Pages

Thursday, February 27, 2014

လုပ်ငန်းအဖွဲ့သစ် စထောင်ဖို့ အရေးကြီးဆုံး အချက် (၄)ချက်

4 Keys to Building a Great Startup Team

 

 

ဖြစ်ရပ် အများစုမှာ လုပ်ငန်း အဖွဲ့သစ် စထောင်ခြင်း ကောင်းခြင်း မကောင်းခြင်း သည် တည်ထောင်သူ တို့၏ အပေါ်တွင် အများစု မူတည်နေသည်။

နည်းပညာအဖွဲ့ နှစ်ခု ကို စတင်တည်ထောင်ခဲ့သူ စွန့်ဦး တီထွင်သူ Lynn LeBlanc က “အောင်မြင်တဲ့ စီးပွားရေး တစ်ခု ဖြစ်ဖို့က စွမ်းရည်ပြည့်ဝပြီး စည်းလုံးညီညွတ်တဲ့ အဖွဲ့ကို အစကတည်းက ရှိဖို့ လိုအပ်ပါတယ်” လို့ပြောပါတယ်။

ဲ့သင့် စီးပွားရေး အတွက် အောင်မြင်တဲ့ အဖွဲ့ ကို ဖွဲ့စည်းရာမှာ ရွေးချယ်သင့် ရှာဖွေသင့်တဲ့ သတ်မှတ်ချက် ကို အောက်တွင် LeBlanc က အကြံပေးထားပါသည်။

သူတို့မှာ သင် နှင့် အခြားသူ တို့မရှိတဲ့ အတွေ့အကြုံ တွေ ရှိနေခြင်း

They have experience in areas that you and the rest of the team don't.

တူညီတဲ့ အတွေးအမြင် ရှိတဲ့သူတွေ ခန့်အပ်တာ က အစပိုင်းမှာ ကောင်းတဲ့ အကြံ လို့ထင်နိုင်ပါတယ်။ ဒါပေမယ့် ကိစ္စ အားလုံး ချောမွေ့ဖို့ ဆိုတာက နယ်ပယ်အားလုံးမှာ Professional နယ်ပယ် တစ်ခု မှာ နစ်မြှပ်အလုပ်လုပ်တဲ့ ကျွမ်းကျင်သူ တွေလိုအပ်ပါတယ်။ အကယ်၍ သင်က နည်းပညာကျွမ်းကျင်ပြီး အရောင်း နှင့် မာကတ်တင်း မှာ အတွေ့အကြုံ မရှိဘူး ဆိုရင် သင် နှင့် ပြောင်းပြန်ဖြစ်တဲ့ အရောင်း နှင့် မာကတ်တင်း မှာ ကျွမ်းကျင်ပြီး နည်းပညာမတတ်သူ ကို ခန့်အပ်ပါ။

သင် ကောင်းကောင်း သိတဲ့သူ (ဒါမှမဟုတ် သူတို့အချင်းချင်း သိတဲ့သူ)

You know them well (or they know each other).

စံချိန် မပြည့်မိတဲ့ မိသားစုဝင် နှင့် သူငယ်ချင်းတွေကို ခင်မင်မှု တစ်ခုတည်းနဲ့ ခန့်အပ်ခြင်းက အလုပ်မဖြစ်ဘူး ဆိုတာ စွန့်ဦးတီထွင်သူ အများစု က သင်ခန်းစာ ရခဲ့ပြီး ဖြစ်ပါတယ်။ ဘာပဲဖြစ်နေ ဖြစ်နေ လုပ်ငန်းအစ မှာ ခန့်အပ်တဲ့သူ ရဲ့ အကြောင်း ကိုတော့ သင် တော်တော်များများ သိနေဖို့ လိုပါတယ်။ ဒါမှလည်း သူတို့၏ ကျွမ်းကျင်မှု တွေက သင့် စီးပွားရေး ကို အောင်မြင်မှု ဆီကို ခေါ်ဆောင်သွားမယ်လို့ သင် ယုံကြည်မှု ရှိမှာ ဖြစ်ပါတယ်။ သင့် မှာ ကျွမ်းကျင်သူ အသိ မရှိဘူး ဆိုရင်တော့ သင့် အဖွဲ့သား တစ်ဦး အာမခံပေးတဲ့ သူ ကို ခန့်အပ်လို့ လည်း ရပါသေးတယ်။

အစပိုင်းမှာ လစာ အကန့်အသတ် နဲ့လုပ်နိုင်သူတွေ ဖြစ်ရမယ်

They can afford to work for a limited salary at first.

ငွေကြေး ပြည့်စုံ တဲ့သူ (သို့) အခြားဝင်ငွေ ရှိတဲ့သူ တွေကို ရှာဖွေပါ။ အကယ်၍ အရောင်းထိုင်းနေလျှင် သင်တို့အချင်းချင်း တိုင်ပင်ပြီး လစာနောက်ကျမှ ထုတ်ခြင်း လျော့ယူခြင်း စသဖြင့် လိုသလို လုပ်ယူနိုင်မှာပါ။

 

သင့် ပစ္စည်း ကို အသုံးပြုချင်သောသူ ဖြစ်ပါစေ။

They want to use your product.

ဒါက မလိုအပ်ဘူး လို့ သင်ထင်နိုင်ပေမယ့်လည်း သင့် ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ကို သူတို့ကိုယ်တိုင် မယုံကြည် မသုံးဘူး ဆိုရင် feedback အကြံပြုတာတွေ မရှိဘဲ အကောင်းဆုံး ပစ္စည်း ကို ထုတ်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ သူတို့မှ မကြိုးစားရင် အကောင်းဆုံး ပစ္စည်း ကို ထုတ်နိုင်မှာ မဟုတ်ပါဘူး။

Source: Mashable - 4 Keys to Building a Great Startup Team

No comments:

Post a Comment