Pages

Sunday, August 31, 2014

အလုပ်အကိုင် တိုးတက်မှုကို အထောက်အပံ့ပြုမည့် လုပ်ငန်းဆိုင်ရာ ကိုယ်ဟန်အမူအရာ (၈)မျိုး

သင့်ရဲ့ ကိုယ်ဟန် အနေအထား၊ မျက်နှာ အမူအရာနှင့် တခြားသော ကိုယ်ခန္ဓာ လှုပ်ရှားမှုတွေ က သင့် အလုပ်အကိုင်အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ ဆိုတာကို စဉ်းစားမိပါရဲ့လား? မစဉ်းစားမိသေးဘူး ဆိုရင် အခုအချိန် ဟာ သင့်ရဲ့ ကိုယ်ဟန် အမူအရာက သင့်ကို ပညာရှင်တစ်ယောက် (profession) အဖြစ် ဘယ်လို ပုံဖော် ပေးနေတယ် ဆိုတာကို နီးနီးကပ်ကပ် လေ့လာဖို့ လိုပါပြီ။

လူ တစ်ဦး တစ်ယောက်ရဲ့ အောင်မြင်မှု အတွက် ကိုယ်ဟန် အမူအရာက အလွန် အရေးပါပါတယ်။ ကိုယ်ဟန် အမူအရာကို လက်တွေ့အသုံးချမှုနဲ့ အကျိုးသက်ရောက်မှုတို့ဟာ မသိသာလှပေမဲ့ လူတစ်ယောက် ရဲ့ ပင်ကိုယ် အရည်အသွေး ကို ဖော်ပြရာတွင် အနေအထား နှင့် လှုပ်ရှားမှုတို့သည် တက်ညီလက်ညီ လုပ်ဆောင်ပေးပါသည်။ ထိရောက်သော (သို့) သိပ်မထိရောက်လှတဲ့ ကိုယ်ဟန် အနေအထား ကြောင့် အရည်အချင်း မပြည့်မီလှတဲ့ ပညာရှင်တစ်ယောက် ဟာ ရာထူး အဆင့်ဆင့် တက်သွားပြီး ဒီ ပညာရပ် နယ်ပယ်မှာ အတော်ဆုံး ပညာရှင်တွေ ကတော့ အလယ်အလတ် ရာထူးအဆင့် မှာ ရပ်တန့်နေမှာ ဖြစ်ပါတယ်။

ကံကောင်းတာ ကတော့ မည်သူမဆို ကိုယ်ဟန် အမူအရာ ကို မိမိကိုယ်ကျိုး အတွက် ဘယ်လို အသုံးချနိုင်တယ် ဆိုတာကို သင်ယူတတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာ ပိုပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး နဲ့ ဂုဏ်သိက္ခာ ရရှိလာမှာ ဖြစ်ပါတယ်။

ကိုယ်ဟန်အမူအရာ ကြောင့် ရရှိသော အလုပ်အကိုင်ကို မြှင့်တင်ပေးမည့် အရည်အသွေးများ (Career-Boosting Qualities Communicated by Body Language)

သင်သည် လုပ်ငန်းနဲ့ ပတ်သက်လို့ သြဇာ သက်ရောက်မှု ရှိ မရှိ နဲ့ ပတ်သက်သော တခြားသူများရဲ့ အမြင်ဟာ အကြောင်း အမျိုးမျိုးပေါ်မှာ မူတည်နေပါတယ်။ သင့်ရဲ့ လုပ်နိုင်စွမ်းအပေါ် ထားရှိကြမဲ့ ထင်မြင်ချက်တွေဟာ စကားလုံး ရွေးချယ်မှု၊ စကားပြောတဲ့ အသံနေ အသံထားနဲ့ အတိုး အကျယ်၊ ၀တ်စားဆင်ယဉ်ပုံနဲ့ အပြင်အဆင် အစရှိသော အချက်များပေါ်တွင် မူတည်ပါတယ်။
တခြားသူတွေ ရဲ့ ထင်မြင်ချက်တွေ ကို ဖော်ပြရာ ၌ အရေးကြီးဆုံးသော အချက်တစ်ချက် ကတော့ ကိုယ်ဟန် အမူအရာ ပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှုတွေ၊ အနေအထားတွေ၊ မျက်နှာအမူအရာတွေ ကို အသုံးပြုခြင်းဖြင့် အောက်ပါ အရည် အချင်းတွေ ကို ဖော်ပြနိုင်ပါတယ်။

§ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း။

သမိုင်းတစ်လျှောက်တွင် လုပ်ငန်းခေါင်းဆောင်ကြီးများ သည် မိမိကိုယ်ကို ယုံကြည်မှု (သို့) မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အောင်မြင်မှုတွေ နဲ့ ပတ်သက်တဲ့ စိတ်ဓာတ်လုံခြုံမှု တို့ကို ပြသခဲ့ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တိုးတက်ချင်ရင် ယုံကြည်မှုကို ပြသရန်အတွက် ကိုယ်ဟန်အမူအရာကို အသုံးပြုပါ။

§ စိတ်ဓာတ်ခိုင်မာပြတ်သားမှုရှိခြင်း။

အဆင့်မြင့်တာဝန်များနှင့် အမှုထမ်းတွေကို စီမံအုပ်ချုပ်ရာတွင် မိမိဆန္ဒ (သို့) ကုမ္ပဏီ ၏ သဘောထားကို ဆန့်ကျင်မှုတွေ ရှိနေတဲ့ကြားက ရှေ့တန်းတင်နိုင်တဲ့ အရည်အချင်း လည်း လိုအပ်ပါတယ်။ တခြားသူတွေကြောင့် အလွယ်တကူ စိတ်ယိုင်သွားမှာ မဟုတ်ကြောင်း ကို ပေါ်လွင်စေတဲ့ ကိုယ်နေဟန်ထားနဲ့ နေခြင်းက တခြားသူ အပေါ် မိမိ သြဇာ သက်ရောက်ကြောင်း နှင့် ခေါင်းဆောင်နိုင်ကြောင်း တို့ကို ဖော်ပြနေပါတယ်။

§ စိတ်ဝင်စားမှုရှိခြင်း။

အလားအလာရှိသော အလုပ်ရှင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ စီးပွားဖက်များ နှင့် ဖောက်သည်များသည် သူတို့ဆွေးနွေးနေတဲ့ အကြောင်းအရာ ကို စိတ်ဝင်စားသူနှင့်သာ တွဲပြီး အလုပ်လုပ်ချင်ကြပါတယ်။ ပြောနေတဲ့စကား၊ ပို့ချချက်၊ တင်ဆက်မှုတို့၌ တက်တက်ကြွကြွ နဲ့ စိတ်ပါဝင်စားကြောင်း ပြခြင်းဖြင့် နောင်လုပ်ငန်းနဲ့ပတ်သက်တဲ့ ဆက်ဆံရေးတွေမှာလည်း သင်ဟာ ပညာရှင်တစ်ယောက် အနေဖြင့် တူညီသော စိတ်ဝင်စားမှုရှိလိမ့်မယ် ဆိုတာကို ဖော်ပြနေပါတယ်။

§ ပူးပေါင်းဆောင်ရွက်မှုကို လက်ခံနိုင်ခြင်း။

ခေါင်းဆောင်တွေ အတွက် စိတ်ဓာတ် ခိုင်မာ ပြတ်သားမှု က အဓိက ကျသလို တူညီတဲ့ ရည်ရွယ်ချက်တွေ ပေါက်မြောက်အောင် တခြားသူတွေနဲ့ ပူးပေါင်းနိုင်စွမ်း ကလည်း အဓိကကျပါတယ်။ အပြင်လူတွေရဲ့ စိတ်ကူးကို ဖော်ထုတ်နိုင်ခြင်းနဲ့ ပေါင်းစပ်နိုင်ခြင်းတို့ကြောင့် နေရာအများအပြားက အမျိုးမျိုးသော ကျွမ်းကျင်မှုတွေ ရရှိလာတဲ့အတွက် အကျိုးကျေးဇူးတွေ ရမှာဖြစ်ပါတယ်။ ဒီ အကျိုးကျေးဇူးတွေ ကလည်း နောက်ဆုံးတော့ သင့်မဟာဗျူဟာတွေ ကို အားဖြည့်ပေးမှာဖြစ်ပါတယ်။

§ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားခြင်း။

လုပ်ငန်းတစ်ခု အောင်မြင်ရန် အတွက် ပညာရေး၊ ဘ၀ နဲ့ လုပ်ငန်းဆိုင်ရာ အတွေ့ အကြုံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ကြွယ်ဝဖို့လိုပါတယ်။ နိုးကြားမှု နဲ့ သဘောပေါက် နားလည်နိုင်စွမ်း တို့ကို ဖော်ပြတဲ့ ကိုယ်ဟန်အမူအရာတို့ သည် အသိဉာဏ် ပညာမြင့်မားကြောင်း ကို ပေါ်လွင်စေပါသည်။ ထို့ အပြင် အခြားသူတွေ အနေဖြင့် သင်ဟာ ဒီထက်ကြီးမားသော တာဝန်နဲ့ သင့်တော်တဲ့သူဆိုတဲ့ အတွေးကိုပါ ဖြစ်ပေါ်စေပါတယ်။

§ စာနာမှုရှိခြင်း။

လုပ်ငန်းတစ်ခုခုမှာ အသိဉာဏ်မြင့်မားမှုက အရေးပါသလို စိတ်ခံစားမှု အသိပညာလည်း မြင့်မားဖို့လိုပါတယ်။ မိမိကိုယ်တိုင်ရဲ့ စိတ်လိုအပ်ချက်၊ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လိုအပ်ချက်တွေကို သိမြင်ပြီး ဖြည့်ဆည်း ပေးနိုင်တဲ့သူဟာ သူတို့ရဲ့ လုပ်ငန်း နယ်ပယ် မှာ တိုးတက်ဖို့ အကောင်းဆုံး အခွင့်အရေးကို ရရှိနိုင်ပါတယ်။

ဖော်ပြခဲ့တဲ့ အရည်အသွေးတွေရအောင် ကိုယ်ဟန်အမူအရာကို အသုံးပြုခြင်းဖြင့် စကားတစ်လုံးမျှ မပြောရဘဲနှင့် သြဇာရှိသော လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထင်ကြီးမှု၊ လေးစားမှုကို ပိုရရှိစေပါတယ်။ ရလဒ်ကတော့ သင့်ရဲ့အလုပ်အကိုင်တိုးတက်ရန် ပညာရှင်များရဲ့ အခွင့်အရေးပေးမှုတွေကို ရရှိမှာဖြစ်ပါတယ်။


Lifehack.org မှ Jayson Demers 8 Business Body Language Tricks That Help Advance Your Career မှ ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။


အကျိုးသက်ရောက်ဆုံး လုပ်ငန်းဆိုင်ရာ ကိုယ်ဟန်အမူအရာ () မျိုး

§ အကြည့်ချင်းဆုံပြီး စိတ်ပါလက်ပါနားထောင်တဲ့ အမူအရာပြပါ။

လူတိုင်းကတော့ ကိုယ့်ကိုယ်ကို စိတ်ဝင်စားစရာကောင်းတဲ့သူ၊ အရေးပါတဲ့သူလို့ ထင်ချင်ကြပါတယ်။ ဒါကြောင့် စိတ်ပါလက်ပါ နားထောင်တဲ့ အမူအရာပြခြင်းဖြင့် စကားပြောနေသူကို သင့်အနေနဲ့ ထိုကဲ့သို့ ထင်မြင်ကြောင်း ဖော်ပြရာ ရောက်ပါတယ်။ စကားပြောနေသူနဲ့ မျက်လုံးချင်းအမြဲဆုံခြင်း၊ တစ်ခါတစ်ရံ ခေါင်းညိတ်ပြခြင်းအပြင် သူ့ကို အာရုံစိုက်နေတယ် ဆိုတာကို ဖော်ပြတဲ့ တခြားအမူအရာတွေ ကိုပါ ဖော်ပြခြင်းဖြင့် သင်ဟာ ပညာရှင် (professional) တစ်ယောက် အနေဖြင့် လုပ်ဖော်ကိုင်ဖက်တွေ အပေါ် လေးစားတယ် ဆိုတာကို ဖော်ပြနေပါတယ်။

§ လက်ဖ၀ါးတွေကို မှောက်ထားပါ။

ဒီမသိသာလှတဲ့ လှုပ်ရှားမှု ကို သင့်ပတ်ဝန်းကျင်ရှိသူတွေ က ဂရုပြုမိချင်မှ ပြုမိပါလိမ့်မယ်။ သို့သော် သင်အပေါ့်ထားရှိတဲ့ သူတို့ရဲ့ ထင်မြင်ချက်တွေကို ဖော်ဆောင်တဲ့နေရာမှာ အထောက်အကူပြုဖြစ်စေပါတယ်။ လူတစ်ယောက်ဟာ စားပွဲပေါ်မှာ၊ စကားပြော စင်မြင့်ပေါ် (သို့) ကောင်တာပေါ်မှာ သူ၏လက်ဖ၀ါး (၂)ဖက်ကို မှောက်ချထားခြင်းသည် ထိုသူ၏ သြဇာအာဏာ နှင့် ခေါင်းဆောင်မှုတို့ ကို ဖော်ပြနေပါတယ်။

§ ချိန်ကိုက်လှုပ်ရှားပါ။

တခြားသူတွေရဲ့ ကိုယ်ဟန် အမူအရာ ကို အတုယူခြင်း သည် သင်ဟာ သူတို့နဲ့ အလေးအနက် ထားပြီး ညှိနှိုင်းနေတယ် ဆိုတာကို ဖော်ပြနေပါတယ်။ ထိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ လမ်းလျှောက်တဲ့အခါမှာပဲဖြစ် ဖြစ် တခြားသူတွေရဲ့ အနေအထား ကို လေ့လာပါ။ သူတို့ရဲ့ ခြေ နှစ်ဖက်ချိတ်ထိုင်ပုံ၊ ရှေ့နောက်ကိုင်းထိုင်ပုံ၊ လက်ဟန်ခြေဟန်နှင့် ပြောဆိုပုံ၊ ပြုံးခြင်း၊ မျက်မှောက်ကြုတ်ခြင်းအစရှိတဲ့ မျက်နှာအမူအရာလုပ်ပုံတို့ကို အတုယူပါ။ ရည်ရွယ်ချက်ကတော့ တစ်ဖက်သားပုံစံ (style) ကို ခိုးချဖို့မဟုတ်ပဲ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ ခံစားချက်ကို သိစေရန်သာဖြစ်ပါတယ်။

§ မတ်တတ်ရပ်ပုံရပ်နည်းကလည်း အရေးပါပါတယ်။

တခြားသူနဲ့ စကားပြောတဲ့အခါ (သို့) အများရှေ့မှာရပ်ပြီး စကားပြောတဲ့အခါ ခြေထောက်နှစ်ဖက်ကို အနည်းငယ်ကား၊ ရင်ဖွင့်ပြီးရပ်ပါက သင့်ရဲ့ ရင်ဝမ်း ကြွက်သား (diaphragm) က ကျယ်ပြန့်လာတဲ့အတွက် စကားပြောတဲ့အသံကို ပိုထိရောက်စေပါတယ်။ သြဇာညောင်းပြီး အထင်ကြီးစရာပုံလည်း ပေါက်စေပါတယ်။

§ ကိုယ်ဟန်အမူအရာပွင့်လင်းပါစေ။

၎င်းကို တားဆီးသည့်အရာများကို ဖယ်ရှား၍ အပြုအမူများကို ရှောင်ရှားပါ။ လူတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်ဆိုင်ရာ အပြုအမူများကို စကားပြောဖော်မှ အတုယူပြုမူကြပါတယ်။ ထို့ကြောင့် သင့်အနေဖြင့် ကိုယ်ကို မတ်မတ်မထားဘဲ ပျော့တိပျော့ခွေနေခြင်း၊ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ယှက်ထားခြင်း အစရှိသော အနေအထားများသည် တခြားသူများနှင့် ဆက်သွယ်မှုမရှိ သီးခြားဖြစ်နေတဲ့ ပုံစံကို ဖော်ပြနေပါတယ်။ ထိုအခါ ပရိသတ်ကလည်း အလားတူ တုံ့ပြန်မှာဖြစ်ပါတယ်။ ကိုယ်ဟန်အမူအရာကို သက်တောင့်သက်သာထားပြီး လက်နှစ်ဖက်ကိုလည်း ဘေးမှာထားခြင်းဖြင့် သင်နဲ့ အပြန်အလှန်ဆက်ဆံသူတွေအားလုံးအပေါ် ပွင့်ပွင့်လင်းလင်းရှိတယ်ဆိုတာကို ပြပါ။ ထို့အပြင် ကိုယ်နှင့် တခြားသူကို ခြားထားမဲ့ ကြီးမားသော ပစ္စည်းကို ကိုင်ထားခြင်း၊ စားပွဲများထားရှိခြင်းတို့ကို ရှောင်ရှားပါ။

§ နှစ်နှစ်ကာကာပြုံးပါ။

စိတ်ပါလက်ပါဖြင့် ပြုံးသော အပြုံးသည် နှုတ်ခမ်းများက တဖြည်းဖြည်း အစပြုပြီး မျက်နှာရဲ့ ကျန်အစိတ်အပိုင်း၊ အထူးသဖြင့် မျက်လုံးများသို့ ပျံ့နှံ့သွားပါသည်။ သင့်အတွက် အရေးပါသူတစ်ဦးနှင့် တွေ့ဆုံတဲ့အခါ မိတ်ဆွေဟောင်း တစ်ဦးကို နှုတ်ဆက်နေတာလို့ တွေးလိုက်ရင် စစ်မှန်တဲ့ အပြုံးတစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလိုပြုံးခြင်းဟာ နွေးထွေးမှုနဲ့ လက်ခံသော သဘောကို ဆောင်တဲ့အတွက် တခြားသူတွေကိုလည်း ပွင့်ပွင့်လင်းလင်းရှိဖို့ အားပေးနေပါတယ်။

§ လှုပ်ရှားမှုများကို နည်းနိုင်သမျှနည်းပါစေ။

လုပ်ငန်းတူသူ အချင်းချင်း ဆက်သွယ်ရာ ၌ လည်းကောင်း၊ လုပ်ငန်းဆိုင်ရာ အခြေအနေများ ၌ လည်းကောင်း၊ တောင့်တောင့်ကြီး မတ်တပ်ရပ်နေတာ ကတော့ မဖြစ်သင့်ပါ။ သို့သော်လည်း လူးလွန့်ခြင်း၊ ကုတ်ခြင်း၊ တွန့်လိမ်ခြင်း၊ လှုပ်ရွှခြင်း၊ ဂနာမငြိမ်ခြင်းတို့သည် စိတ်လှုပ်ရှားမှု (သို့) စိတ်မရှည်မှု တို့ကို ပြသနေပါသည်။ လွန်လွန်ကဲကဲ ခြေဟန်လက်ဟန်ဖြင့် စကားပြောခြင်းသည်လည်း တစ်ဖက်သားကို အဓိကကျတဲ့ အချက်များမှ အာရုံပြောင်းစေပါတယ်။ အကောင်းဆုံး ပေါ်လစီ ကတော့ သဘာဝကျကျနဲ့ တည်ငြိမ်ပြီး မသိသာလှတဲ့ လှုပ်ရှားမှုများ ကို ထည့်သွင်းခြင်းက သင်ပြောလိုတဲ့ အချက်တွေကို ပိုမိုမြှင့်တင်ပေးပြီး တခြားသူများရဲ့ ကိုယ်ဟန်အမူအရာတွေကိုလည်း ထင်ဟပ်စေပါတယ်။

§ ခိုင်မာတဲ့ လက်ဆွဲနှုတ်ဆက်မှုကိုပြုပါ။

လက်ဆွဲနှုတ်ဆက်ခြင်း ရဲ့ အထိအတွေ့အာရုံကြောင့် ၄င်းသည် ယဉ်ကျေးမှုအများစု ၌ ပျံ့နှံ့လျက် ရှိသော ကာယနှုတ်ဆက်ခြင်း ပဲ ဖြစ်ပါသည်။ သို့သော်လည်း ဒီ လွယ်ကူတယ်လို့ ထင်ရတဲ့ လုပ်ရပ်လေးကို အကောင်းဆုံးဖြစ်စေဖို့ဆိုတာကတော့ လေ့ကျင့်ဖို့ လိုပါတယ်။ အလွန်အမင်း ပျော့ဖတ်နေတဲ့ လက်ဆွဲနှုတ်ဆက်ခြင်း၊ အရမ်း တင်းကျပ်နေတဲ့ လက်ဆွဲနှုတ်ဆက်ခြင်း အစရှိတဲ့ အစွန်းရောက်နေတဲ့ လက်ဆွဲနှုတ်ဆက်ခြင်း တို့ကို ရှောင်ပါ။ ယုံကြည်မှုနဲ့ လေးစားမှုကို ပြသဖို့ ဆိုရင်တော့ တိုတောင်းပြီး သဘာဝကျတဲ့ ခံစားချက် ကို ပေးမဲ့ ဆုပ်ကိုင်မှုမျိုး ကို ပေးပါ။

ဒီကိုယ်ဟန်အမူအရာတွေ ကို လက်တွေ့အသုံးပြုတဲ့အခါ တချို့ကို ကျန်တာတွေထက် သဘာဝကျကျ လုပ်နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာ (သို့) လူမှုရေးဆိုင်ရာ ပွဲတွေမှာ ဒီအမူအရာတွေ လေ့ကျင့်ပေးခြင်းဖြင့် သင့်ရဲ့ အလုပ်လုပ်နေတဲ့ ဘ၀ တစ်လျှောက်လုံး များစွာ အကျိုးရှိစေမဲ့ အမူအရာ အလေ့အကျင့်ကောင်းများ ကို ရရှိလာမှာ ဖြစ်ပါတယ်။ ရာထူးတိုးခံရခြင်း၊ လစာတိုးလာခြင်း တို့ကို ချက်ခြင်း မခံစားရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သင့် အလုပ်အကိုင်ရဲ့ အောင်မြင်မှုတွေ နဲ့ အခွင့်အလမ်းတွေ ကို ကျွမ်းကျင်သော ကိုယ်ဟန်အမူအရာတွေ က များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။


Lifehack.org မှ Jayson Demers 8 Business Body Language Tricks That Help Advance Your Career မှ ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။


Source: Myanmar Network | အပိုင်း (၁) | အပိုင်း (၂) by Ma Soe Soe Win


Thursday, August 28, 2014

ရက်တွေ …

Life ends when you stop Dreaming

Hope ends when you stop Believing

Love ends when you stop Caring

Friendship ends when you stop Sharing

( Unknown )



မင်းကို ချစ်ခဲ့ ပြီးမှ

စိတ်ကူးယဉ် အိမ်မက်တွေနဲ့ 

ဆက်ခဲ့ ရတဲ့ ဘဝ တွေ

ရက်တွေ ဆက်ခဲ့ ပြီ ။

.....

တစ်နေ့ ငါ့ အချစ်တွေ

မင်းလက်ခံလာမှာကို

ယုံကြည်ပြီး မျှော်လင့်နေတဲ့ 

ရက်တွေ များခဲ့ ပြီ ။

.....

မပြောင်းလဲသော အချစ်နှင့်

မင်းအနားမှာ နေပြီး

စောင့်ရှောက်ချင်တဲ့

ရက်တွေ က ငါ့ တသက် ။

.....

ArrLuu

7:45pm 30 Jan 2010


Wednesday, August 27, 2014

ရက် ၉၀ နဲ့ ဘာသာစကား

ရက် ၉၀ နဲ့ ဘာသာစကား တတ်မြောက်အောင် သင်ယူကြမယ်

 photo 2905.jpg

Source: ကုမုဒြာ သတင်းဂျာနယ် ( ၁၂ သြဂုတ်လ ၂၀၁၄)

Saturday, August 23, 2014

ဖတ်ရတာ အကြိုက်ဆုံး အရာ

ကျနော် သူ့ငယ်ချင်း စတိဗ် ကို သူ ဖတ်တဲ့ အထဲက ဖတ်ရတာ အကြိုက်ဆုံး အရာ မေးတော့ သူ့ဖြေပုံ က ဒီလို။

လစာ ထုတ်ရက် မှာ ဘဏ်စာရင်း ဖတ်ရတာ အကြိုက်ဆုံးပဲ တဲ့။


I just asked my friend Steve to tell me his favourite things to read.

Here is his answer: “I like to read my bank statement on payday.”


Source: Reader’s Digest USA | 2014 JAN | Editor’s Note

Friday, August 22, 2014

သူခိုး မရှိသော နိုင်ငံ

"ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံပင်။”

ထိုစကား ကို ပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏ ဝိပဿနာ တရားတော်များကို ကမ္ဘာသို့ ဖြန့်ဝေလျက်ရှိသော ဂုရုကြီး ဦးဂိုအင်ကာ ၏ အဘိုးတော်သူပင်ဖြစ်သည်။

အရောင်းအဝယ် ကုန်သည် အလုပ်ဖြင့် ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီ သည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေး ရတနာပုံ နေပြည့်တော် တွင် အခြေချ နေထိုင်ခဲ့သည်။

ထိုချိန်က အထက် မြန်မာပြည် သည် မြန်မာဘုရင် ၏ လက်ထဲမှာသာ ရှိသေးသောကြောင့် သူခိုးလူလိမ် ဆိုသည်မှာ ချိုနှင့်လား ဟု မေးရလောက်အောင် မြန်မာတိုင်း စာရိတ္တ သတ္တိ အပြည့်ရှိနေချိန် ဖြစ်ပါ၏။

ထိုသူသည် ကုန်သည်ကြီး တစ်ဦးဖြစ်ရာ အထက်မြန်မာပြည် ရှိ မြို့ကြီး အသီးသီး သို့ သွားရောက် ရောင်းဝယ်ရသည်။ ပစ္စည်းပစ္စယများ သယ်ရန်အတွက် မြင်းငါးကောင် နှင့် အတူ မြန်မာ မြင်းစီးသမား ငါးယောက် ကိုလည်း တစ်ခါတည်း အသွားအပြန် ငှားလာခဲ့ရသည်။

အရောင်းအဝယ် ပစ္စည်းများသောကြောင့် ရက်ကြာလာသည်နှင့်အမျှ ဘဆေဆ်လာလ်ဂျီ ၏ ပိုက်ဆံထည့်သည့် အိတ်ကြီးမှာလည်း ငွေဒင်္ဂါးများနှင့် ပြည့်ပြည့် လာခဲ့သည်။ နောက်ထပ် မြို့သုံးမြို့ ငါးရက် ခရီးနှင်ပြီးလျှင် သည်တစ်ခေါက် အရောင်းအဝယ်ပြီးဆုံးပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီသည် အိမ်ပြန်ရတော့မည်ကို တွေးပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။

နေဝင်စပြုနေပြီ ဖြစ်သည့်အတွက် လှမ်းမြင်နေရသော ဇရပ်တစ်ခုပေါ်တွင် တစ်ည အိပ်ရန် မြင်းသမားများ ကို အချက်ပြလိုက်သည်။

ရှေးခေတ်က ဇရပ်ဆိုသည်မှာ ညအိပ်ညနေ ခရီးသည်များအတွက် လမ်းဆုံ လမ်းခွတွင် ဆောက်ထားသော ဇရပ်မျိုးသာ ဖြစ်သည်။ အမိုးနှင့်အခင်းကို အကောင်းဆုံး လုပ်ထားသော်လည်း အကာ မရှိသောကြောင့် အရပ် လေးမျက်နှာမှ ခရီးသွားများ တံခါးမရှိ။ ဓားမရှိ လွတ်လပ်ချမ်းသာစွာ တည်းခိုနိုင်သည် ဟူသော အဓိပ္ပါယ်ကို ဆောင်သည်ဟု ယူဆရသည်။

တတ်နိုင်သော ဇရပ်အလှူရှင် အချို့သည် ခရီးသွားများအတွက် ဆန် ဆီ စသော စားသောက်ဖွယ်ရာ များကိုပင် ထားပေးကြောင်း သိရသည်။

ချက်ပြုတ်စားသောက်ပြီး နေလည်း မရှိတော့ပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီတို့ ထိုဇရပ်မှာပင် ညအိပ်လိုက်ကြသည်။ နောင်တစ်နေ့ မိုးမလင်မီ မနက်စောစော ခရီးဆက်ကြရန် မြင်းသမားတို့ကို ဆော်သြ ထားလိုက်သည်။ အရေးအကြီးဆုံး ဖြစ်သည့် ငွေဒင်္ဂါးအိတ်ကြီးကို မေ့ကျန်နေခဲ့မှာ စိုးသောကြောင့် ခေါင်းအုံး အိပ်လိုက်သည်။

မနက် လေးနာရီ လောက်ထပြီး မြန်မြန်ထက်ထက် ပြင်ဆင်ကာ ရှေ့ခရီးကို ဆက်လာခဲ့ကြသည်။ ခြောက်နာရီခန့် ခရီးပေါက်ပြီးသောအခါမှ ခေါင်းအုံး အိပ်ခဲ့သည့် ငွေအိတ်ကြီး ပါမလာမှန်း ဘဆေဆ်လာလ်ဂျီ သိသွားသည်။

ပြင်းထန်သော စိုးရိမ်သောက စိတ်ကြောင့် နှလုံးသားမှာ တဒိန်းဒိန်းခုန်လာပြီး အမောဆို့သလိုပင် ဖြစ်လာသည်။ ထို့ကြောင့် -

“ဟေ့ . . အားလုံးရပ်လိုက်ကြဦး။”

“ကျွန်တော့ ငွေဒင်္ဂါးအိတ်ကြီး ညအိပ်ခဲ့တဲ့ ဇရပ်ပေါ်မှာ ကျန်နေခဲ့တယ်။ ဒါ့ကြောင့် နောက်လှည့်ပြန် ကြရမယ်”

ဟု ပြောလိုက်သော်လည်း မြန်မာလူမျိုး မြင်းသမား ငါးယောက်လုံး တစ်ယောက်မှ တအံ့တသြ တထိတ်တလန့် ဖြစ်မသွားကြ။ သွားယူပေးမည့် အမူအရာလည်း မပြကြသဖြင့် ဘဆေဆ်လာလ်ဂျီ မနေနိုင်တော့ -

“ကဲ. . . မြန်မြန်သွားယူဘို့ ပြင်ကြလေ။ ဘာလို့ အေးတိ အေးစက် ဖြစ်နေကြ တာတုန်း”

ဟု ပြောလိုက်သော အခါတွင်မှ

အသက်ခပ်ကြီးကြီး မြင်းသမားတစ်ဦးက -

“မိတ်ဆွေကြီး ဘာမှစိတ်မပူပါနဲ့။ ကိုယ့်ခရီးကိုသာ ပြီးဆုံးအောင် ဆက်သွားပါ။ အပြန်ကျမှ ငွေအိတ်ကိုဝင်ယူပါ။ မိတ်ဆွေကြီးငွေအိတ် ဘယ်မှ ထွက်မပြေး ပါဘူး။ ဘယ်သူမှလည်း မယူပါဘူး။”

ဟု ပြောလိုက်သဖြင့် ဘဆေဆ်လာလ်ဂျီ တစ်ယောက် ဒေါသထွက်သွားသည်။ “လွယ်ရင် သူကြွယ်တောင်မနေဘူး” ဟူသော စကားရှိနေရာ အဆင်သင့် တွေ့ရသော ငွေဒင်္ဂါးအိတ်ကြီးကို ဘယ်လို လူသည် မယူဘဲ နေနိုင်ပါအံ့နည်း။ ဘယ်သူမှ မယူဘူး ဟု တာဝန်ခံနိုင် လောက်အောင် သူတို့ မြန်မာလူမျိုးတွေက ဘယ်လောက်များ စာရိတ္တ ကောင်းနေကြလို့ နည်းဟု တွေးနေမိသည်။

ထိုအတွေးနှင့်အတူ -

“အေးလေ . .. ငါတို့ ထွက်လာကြတာလဲ ခြောက်နာရီ ကျော်သွားပြီးဆိုတော့ ဒီငွေအိတ်ကြီးကို ခရီးသွား တစ်ယောက်ယောက်ကရပြီး ယူသွားရောပေါ့။ ငါသွားနေလည်း ပင်ပန်းတာ အဖတ်တင်မှာပ”ဲ

ဟု စိတ်ပျက်စွာနှင့် ဆက်ကာ တွေးပြီး ရှေ့မှာရှိသည့် မြို့ဈေးများသို့သာ ဆက်သွားလိုက် ကြသည်။

ငါးရက်ခန့်ရှိမှ ပြန်လာကြသောအခါ ဘဆေဆ်လာလ်ဂျီ ထားခဲ့သော ငွေဒင်္ဂါးကြီမှာ ခေါင်းအုံးပြီး အိပ်ခဲ့စဉ်က အတိုင်းပင် လက်ရာမပျက် ပြန်တွေ့ရသည်။ ရေတွက်ကြည့်သော အခါတွင်လည်း တစ်ပြားတစ်ချပ်မျှ မလျော့။

ထို့ကြောင့်လည်း ဘဆေဆ်လာလ်ဂျီက ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဖြစ်လာမည့် ဦးဂိုအင်ကာ အလောင်းအလျာ သူ့မြေးလေး ကို

“ငါ့မြေးရေ၊ အဘိုးတို့ ဒီမြန်မာပြည်မှာ နေခွင့်ရတာ သိပ်ကံကောင်းတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တစ်ကမ္ဘာလုံးမှာ သူခိုးမရှိတဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံ တစ်ခုပဲ ရှိတယ်။”

နောက်တစ်ခုက မန္တလေး ရတနာပုံ ဈေးချိုတော်ကြီး လမ်းအလယ်မှာ အမျိုးသမီး တစ်ယောက် အဖိုးတန် စိန်နားကပ်တစ်ဖက် ပြုတ်ကျ ကျန်နေ ခဲ့တယ်။ ဈေးလယ်ဆိုတော့ ဈေးရောင်းသည်၊ ဈေးဝယ်သည် တစ်ယောက်မှ တစ်ယောက်တော့ တွေ့မှာပဲ။ သို့သော် တစ်ယောက်မှ ကောက်မယူကြဘူး။

အလွယ်တကူ တွေ့ရတဲ့ အဖိုးတန် ပစ္စည်းကိုတောင် ကောက်မယူတဲ့ မြန်မာ လူမျိုးတွေဟာ သူတစ်ပါးအိမ်က ပစ္စည်း မသိအောင်ယူဖို့ ဆိုတာကတော့ ပိုပြီး ဝေးသေးတာပေါ့။

ဒါနဲ့ ဈေးချိုသာ ပိတ်သွားတယ် စိန်နားကပ်ကြီးကတော့ လမ်းပေါ်မှာ ဒီအတိုင်းပါပဲ။

နောက်တစ်နေ့မနက် ဈေးချိုဖွင့်ခါနီးမှာ အလုပ်သမလေး တစ်ယောက် စိန်နား ကပ်ကြီးကို တွေ့သွားတယ်။

“ဥစ္စာဆင်းရဲသော်လည်း စာရိတ္တ မဆင်းရဲတဲ့ သူတွေကို မြင်ဖူးချင်ရင်” မြန်မာပြည်ကို လာခဲ့ပါလို့ ပြောရတော့မှာပဲ။

အလုပ် သမလေးဟာ စိန်နားကပ်ကို ကောက်ယူ လိုက်တယ်။ ယူဖို့မဟုတ်ဘူး။ စိန်နား ကပ်အောက်က ဖုန်တွေ အမှိုက်သရိုက်တွေ လှဲပစ်ဖို့အတွက်ပါ။ လှဲကျင်းပြီး တဲ့အခါ တွေ့တဲ့နေရာမှာပဲ အတိအကျ ပြန်ထားလိုက်တယ်။ ပိုင်ရှင်က သူကျ ပျောက်တဲ့နေရာ ပြန်လာရှာရင် မြန်မြန်တွေ့ပါစေဆိုတဲ့ စေတနာပေါ့။

နောက်ဆုံး ဈေးရုံးတာဝန်ခံ ကိုယ်တိုင်မြို့ထဲ “မောင်းထု ပိုင်ရှင်ရှာပြီး ပေးလိုက်ရတယ်” ဟု ပြောခဲ့ဘူးသည်။

ကဲ စဉ်းစားကြည့်ကြ ပေတော့။ အရင်တုန်းက မြန်မာနိုင်ငံနှင့် ယခုမြန်မာနိုင်ငံ ဘယ်လောက် ကွာခြားသွားပြီလဲ။

ဒါကို ကြည့်ပြီး စိတ်မပျက်ကြပါနဲ့။

“ပျက်အစဉ် ပြင်ခဏ” ဆိုသလို မိမိကိုယ် ကိုသာ ငါးပါးသီလ လုံခြုံအောင် (စာရိတ္တပိုင်းသာ) တာဝန်ယူပါက မြန်မာနိုင်ငံမှ မဟုတ် တစ်ကမ္ဘာလုံး ဘယ်လောက် ငြိမ်းချမ်းမလဲ။

မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်


Source: လူဗိုလ်ဟူသည်ဘလော့ဒ်  via ဒို့မြန်မာ

Thursday, August 21, 2014

မမှားစေလို သတ်ပုံ ကို ရွတ်ဆို မှတ်သား လိုက်နာမည်

 photo 294.jpg

“ဝ” လုံး နှင့် “၀” သုည လည်း ရေးရင် မကွဲ။ စာရိုက် ကွဲပါသည်။

တဆက်တည်း ဖြစ်သော ဝ လုံး ကို ရေးရင် Shift + “,” (“<”)

သုည ဖြစ်သော ၀ ကို သေသေချာချာ ကြည့်ရင် အလယ်နားတွင် ဆက်မနေပေ။

ဖတ်သူ နားလည် ရင် ပြီးရော လို့ များသောအားဖြင့် ဆင်ခြေပေးတတ်သော်လည်း ရပါသည်။

ဘယ်အချိန် ဒုက္ခတွေ့မလဲ ဆိုတော့ကာ စနစ်များပြားလှသော မြန်မာဖောင့် စနစ် တွင် ဇော်ဂျီ (Zaw Gyi) မှ ယူနီကုဒ် စနစ် (Unicode) သို့ ကူးပြောင်းပါက ဝလုံး နေရာတွင် သုည တွေ ဖြစ်ပြီး ပြန်လည် ပြင်ဆင်ရသဖြင့် အလုပ်ရှုပ်ပေလိမ့်မည်။


Sunday, August 17, 2014

သင် လဲကျသွားရင်


昨天倒下去,今天站起来。

If you fell down yesterday , stand up today.

မနေ့က သင် လဲကျသွားရင် ဒီနေ့ မတ်တပ်ရပ် ပြန်ထ လိုက်ပါ။


Source: Sharing 分享

Saturday, August 16, 2014

အတုယူဖွယ် ဂျပန် ပညာရေး

အပေါ်ပုံ မှာ ၁၉၄၅ ခုနှစ်က ဟီရိုရှီးမားမြို့  နျူကလိယ ဗုံးအကြဲခံရပြီး တစ်လ အကြာမှာ ဂျပန်တို့ ချက်ချင်း ပြန်စတင်တဲ့ ပညာသင်ကြားရေး ပရောဂျက် ဖြစ်ပါတယ်။

အောက်ပုံကတော့ ၂၀၁၁ ခုနှစ်က ဆူနာမီနဲ့ မြေငလျင်ဒဏ်ခံပြီး တစ်လ အကြာမှာ ပြန်စတင်တဲ့ ဂျပန်တို့ရဲ့  ပညာသင်ကြားရေး ပရောဂျက် ဖြစ်ပါတယ်။

ဂျပန်လူမျိုးတို့ဟာ တိုင်းပြည်ပြန်လည်ထူထောင်ဖို့အတွက် Basic Foundation အနေနဲ့ ပညာရေးကိုသာ အဓိက ထားပြီး A perfect model for a struggle of a nation လို့ အတင်စား ခံခဲ့ ရပါတယ်။


Source: ရိုးရာလေး | အတုယူဖွယ် ဂျပန် ပညာရေး by အောင်ခမ်း (ရိုးရာလေး)


ဂျပန်တွေ တိုးတက်တာလည်း မပြောနဲ့လေ။

ကလေးတွေ ကို တန်ဖိုးထားတယ်

ပညာရေး ကို တန်ဖိုးထားတယ်။

စည်းကမ်း ကို တန်ဖိုးထားတယ်။

Friday, August 15, 2014

App: Timeful

Timeful Product Walkthrough from Timeful on Vimeo.

Timeful ဗီဒီယိုလေး ကြည့်လိုက်ရင်တော့ အကြမ်းသဘောလောက်တော့ သိသွားမယ်လို့ ထင်ပါတယ်။

 

၁) Event , To Do Lists , Habits တွေကို Calender Timeline မှာ လုပ်တဲ့အချိန် ပစ်ထည့်နိုင်အောင် Drag & Drop လေး က တော်တော် အဆင်ပြေတယ်။

၂) Event က All Day Event ရွေးလို့ရသလို ဘယ်အချိန် စ ပြီး ဘယ်အချိန် ပြီး မလဲ ဆိုတာရွေးတာမျိုး ပြုလုပ်ပေးထားတယ်။

၃) To Do Lists က Personal , Work , Fun , Important , Custom ဆိုပြီးတော့ အရောင်တွေ နဲ့ ခွဲထားနိုင်တာ ကြိုက်ပေမယ့် … ကိုယ့်စိတ်ကြိုက် ခွဲလို့ မရတာတော့ ဘဝင်မကျမိဘူး။

၎) Habits ကတော့ တစ်ပတ် သို့ တစ်လ ရွေးချယ်ခွင့်သာ ရှိပြီး တစ်ရက် ကို ရွေးချယ်ခွင့် မပေးဘူး။ အကြိမ်အရေအတွက် ကလည်း အများဆုံး (၇) ကြိမ် အထိသာ ရွေးချယ်ခွင့် ပေးထားတာလေး ကိုလည်း လိုနေတာလေးပါ။

၅) အသုံးပြုသူ အလေ့အကျင့်တွေကို မှတ်မိပြီး သူ့အလိုလို ရွေးချယ်ခွင့်ပေးထားတာလေး က နှစ်ခြိုက်စရာပါ။

၆) Do it Tomorrow ရွေ့တာလေး ကလည်း ညာဘက်ထောင့်စွန်း က မြှားလေးကို နှိပ်လိုက်ရုံလေးပါပဲ။

၇) Calender တွေ ဖြစ်တဲ့ iCloud Calender , Google Calender တွေနဲ့ Synx လည်း လုပ်နိုင်ပါသေးတယ်။

၈) Window အတွက် အစမ်းသုံးကြည့်လို့ရနေသလို Android အတွက်ကလည်း မကြာခင် ထွက်တော့မှာပါ။


TIMEFUL | GET IT SCHEDULED |  GET IT DONE


Wednesday, August 13, 2014

ခေတ်သစ်ပုံပြင် – ကျီးကန်း နှင့် ယုန်ကလေး

ကျီးကန်းတစ်ကောင်က သစ်ကိုင်းပေါ်မှာ တစ်နေ့လုံးနားနေတယ်၊ မယ်မယ် ရရ ဘာအလုပ်မှလည်း မရှိဘူး။

သူ့ကိုကြည့်ပြီး ယုန်ကလေးတော့ အား ကျနေတာပေါ့။

"ကျုပ်လည်း ဘာမှမလုပ်ဘဲ ခင်ဗျားလို ငြိမ်ငြိမ်လေး တစ်နေ့လုံး ထိုင်နေချင် လိုက်တာ"

ယုန်ကလေးက ပြောတော့

"လာလေ၊ မင်းလည်း သစ်ပင်အောက်လာထိုင်နေပေါ့"

လို့ကျီးကန်း က ပြန်ပြော တယ်။

ဒါနဲ့ ယုန်ကလေးလည်း ကျီးကန်းနားနေတဲ့ သစ်ကိုင်းအောက်က မြေပြင်ပေါ် မှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တယ်။

ဘာမှမကြာဘူး၊ မြေခွေးတစ်ကောင်ရောက်လာပြီး ယုန်ကလေးကို ဖမ်း စား သွားလေရော တဲ့။

Management Lesson: To be sitting and doing nothing, you must be sitting very very high up.

သင်ခန်းစာ။ ။ ဘာမှမလုပ်ဘဲ တစ်နေ့လုံး ထိုင်နေဖို့ဆိုရင် အလွန့် အလွန်မြင့်တဲ နေရာမှာ နေမှ ရမယ်။


Ref: Management lessons.

Source: ကမ်းလက် ဝက်ဆိုက်မှ ဆရာ ဇင်ဝေသော်**High Post ** ပိုစ့် ကို ကူးယူဖော်ပြပါသည်။