Photo by Official U.S. Navy Page
အမေရိကန် ရေတပ် (US NAVY SEAL) မှာ ပြောနေကျ စကားလေး တစ်ခု ရှိတယ်။ အဲ့ဒါ က တော့
"Get comfortable being uncomfortable."
မသက်မသာ ဖြစ်နေခြင်း ကို သက်သက်သာသာ ဖြစ်အောင်လုပ်။
အကယ်လို့ သင်က မသက်မသာ ဖြစ်နေတာ ကိုမှ သက်သက်သာသာ နေနိုင်အောင် လုပ်နိုင်တယ် ဆိုရင် သင့်ဘဝ မှာ ဘယ်လို အခြေအနေမျိုး ကြုံတွေ့ပါစေ သင် ကောင်းကောင်း ကိုင်တွယ်နိုင်ပါလိမ့်မည်။
If you can be comfortable being uncomfortable,
you'll be prepared to handle whatever situation comes along in your own life.
သူတို့ ပြောနေကျ စကားလေး က ရုပ်ပိုင်းဆိုင်ရာ ခံစားနေရတာ ၌သာ အသုံးပြုရန် သာမက အခြေအနေ ဖြစ်ရပ်များ ၌လည်း အသုံးပြုနိုင်ပါသည်။
ကြမ်းတမ်းခက်ခဲတဲ့ လေ့ကျင့်ခန်း ဖြစ်တဲ့ Surf Torture (အေးစက်သော ရေလှိုင်းများကြားတွင် လူအားလုံး လက်ချင်းဆက်ပြီး လဲလျောင်းနေရခြင်း) ကို အခြား ထွေထွေထူးထူး ကိစ္စ မရှိပါက နေ့တိုင်း လေ့ကျင့်ကြပါသည်။
ပြောချင်တာက သူတို့ ဘယ်လိုပဲ မသက်မသာ ခံစားနေရပါစေ၊ သူတို့ ပြီးမြောက်အောင် လုပ်မယ့် ကိစ္စ ကို အာရုံစိုက်နေ စိုက်နိုင်ကြရတယ်။
သင့်ကိုယ်သင် ဒီလိုကြမ်းတမ်းခက်ခဲတဲ့ လေ့ကျင့်ခန်းတွေ သင် မလုပ်သင့်သလို၊ လုပ်ဖို့လည်း ပြောနေတာ မဟုတ်ပါဘူး။
ဒါပေမယ့် ဘယ်လို ခက်ခဲ ကြမ်းတမ်း တဲ့ အခက်အခဲ ပြဿနာတွေ သင် ရင်ဆိုင်ရပါက သင် အနေနဲ့ အာရုံ စူးစိုက်နိုင်ပြီး ဘယ်လို ဖြေရှင်းရမယ့် နည်းလမ်း ကို ရှာဖွေနိုင်တာက ပိုကောင်းပါလိမ့်မယ်။
ဘဝ က သင့် ကို မသက်မသာ ဖြစ်အောင် ခံစားရအောင် ပြုလုပ်နိုင်ပေမယ့်လည်း ဒါတွေက သင့် ကို ရပ်တန့်သွားအောင် မစွမ်းဆောင်နိုင်ပါဘူး။
မှတ်ထားရမှာက သင် မသက်မသာ ခံစားနေရပါက ကောင်းတဲ့ ကိစ္စ တစ်ခု ပါ။
ဒါက ဘာကို ဆိုလိုနေသလဲ ဆိုတော့ သင် အရှေ့ ကိုသာ ဆက်လက် ချီတက်နေပြီး နယ်မြေ အသစ်တွေ ရှာဖွေနေနိုင်တယ် ဆိုတာကိုပဲ။
These 7 Motivational Navy SEAL Sayings Will Kick Your Butt Into Gear | Inc.
"Get Comfortable Being Uncomfortable" | Lifehacker မှ ဆောင်းပါး ကို ဘာသာပြန်ဆိုသည်။
No comments:
Post a Comment