည်း ပွင့်လင်းစပြုလာသည့် မြန်မာနိုင်ငံတွင်မူ ထိုင်း၊ ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ အစပြုလာသည့် အဆိုပါစီးပွားရေးစနစ်မှာ ယခုအခါ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသာမက နယ်မြို့များအထိပါ အားကောင်းမောင်းသန် ရှင်သန်နေသည်ကို တွေ့မြင်ရသည်။
မြန်မာနိုင်ငံတွင် အဆိုပါစီးပွားရေးစနစ်ဖြင့် လုပ်ကိုင်သည့် ကုမ္ပဏီကြီးများမှာ လွန်စွာအပြောအဟောကောင်းသူများကို ခန့်ထားလေ့ရှိသည့်အတွက် ထိုသူများ၏ မစားရ၀ခမန်းပြောကြားချက်များကို နားယောင်သည့်သူများအဖို့ လွယ်လွယ်ကူကူပင် မန်ဘာဝင်ကြတော့သည်။ သို့သော်လည်း အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်ရပ်များ များစွာရှိလာသည့်အခါ မန်ဘာဝင်များမှာ စိတ်ပျက်ပြီး ဆက်လက်မလုပ်ကိုင်ကြတော့ပေ။ ဥပမာအားဖြင့် အဆိုပါစည်းရုံးရေးသမားများသည် ၎င်းတို့ ပစ်မှတ်ထားသူများကို ပထမဦးစွာ မန်ဘာဝင်လိုက်ပါ။ ပြီးလျှင် မန်ဘာဝင်အသစ်နှစ်ဦးရှာဖွေရန် လိုအပ်ပြီး မူလမန်ဘာဝင်ထားသူအနေဖြင့် အဆိုပါ မန်ဘာဝင်အသစ်နှစ်ဦး ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်ကော်မရှင်ရနေမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးသည်။ သို့သော်လည်း အဓိကပြဿနာမှာ ယင်းမူလမန်ဘာဝင်အနေဖြင့် လစဉ်မန်ဘာဝင်အသစ်နှစ်ဦး ထပ်မံရှာဖွေပေးနိုင်မှသာ ယင်းကော်မရှင်ကိုရမည်ဖြစ်သကဲ့သို့ အဆိုပါမန်ဘာဝင်နှစ်ဦးအနေဖြင့်လည်း ငွေကြေးသိန်းဂဏန်းအထက် ၀ယ်ယူသုံးစွဲရမည် ဖြစ်သည်။ အကယ်၍ နောက်ထပ် မန်ဘာဝင်နှစ်ဦး မရှာဖွေနိုင်လျှင် (သို့မဟုတ်) မိမိကလည်း လစဉ် ၎င်းတို့၏ ကုန်စည်များအပေါ် သိန်းဂဏန်းဝယ်ယူသုံးစွဲခြင်းမပြုလျှင် ၎င်းကုမ္ပဏီများက အသက်မ၀င်တော့သည့် မန်ဘာ(၀ါ) သစ်ခြောက်ပင်ကြီးအဖြစ် သတ်မှတ်ပြီး ယင်းမန်ဘာဝင်မှာ နောက်ထပ်မည်သည့်အကျိုးအမြတ်မှ ခံစားခွင့်မရှိတော့သည့်အချက် ဖြစ်သည်။ မိမိကလည်း လစဉ်မန်ဘာဝင်ရှာဖွေရန် လိုအပ်နေသကဲ့သို့ မိမိအောက်က မန်ဘာဝင်နှစ်ဦးကလည်း လစဉ်နောက်ထပ် မန်ဘာဝင်အသစ်များ ရှာဖွေပေးရမည်သာ ဖြစ်သည်။ ထို့အတွက် အောက်ကဇယားကို တစ်ချက်ကြည့်ရန်လိုပါပြီ။ အထက်ပါဇယားအား တစ်ချက်မျှ အချိန်ပေးကြည့်ပါ။ Level 13 ကို ရောက်သည့်အခါ မန်ဘာဝင်ဦးရေမှာ ကမ္ဘာ့လူဦးရေထက် များနေပြီဖြစ်သည်။ ထိုအခါ ယင်းကုန်စည်ရောင်းချရငွေမှ အချိုးကျရရှိမည့် ကော်မရှင်ကို မည်သို့မည်ပုံ ပြန်လည်ခွဲဝေပေးနိုင်မည်လဲ ဆိုသည့်အချက်မှာ မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်သည်။
စီးပွားရေးပညာရှင်များ အဓိကထောက်ပြသည့်အချက်မှာ ယင်းစီးပွားရေးစနစ် အခြေခံအဖွဲ့အစည်းမျိုးတွင် အမှန်တကယ် တန်ဖိုးရှိသည့် ထုတ်ကုန်ဖြစ်စေ၊ အသုံးဝင်သည့် ၀န်ဆောင်မှုဖြစ်စေ ထုတ်လုပ်ရောင်းချခြင်းမျိုး လုပ်လေ့မရှိဘဲ မန်ဘာဝင်အသစ်များ အများအပြားစုဆောင်းစေခြင်းဖြင့်သာ ပင်မ၀င်ငွေကို ရှာဖွေလေ့ရှိသည်။ နောက်ဆုံးတွင်မူ မန်ဘာဝင်များပြားလာမှုကြောင့် မန်ဘာဝင်တစ်ဦးချင်းစီကို ပြန်ပေးနိုင်မည့် ၀င်ငွေဖန်တီးနိုင်ခြင်းမရှိတော့ဘဲ ပြိုလဲလေ့ရှိသည်။ ထို့ကြောင့် ယင်းစီးပွားရေးစနစ်အား နှင်းခဲရေပျော်စီးပွားရေး၊ သံကြိုးဆက်စီးပွားရေး၊ ပိုက်ဆံကစားပွဲ စသည့် နာမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်လေ့ရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ စီးပွားရေးစနစ် အခြေခံကုမ္ပဏီများ၏ ငွေကြေးအရှုပ်အရှင်းကိစ္စများ ရှေ့တွင်များစွာရှိပါသည်။
အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေသည့် စီးပွားရေးကုမ္ပဏီကြီးများကမူ ၎င်းတို့ကုန်စည်များသည် အလုပ်သမားစရိတ်၊ ဆိုင်ခန်းစရိတ်များ လုံးဝကုန်ကျခြင်းမရှိဘဲ လူအချင်းချင်း ဆင့်ပွားရောင်းချသည့် စနစ်သာဖြစ်သောကြောင့် အဆိုပါကုန်ကျစရိတ်များကို ရှယ်ယာငွေအဖြစ် မန်ဘာဝင်များထံ ပြန်လည်ခွဲဝေပေးနိုင်ခြင်းသာဖြစ်ပြီး လွန်စွာခိုင်မာသည့် စီးပွားရေးစနစ်တစ်ခုသာ ဖြစ်သည်ဟု ငြင်းဆိုကြသည်။ ယင်းအချက်ကိုလည်း သေချာတွေးကြည့်ပါ မိတ်ဆွေ။ နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးငှားလျှင် တစ်လလျှင် အနည်းဆုံးဝန်ထမ်းစရိတ် နှစ်သိန်းကျပ်ကုန်ကျမည် ဖြစ်သည်။ ထိုကုန်ကျစရိတ်အား ကျခံခြင်းမရှိဘဲ မန်ဘာဝင်များအား နယ်တာဝန်ခံမန်နေဂျာ၊ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ စသည့် နာမည်လှလှလေးများပေးပြီး တစ်ဖက်လှည့်ဖြင့် ရောင်းချစေခြင်း ဖြစ်သည်။ လစဉ်ပြန်လည်ရရှိသည့် ကော်မရှင်တစ်သိန်းခွဲ၊ နှစ်သိန်းဆိုသည်မှာ အမှန်တကယ်အားဖြင့် ၎င်းတို့ကုန်စည်ရောင်းအား မြှင့်တင်ရေးအတွက် နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးကို ငှားရမ်းလိုက်သည့် ပမာဏသာရှိပါသည်။ မိမိမှာသာ မန်ဘာဝင်ဆိုပြီး မိမိကဲ့သို့ နယ်လှည့်အရောင်းဝန်ထမ်းနှစ်ဦးကို လစဉ်ကြိုးစားရှာဖွေနေခြင်းသာ ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် ငါးကြင်းဆီဖြင့် ငါးကြင်းပြန်ကြော်ခြင်းသာ ဖြစ်သည်။ အချို့ဆင့်ပွားရောင်းချသည့် ကုမ္ပဏီကြီးများကတော့ လူရည်လည်လှသည်။ မြို့တစ်မြို့တွင် သြဇာကြီးသော ဘုန်းတော်ကြီးများ၊ အစိုးရအရာရှိကြီးများအား အထူးကော်မရှင်ပေးကာ အရောင်းတာဝန်ပေးကြသည်။ ထိုပုဂ္ဂိုလ်ကြီးများကလည်း ကော်မရှင်ရမည်ဖြစ်သည့်အတွက် မိမိလက်အောက်ရှိ ၀န်ထမ်းများ၊ ဒကာ၊ ဒကာမများအား ၀ယ်ယူခိုင်းလေ့ရှိရာ ထိုစနစ်မှာလည်း အောင်မြင်လှပေသည်။ ရောင်းအားကောင်းသည့် မန်ဘာအသစ်ရှာနိုင်သည့် မန်ဘာဝင်များကို အခါအားလျော်စွာ နိုင်ငံခြားခရီးစဉ်များ ပို့ဆောင်ပေးလေရာ ယခုမှစတင်လုပ်ကိုင်မည့် မန်ဘာဝင်များအတွက်လည်း ကြီးစွာသောမက်လုံးဖြစ်စေသည်။
ဂျပန်နိုင်ငံရဲတပ်ဖွဲ့၏အဆိုအရ ၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံသား တစ်သိန်းခြောက်သောင်း (၁၆၀,၀၀၀)သည် အဆိုပါဆင့်ပွားရောင်းချခြင်းစနစ် အခြေခံကုမ္ပဏီရှစ်ခု၏ သားကောင်အဖြစ်သို့ ကျရောက်ခဲ့ရပြီး အထွေထွေဆုံးရှုံးမှုတန်ဖိုးမှာ (US$ 300 Million) ရှိသည်ဟု ထုတ်ပြန်ထားသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် အမေရိကန် FBI အဖွဲ့ကြီးမှ ယင်းစနစ်ဖြင့် လုပ်ကိုင်မည့်သူများအား သတိပေးထားချက်များကို လက်ဆောင်ပါးလိုက်ချင်ပါသည်။ ယင်းအချက်များမှာ Multi-Level Marketing စနစ်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကာ မန်ဘာဝင်မည်ဆိုပါက အဆိုပါကုမ္ပဏီအား မည်သို့မည်ပုံဖွဲ့စည်းထားသည်။ မည်သည့်ပုံစံ ခရီးဆက်နေသည် စသည့် မှတ်တမ်းများကို ရှာဖွေလေ့လာပါ။
ကုမ္ပဏီထုတ်ကုန်များကို လေ့လာပါ။ မေးခွန်းများမေးပါ။ ကန့်သတ်ချက်များကို နားလည်ပါစေ။ အခြားသော ဖြန့်ချိသူများနှင့် သွားရောက်စကားစမြည်ပြောကာ တီးခေါက်ကြည့်ပါ။ ယင်းစီးပွားရေးလုပ်ငန်းနှင့် ပတ်သက်မှုမရှိသည့် အပြင်လူတစ်ဦးနှင့် တိုင်ပင်ပါ။ ရင်းနှီးမြှုပ်နှံမှုမစခင် အချိန်ယူစဉ်းစားပါ။ မိမိလုပ်ဆောင်ရမည့် ကိစ္စရပ်များသည် မိမိနှင့်ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ပါ စသည့်အချက်များဖြစ်ပါသည်။ မိတ်ဆွေ၊ သင့်အိမ်သို့ လာရောက်ကာ မန်ဘာဝင်ရန် စည်းရုံးနေသူကို အားမနာပါနှင့်။ မန်ဘာဝင်ရန် တစ်ထိုင်တည်း ဆုံးဖြတ်ချက်မချပါနှင့်။ သေသေချာချာ အချိန်ယူပါဟုသာ သတိပေးလိုပါကြောင်း။
ကိုးကား
http://www.fbi.gov/scams-safety/fraud
http://en.wikipedia.org/wiki/Multi-level_marketing
http://www.aic.gov.au/media_library/publications/proceedings/27/ota.pdf
7 Day Daily | Issue No.အတွဲ (၁၃) ၊ အမှတ်(၂၈) မှ ဖိုးစမ်းချောင်း (GG) ဆောင်းပါး ကို ကူးယူ ဖော်ပြပါသည်။
စွန့်
စွန့်စားတတ်တယ်။ (Taking Risk)
ဦး
ဦးဆောင်တယ်။ (Leadership)
ဦးစီးတယ်။ (Management)
သူများထက် ဦး တယ်။ သာတယ်။ (First-mover Advantages <or> Competitive Advantages)
တီထွင်
တီထွင်ကြံဆ တတ်တယ်။ (Innovative)
လုပ်ငန်းရှင်
အလုပ်သမား မဟုတ်။ အလုပ်ရှင် မဟုတ်တောင် ကိုယ့်အလုပ် ကိုယ်ဘာသာလုပ်တဲ့သူမျိုး။ (Sole proprietorship <or> Business Man)
Knowing that you’ll get it even if you haven’t gotten it yet.
Because the most beautiful, complex concepts in the whole universes are built on basic ideas that anyone can learn, anywhere can understand.
Whoever you are, wherever you are, You only have to know one thing:
You Can Learn Anything.ကျနော်တို့တွေ မပြီးမြောက်သေးခင်မှာ ကျနော်တို့ ရအောင် လုပ်နိုင်တယ် ဆိုတာ ကိုယ့်ဘာသာကိုယ် ယုံကြည်မှုတွေ ရှိနေတယ်။
Image: Sai Aung (Wordpress)
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။
သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)
ဗိုလ်ချုပ်အောင်ဆန်း ၏ အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု တွင် ဘာသာပြန်ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ။
Moeemyintthiha ၏ Multiply ဘလော့ဂ် မှ ကူးယူဖော်ပြပါသည်။ (p.s. ယခုတော့ Multiply ဘလော့ဂ် ပိတ်သွားပြီ ဖြစ်ပါသည်။)
အရိပ်အခက် အသီးအပွင့် ခံစားနေရတယ် ဆိုရင် အရင်က စိုက်ခဲ့သူ ရဲ့ ကျေးဇူး ကို အမှတ်ရပါ။
အရိပ်အခက် အသီးအပွင့် ခူးဆွတ်ချင်တယ် ဆိုရင် အချိန် ကြာကြာ ပြုစု ပျိုးထောင် ရမှာ ကို အမှတ်ရပါ။
အရိပ်အခက် အသီးအပွင့် တွေကို နောက်လူတွေ ခံစားစေချင်တယ် ဆိုရင် ပျိုးခဲ့ စိုက်ခဲ့ ရမှာကို အမှတ်ရပါ။
တရုတ် တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် သည် တစ်ညနေ၌ လမ်းလျှောက်ထွက်လာလေသည်။
လမ်းမှာ လူ ၂ ယောက်နဲ့တွေ့တဲ့အခါ ပထမလူက
"ကွန်ဖြူးရှပ်.. ခင်ဗျားက အရမ်းတော်တဲ့သူပဲ။
အရာရာမှာ စဉ်းစားတွေးခေါ်တတ်တယ်။
ကောင်းရာကိုညွှန်ပြတတ်တယ်။
လူတွေက ခင်ဗျားဆို လေးစားကြတယ်။
ခင်ဗျားက သိပ်ကို အထင်ကြီးလေးစားဖို့ကောင်းတဲ့သူပဲ"
ဆိုပြီး ချီးကျူးတယ် တဲ့။
အဲဒီတော့ ကွန်ဖြူးရှပ် က ထိုလူကို ပြုံးပြီးကြည့်နေတယ်။
ဘာမှပြန်မပြောပေ။
အဲဒီအချိန်မှာပဲ ဒုတိယလူတစ်ယောက်က ဆက်ပြောပြန်ရော။
"ကွန်ဖြူးရှပ်.. ခင်ဗျားက အာပလာကောင်ကြီးပါဗျာ..
လူတွေက ခင်ဗျားကို စွတ်အထင်ကြီးနေကြတာ။
တကယ်တမ်းတော့ ခင်ဗျားက သိတဲ့တတ်တဲ့သူမဟုတ်ပါဘူး။
အလကားပါဗျာ"
လို့ ကဲ့ရဲ့တယ်..တဲ့။ အဲဒီလူကိုလဲ ကွန်ဖြူးရှပ် က ပြုံးပြီးကြည့်နေပြန်တယ်။
ပြီးတော့ သူ့လမ်းသူ ဆက်လျှောက်သွားတယ်။
အဲဒီအဖြစ်အပျက် ကို အစအဆုံးမြင်လိုက်တဲ့ ငါးမျှားရာမှပြန်လာတဲ့ တံငါသည်တစ်ယောက်က... ကွန်ဖြူးရှပ် နား ကပ်သွားပြီး မေးတယ် ။
"ခင်ဗျား က ခင်ဗျား ကို ချီးမွမ်းတဲ့လူ ကိုကော ကဲ့ရဲ့တဲ့လူကိုပါ ဘာမှပြန်မပြောပါလား။ ဘာဖြစ်လို့လဲဗျ"
ဆိုတော့ ကွန်ဖြူးရှပ် က ပြုံးပြီး
"သူတို့တွေ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ။ ငါ့ရဲ့ နဂိုမူလ အရည်အချင်း ကို ထိခိုက်မသွားဘူး။
ချီးမွမ်းတာကို မြှောက်နေလို့လဲ တိုးတက်လာမှာ မဟုတ်သလို ကဲ့ရဲ့တာကို ခံစားနေလို့လဲ ဘဝက နိမ့်ကျ မသွားပါဘူး။
နေတတ်ဖို့ပဲ လိုပါတယ်။
တို့တွေ လူ့ဘဝ မှာနေတဲ့ ရည်ရွယ်ချက် က ချီးမွမ်းခံရဖို့ ကဲ့ရဲ့မခံရဖို့ အလုပ်လုပ်နေကြတာ မဟုတ်ဘဲ။
တခြားသူ အထင်ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ကိုယ်တတ်စွမ်းသလောက် ဘဝ နဲ့လောက အတွက် အကျိုးပြုနေဖို့သာအဓိကပါပဲ"
ဟု တံငါသည်အား ပြန်လည်ဖြေကြားလိုက်လေသည်။
Source: ကျော်ကြားသူတို့စကား via The Express Times
Steve Jobs က သူ Apple ကို ပြန်ရောက်သွားတော့ အလုပ်မဖြစ်တော့တဲ့ Projects တော်တော်များများ ကို လုံးဝ ရပ်ဆိုင်းလိုက်ပြီး Mac ကွန်ပျူတာ ကို အာရုံစိုက် လုပ်ခိုင်းစေခဲ့သည်။ ထို့နောက် iPod , iPhone , iPad တွေ တစ်ခုပြီး တစ်ခု မိတ်ဆက်ပေးပြီး နည်းပညာလောက ကို ဗြောင်းဆန်စေခဲ့သည်။
If you have too much going on, start saying no more often. Get rid of any activities that aren't actually helping you in your career and life. If you have too much going on, focus in on what matters.
သင့်မှာ လုပ်စရာ ကိစ္စ များစွာ ရှိနေပါက အခါများစွာ “ဘူး” ကို ပြောပါ။
သင့် အလုပ် နဲ့ ဘဝ ကို အကူအညီ မပေးနိုင် ၊ အလုပ် မဖြစ်တဲ့ လုပ်ငန်းဆောင်တာတွေ ကို ရှင်းထုတ်ပစ်ပါ။
အရေးကြီးတဲ့ အရာ ကို အာရုံ စိုက်ဖို့ ဆိုတာ တကယ်လုပ်ဖို့ထက် ပြောဖို့က ပိုလွယ်ပါတယ်။
Jobs ဟာ လူတွေ သူ့အလုပ် ကို သူ အကောင်းဆုံး လုပ်နိုင်အောင် စနစ် လုပ်ထားပါတယ်။ သူတို့ ဘာတွေ လုပ်ရမယ် ဘာတွေ မလုပ်ရဘူး ဆိုပြီးတော့။
တွေ့ဆုံ ဆွေးနွေးတဲ့ အချိန် မှာ လုပ်ငန်းဆောင်တာတွေ သတ်မှတ် ပြီး အဲ့အတွက် တာဝန်ယူမယ့် ခံမယ့် သူ တစ်ယောက် ကို သတ်မှတ် ပါတယ်။
အဲ့အတွက် တွေ့ဆုံ ဆွေးနွေးပွဲ အပြီးမှာ ဝန်ထမ်းတွေဟာ မသိလို့ ရှုပ်လို့ အစ ရှိတဲ့ ဆင်ခြင်တွေ ပေးလို့ မရတော့ပါဘူး။
There’s no excuse for employees to have any confusion after a meeting.
Effective Apple Meeting will include an “Action List,” and next to each action item is a “DRI” – a directly responsible individual who must ensure the task is accomplished.
ဒီနေရာမှာ အဓိက ဇောင်းပေးပြောချင်တာက “တာဝန် ခွဲဝေပေးခြင်း” ပါ။
သင့် အလုပ် ကို အကောင်းဆုံး လုပ်ဖို့ ဆိုတာက အလုပ်အားလုံး သိမ်းကျုံးလုပ်ခြင်း မျိုး ကို ရပ်ပစ်ဖို့ လိုအပ်သလို တစ်ကြိမ်မှာ အလုပ် တစ်ခုတည်းသာ အာရုံစိုက် လုပ်ကိုင်ဖို့ ကလည်း အထူး လိုအပ်လှပါတယ်။
တာဝန် များများ သင် ခွဲဝေ နိုင်လေလေ ၊ အချိန် များများ သင် အရေးကြီးအလုပ် အပေါ် ပေး နိုင်လေလေ ဖြစ်ပါတယ်။
The more things you can delegate,
the more time you have to work on what matters.
လုပ်ငန်းဆောင်တာ အပေါ် အာရုံ စိုက်နေခြင်း သည် သင့်ကို ပြင်ပ လောက နဲ့ အဆက်အသွယ် ဖြတ်ခိုင်းထားခြင်း မဟုတ်ပါ။
ှSteve Jobs – Interview in Wired
Creativity is just connecting things. When you ask creative people how they did something, they feel a little guilty because they didn't really do it, they just saw something. It seemed obvious to them after a while. That's because they were able to connect experiences they've had and synthesize new things. And the reason they were able to do that was that they've had more experiences or they have thought more about their experiences than other people.
Unfortunately, that's too rare a commodity. A lot of people in our industry haven't had very diverse experiences. So they don't have enough dots to connect, and they end up with very linear solutions without a broad perspective on the problem. The broader one's understanding of the human experience, the better design we will have.
ဖန်တီး တယ် ဆိုတာ ကိုယ့်မှာ ရှိတဲ့ အတွေ့အကြုံများ (အာရုံ ငါးပါး) ကနေ ပေါင်းစပ် တီထွင် လုပ်ယူ ထားတာပါ။ ဒါကြောင့် လုံးဝ အသစ် မဟုတ်သဖြင့် ဖန်တီးသူ အချို့က အပြစ်ရှိသလိုတောင် ခံစားတတ်ကြပါတယ်။
အတွေ့အကြုံ များများ ရှိသူ (သို့) အတွေ့အကြုံ အပေါ် အတွေး များများ တွေးသူ တွေဟာ ဖန်တီးရာ တွင် အလွန်တော်သော တတ်သော သူများ ဖြစ်ကြပေသည်။
ကံအကြောင်းမလှစွာနဲ့ပဲ ဖန်တီးနိုင်တဲ့ အရည်အချင်း ရှိသူ ဟာ ရှားပါးပစ္စည်း ကဲ့သို့တွေ့ခဲလှပါတယ်။
ကျနော်တို့အဖွဲ့အစည်း တော်တော်များများ မှာ မတူ ကွဲပြား ခြားနား တဲ့ နယ်ပယ် အတွေ့အကြုံ ရှိသူ မရှိသလောက်ပါဘဲ။
နယ်ပယ် တစ်ခု မှ လူတွေဟာ ပြဿနာ ကို ဘက်ပေါင်းစုံ က မမြင်နိုင်သဖြင့် သမာရိုးကျ ဖြေရှင်းနည်းတွေ နှင့်သာ အဆုံးသတ်နေပေလိမ့်မည်။
အတွေ့အကြုံ အသိ နယ်ပယ် ကျယ်ပြန့်လေလေ ကောင်းမွန်တဲ့ ဖန်တီးမှု ပုံစံ သင် ရရှိလေလေ ဖြစ်ပါလိမ့်မည်။
ဲSteve Jobs က Commencement Speech at Stanford မှာ သူ့ဘဝ အတွက် အကြီးမားဆုံးသော စိတ်အားတက်ကြွစေသော သေခြင်းတရား အကြောင်း ကို ပြောသွားပါတယ်။
When I was 17, I read a quote that went something like: "If you live each day as if it was your last, someday you'll most certainly be right." It made an impression on me, and since then, for the past 33 years, I have looked in the mirror every morning and asked myself: "If today were the last day of my life, would I want to do what I am about to do today?" And whenever the answer has been "No" for too many days in a row, I know I need to change something.
Remembering that I'll be dead soon is the most important tool I've ever encountered to help me make the big choices in life. Because almost everything — all external expectations, all pride, all fear of embarrassment or failure — these things just fall away in the face of death, leaving only what is truly important. Remembering that you are going to die is the best way I know to avoid the trap of thinking you have something to lose. You are already naked. There is no reason not to follow your heart.
အကယ်၍ သင် သည် နေ့တစ်နေ့ချင်း ဆီကို ဘဝ နောက်ဆုံးနေ့အဖြစ် နေထိုင်ပါက တစ်နေ့တွင် လမ်းကြောင်းမှန်ပေါ်မှာ သင် ရောက်နေပါလိမ့်မည်။
မနက်တိုင်း မှန်ကြည့်ပြီး ကိုယ့်ဘာသာ မေးခွန်းထုတ်ပုံက
အကယ်၍ ဒီနေ့သာ ငါ့ ဘဝ နောက်ဆုံးနေ့ဖြစ်ပါက ဒီနေ့လုပ်ရန် ရှိတဲ့ အလုပ်တွေ ငါ လုပ်နေချင်မလား ???
ဆိုပြီး မေးတိုင်း ရက်ဆက်များစွာ “NO” အဖြေသာ ဖြစ်နေပါက ငါ တစ်ခုခု ပြောင်းလဲဖို့ လိုအပ်နေကြောင်း ကိုယ့်ဘာသာ ကိုယ် သိနေပါလိမ့်မည်။
အလုပ် အခု ချက်ချင်း ထွက်ဖို့ ပြောနေခြင်း မဟုတ်သလို အဝတ်လျှော်တာ မလုပ်ဖို့ ပြောနေခြင်း လည်း မဟုတ်ပါ။
ကျနော်တို့ နေ့တွေဟာ ကျနော်တို့ မလုပ်ချင်တဲ့ အလုပ်တွေနဲ့ ပြည့်နေကြတာ များပါတယ်။
အဲ့လိုနေ့မျိုးတွေဟာ နေ့ကောင်းတွေထက် ကိန်းဂဏန်းများစွာ ကွာဟနေပါက ပြန်လည် ဆန်းစစ်ကြည့်ဖို့ အချိန်ပေးရတော့မည် ဖြစ်ပါသည်။
အခြေအနေတွေက အကောင်းလှချည်း မဟုတ်ပါက အလုပ်ပြောင်းလုပ်ဖို့ အချိန် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။
Source: Lifehacker – Steve Jobs’ Best Productivity Tricks
သားသမီးတွေကို ကျောင်းကောင်းတွေမှာထား၊ နိုင်ငံရပ်ခြားတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့အတွက် ရည်မှန်းချက်ကြီး မျှော်လင့်ချက်ကြီးမားနေတဲ့ မိဘတွေကို မကြာခဏတွေ့ရတယ်။
တချို့ကတော့ ခံစားရတာတွေ၊ အခက်အခဲတွေကို ပြောပြကြတယ်။
ကိုယ့်သားသမီးတွေကို ကောင်းစားစေချင်တာ မိဘတိုင်းဆန္ဒပါ။
ဒါပေမယ့် တဘက်မှာတော့ ကိုယ့်ရဲ့ သားသမီးတွေကို လူတန်းစားတရပ်လို ဖြစ်သွားစေမယ့် အနေအထားမျိုးတော့ မလုပ်စေချင်ဘူး။
အမေရိကန်ကျောင်းသားတွေအကြောင်း ဆက်ပြောပါရစေ။
ကျွန်တော် ကျောင်းစတက်တုံးက အတန်းထဲမှာ ဂရေဘယ် ဆိုတဲ့ကောင်လေးတယောက်ရှိတယ်။
သူက ကျွန်တော်တို့ နိုင်ငံတကာ ကျောင်းသားပွဲတော်ရှိတဲ့နေရာ ဆိုရောက်လာတတ်တယ်။
(၂၀၀၀) တန်ကားစုတ်လေးကို စီးပြီး (၃၅) မိနစ်လောက်ဝေးနဲ့နေရာမှာ နေတယ် လို့ ဆိုတယ်။
သူများနိုင်ငံက လာတဲ့ ဒုက္ခသည်တွေ ဘယ်လိုနေကြသလဲ။ ဘဝတွေ ဘယ်လိုရုန်းကန်ကြသလဲ-- ဆိုတာကို တော်တော်စိတ်ဝင်စားပုံရတယ်။
အသက်ကလည်း (၂၀) လောက်ပဲ ရှိသေးတာ။
ဒီလိုနဲ့ခင်သွားတယ် ဆိုပါတော့။
အင်္ဂါ၊ ကြာသာပတေး၊ သောကြာ ညတွေဆို ကျွန်တော်နဲ့သူ ဘားတခုမှာ အရက်စပ်တဲ့ (part-time) အလုပ်လုပ်ကြတယ်။
တကယ့်ကို ပင်ပမ်းပါတယ်။
ညနက်မှ ပြန်ရတာကိုး။
မနက်စောစောတန်းရှိပြီဆိုရင် နှစ်ယောက်လုံး ငိုက်နေတာ။
ဒါပေမယ့် သူက အမြဲတမ်း ဂရိတ် (အေ) ရတဲ့သူ။
နွေရာသီ တခုမှာတော့ ကျွန်တော့ကို သူက တောင်းဆိုမှုတခုလုပ်တယ်။
ကျောင်းပိတ်ရက်မှာ သူ့မိဘတွေ အိမ်ကို ပြန်မှာမို့လို့၊ အိမ်ကို လိုက်လည်ဖို့ ခေါ်တယ်။
ကျွန်တော်ကလည်း မြန်မာပြည်မှာကတည်းက အကျင့်ပါနေတာ။ ကျောင်းပိတ်ရက်တွေဆို မန္တလေးပြန်မသွားသေးခင်၊ သူငယ်ချင်းတွေ ရဲ့ နယ်တွေဆီပါသွားတတ်တယ်မို့လား။
ခုလည်း ဒီအတိုင်းပါပဲ။
သူ့ မိဘတွေ ဆီ အလည်လိုက်သွားဖြစ်တယ်။
သူနေတဲ့ နေရာကို ရောက်တဲ့အခါ ပထမတော့ ဒီကောင်နောက်နေတာလား လို့ ထင်မိတယ်။
သူ့မိဘတွေ အိမ်က သန်းချီတန်တဲ့ အိမ်တွေ၊ ကယ်လီဖိုးနီးယားက ဟောလိဝုဒ်မင်းသား မင်းသမီးတွေ နေတဲ့ ဗာဘလီ တောင်ကုန်းနားလေးမှာ။
သူ့မိဘတွေ နဲ့ တွေ့မှ ပိုပြီး အံ့သြရတော့တယ်။
မိဘ နှစ်ယောက်လုံးက အထူးကု ဆရာဝန်ကြီးတွေ။
နေတာထိုင်တာက ရှင်းသန့် ကျက်သရေရှိနေတာပဲ။
ဒါပေမယ့် သူတို့ကလည်း မြန်မာပြည်နိုင်ငံရေးအကြောင်းကို သိနေသလို၊ တခြားနိုင်ငံက ဒုက္ခသည်တွေ ရဲ့ ဘဝတွေကို စိတ်ဝင်တစားပြောပြတယ်။
အထူးသဖြင့် သူ့သားလုပ်နေတာတွေကို သူတို့ ဘယ်လို ဂုဏ်ယူကြောင်း။
သူ့သားက နယ်မြို့လေးတခုက တက္ကသိုလ်မှာ တခြားသူတွေရဲ့ ဘဝကို လေ့လာချင်တယ် ပြောကတည်းက ငါ့သား လူဖြစ်ပြီ ဆိုပြီး လင်မယား နှစ်ယောက် ဝမ်းသာခဲ့ကြတယ် လို့ ဆိုတယ်။
ကျွန်တော့စိတ်ထဲမှာ ဒီချာတိတ်လေးကို လေးစားသွားတယ်။
တကယ်ဆို မိဘ ဆီက လက်ဖြန့်တောင်းလို့ရတဲ့အနေအထား။
မိဘကို ပူဆာရင် ကားကောင်းကောင်းစီးနိုင်တယ်။
ကောင်းကောင်းသုံးနိုင်တယ်။
ဒါပေမယ့် သူက အသက် (၁၈) နှစ် ရှိပြီဖြစ်တဲ့အတွက် ကိုယ့်လုပ်အားနဲ့ပဲ ကိုယ့်ဘာသာ ရပ်တည်မယ် ဆိုတဲ့ မာနရှိသူ၊ ကြိုးစားသူလူငယ်တယောက်။
အာဖရိက ရဝမ်ဒါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို သွားရောက်တုံးက ဆိုရင် သူ့မျက်လုံးတွေ အရောင်လက်နေတယ်။
ပြောချင်တာက သိပ်ချမ်းသာတဲ့ အမေရိကန်မိသားစု တချို့ဟာ သူတို့သားသမီးတွေကို လူတန်းစားတရပ်ဖြစ်အောင် ရိုက်သွင်းမထားဘူး။
သူတို့ဘဝကို သူတို့ဘာသာ ရွေးချယ်စေတယ်။
သူတို့ ခြေထောက်ပေါ်မှာ သူတို့ရပ်တည်နိုင်ပြီး ကျန်တဲ့သူတွေ ရဲ့ ဘဝတွေကို လေ့လာခိုင်းတယ်။
ဒါကြောင့်လည်း အမေရိကန်ကျောင်းသူ၊ ကျောင်းသား တော်တော်များများဟာ ကျောင်းတက်နေတဲ့အချိန်မှာ၊ အချိန်ပိုင်းအလုပ်လုပ်ကြတယ်။
အောက်သက်ကြေ ကြတယ်။
ဘယ်အရာမှ အလကား မရဆိုတဲ့ အတွေးအခေါ်က စွဲဝင်နေတယ်။
မြန်မာပြည်က ကျောင်းလာတက်တဲ့ သူတော်တော်များများမှာ ရောဂါတခု စွဲကပ်နေတယ်။
အဲ့ဒါကတော့ အနောက်တိုင်းပညာတွေ သင်ပြီးသွားရင် ကိုယ့်ဘာသာ သိပ်သိ သိပ်တော်နေတယ် ထင်ပြီး လူတန်းစားတရပ်လို နေထိုင်နေတာကို တွေ့ရတယ်။
ထူးတော့ထူးဆန်းတယ်။
သိပ်ချမ်းသာတဲ့ အမေရိကန်နိုင်ငံက ကျောင်းသားတွေက ကျောင်းပိတ်ရက်တွေမှာ ဆင်းရဲတဲ့ နိုင်ငံတွေဆီသွားရောက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်နေကြချိန်မှာ၊ မြန်မာပြည်က ကျောင်းသူ၊သားတချို့က သိပ်ဘိုဆန်ချင်လွန်းပြီး ညကပွဲတွေ မှာ အချိန်ကုန်နေတယ်။
လူအမျိုးမျိုးတော့ ရှိတတ်ပါတယ်။
ဘာပဲဖြစ်ဖြစ်၊ အမေရိကန်မိဘတွေ က သူတို့သားသမီးတွေအပေါ်မှာ စည်းကမ်းတကျချစ်သလိုမျိုး၊ မိမိရဲ့ သားသမီးဟာ အခွင့်ထူးခံလူတန်းစားတရပ် လို နေစေမယ့် ဖူးဖူးမှုတ်ချစ်ပြမှုတွေကို ရှောင်ဖို့လိုမယ် ထင်တယ်။
ဒီလို လူတန်းစားတရပ်လို ကိုယ့်ဘာသာ ဘဝင်မြင့်နေတဲ့ ကလေးတွေများလာရင် အနောက်တိုင်းပညာတွေ ဘယ်လောက်တတ်တတ်၊ မြန်မာပြည်အတွက် အကျိုးမရှိပါဘူး။
Facebook: Ko Aung Moe Win ရေးသားသော ပိုစ့် ကို တိုက်ရိုက် ကူးယူ ဖော်ပြပါသည်။ via Ei Htun (Oon Hti)
ချမ်းသာရေး နည်းလမ်း တစ်ခု မှာ သင့်မှာ ရှိတဲ့ ဥ အားလုံး ကို
ခြင်း တစ်ခုတည်း မှာ ထည့်ပြီး စောင့်ကြည့်ခြင်း ပင် ဖြစ်သည်။
အောင်မြင်ရေး လျို့ဝှက်ချက် ဟာ ကိုယ့်အလုပ် ကိုယ်လုပ်ခြင်း မဟုတ်ပါဘူး။
အဲ့ဒီ အလုပ်လုပ်ဖို့ အသင့်လျော်ဆုံးသူ ဘယ်သူလဲ ဆိုတာ သိမြင်ဖို့ပါပဲ။
ကျနော် အသက်အရွယ် ရလာတာနဲ့ အမျှ လူတွေ ပြောတာ သိပ်အာရုံ မစိုက်ဖြစ်တော့ဘူး။
သူတို့ လုပ်တာတွေ ကိုပဲ ကြည့်လေ့ ရှိတော့တယ်။
လူ တစ်ယောက် ဟာ ဘယ်လောက် ပါရမီ ရှိတယ် ပြောပြော
ကိုယ့်ဘာသာကိုယ် စိတ်ဓာတ် မ မြှင့်တင်နိုင်ဘူး ဆိုရင်
သာမန် ရွက်ကြမ်းရေကျို အဆင့် မှာပဲ ရှိနေပါလိမ့်မယ်။
စွမ်းအားတွေ အတွေးတွေ ပိုင်ဆိုင်ခြင်းတွေ ကို စုစည်းပါ။
ပညာရှိတွေဟာ ဥအားလုံး ကို ခြင်းထဲ ထည့်ထားသကဲ့သို့ စုစည်းထားလေ့ ရှိကြသည်။
ပထမ လူ ဟာ ကနုကမာ ရမှာ ဖြစ်ပြီး
ဒုတိယ လူ ကတော့ အခွံမာ ပဲ ရမှာ ဖြစ်ပါတယ်။
အလုပ် အားလုံး ကို သူကိုယ်တိုင် အားလုံး လုပ်ခြင်း
(သို့မဟုတ်)
အောင်မြင်မှု အတွက် အသိအမှတ်ပြုမှု ကို သူတစ်ယောက်တည်း ယူခြင်း
စသည့် လုပ်ရပ်မျိုးသည်
ခေါင်းဆောင်ကောင်း တစ်ယောက် ၏ လုပ်ရပ်မျိုး မဟုတ်ပေ။
ယောက်ျား က မိန်းမ ကို အနိုင်ကျင့်တော့ လူတွေက ကူညီကြတယ်။
ဒါပေမယ့် မိန်းမ က ယောက်ျား ကို အနိုင်ကျင့်တော့ လူတွေက ရယ်တယ်။
ကောင်းကြသေးရဲ့လားဗျာ။
အနော်တို့ ယောက်ျားသားတို့ ဘဝ က သနားစရာ :P
သင်ခန်းစာ ။ ။
အနိုင်ကျင့်ခြင်း က အနိုင်ကျင့်ခြင်း ပဲ ဖြစ်တယ်။
ယောက်ျား ဖြစ်မှ မိန်းမ ဖြစ်မှ ဆိုပြီး လိင် မခွဲခြားဘူး ဆိုတာလေး မက်ဆေ့ ပေးချင်ပုံ ရပါတယ်။
ဘာပဲပြောပြော အနိုင်ကျင့်ခံရသူ အများစုဟာ မိန်းမသားတွေ ပါဘဲ။
မိမိ တို့ ရှိတဲ့ အချိန် မှ စကြ နောက်ကြ နော် …
နောက် တကယ်ထင်ပြီး ရဲစခန်း ဆီ ဖုန်းဆက်လို့
အချုပ်ထဲ တစ်ရက်လောက် အိပ်နေရအုံးမယ်။ :P