American Psychological Association မှ ထုတ်ဝေတဲ့ Journal of Personality and Social Psychology မှာ Ethan Kross, University of Michigan ဟာ Public Speaking မပြောခင် စိတ်ဖိစီးမှု နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် အဖွဲ့ နှစ်ဖွဲ့ ခွဲပြီး တစ်ဖွဲ့ကို “ငါ” နာမ်စား သုံးပြီး ပြောကြားစေခဲ့ပြီး နောက်တစ်ဖွဲ့ကိုတော့ ကိုယ့်ကိုကိုယ် “သင်” ဒါမှမဟုတ် “ကိုယ့်နာမည်” သုံးပြီး ပြောကြားစေခဲ့တယ်။
ပထမ နာမ်စား သုံးတဲ့ အဖွဲ့ထက်စာရင် ပထမ နာမ်စား မသုံးတဲ့ အဖွဲ့က စွမ်းဆောင်ရည် ပိုကောင်းတာကို လေ့လာတွေ့ရှိခဲ့တယ်။
ဒီတွေ့ရှိချက်က ဘာကို ပြောချင်သလဲ ဆိုတော့ စကားလုံးတွေကို နည်းနည်း ပြောင်းလဲခြင်းဟာ သူတို့ စဉ်းစားတွေးခေါ်ပုံ၊ ခံစားချက်၊ အပြုအမူတွေပေါ် သက်ရောက်မူ ရှိပြီး စွမ်းဆောင်ရည် အပေါ်မှာပါ သက်ရောက်မူ ရှိနေပါတယ်။
ပထမ နာမ်စား မသုံးတဲ့သူတွေဟာ Public Speaking Performance လုပ်အပြီးမှာ ရှက်ရွံ့ခြင်းတွေ၊ ကိုယ့်ကိုကိုယ် သံသယရှိမှုတွေ နဂိုထက်ကို ပိုနည်းသွားတယ် ဆိုတာ ထပ်မံ တွေ့ရှိရပြန်ပါတယ်။
Self-talk as a regulatory mechanism: How you do it matters | American Psychological Association via Harvard Business Review
Read more: Lifehacker - Talk to Yourself Using "You" or Your Name for Better Introspection
ကျနော် ဖတ်မှတ်သိမှတ် ထားတာက
လေ့လာဖတ်ရှု သင်ကြားတော့မယ် ဆိုရင် သင့်စိတ်ကို “ငါ ဘာမှမတတ်ဘူး” လို့ခံယူထားပြီး စိတ်ကို ရှင်းထားရပါမည်။
ဒါမှ သင်ကြားသမျှ ကို ခေါင်းထဲ များများ သွတ်သွင်းနိုင်မှာ။
ပြုလုပ်ပြီ အသုံးချပြီ ဆိုရင်တော့ သင့်စိတ်ကို “ငါသာ အတော်ဆုံး အတတ်ဆုံး” လို့ ခံယူထားပြီး အကောင်းဆုံး လုပ်ဆောင်ရပါမည်။
အဲ့တော့ တစ်ခုခု မပြုလုပ်မိ မှန်ရှေ့သွားပြီး ရွတ်ရမှာကတော့
ကဲ
သင် အတော်ဆုံးပဲ။ သင့်လောက် တော်တဲ့သူတောင် သင့်လောက် မတော်ဘူး။
သင် အကောင်းဆုံးပဲ။ သင့်လောက် ကောင်းတဲ့သူတောင် သင့်လောက် မကောင်းဘူး။
သင် အတတ်ဆုံးပဲ။ သင့်လောက် တတ်တဲ့သူတောင် သင့်လောက် မတတ်ဘူး။
No comments:
Post a Comment