Timeful Product Walkthrough from Timeful on Vimeo.
Timeful ဗီဒီယိုလေး ကြည့်လိုက်ရင်တော့ အကြမ်းသဘောလောက်တော့ သိသွားမယ်လို့ ထင်ပါတယ်။
၁) Event , To Do Lists , Habits တွေကို Calender Timeline မှာ လုပ်တဲ့အချိန် ပစ်ထည့်နိုင်အောင် Drag & Drop လေး က တော်တော် အဆင်ပြေတယ်။
၂) Event က All Day Event ရွေးလို့ရသလို ဘယ်အချိန် စ ပြီး ဘယ်အချိန် ပြီး မလဲ ဆိုတာရွေးတာမျိုး ပြုလုပ်ပေးထားတယ်။
၃) To Do Lists က Personal , Work , Fun , Important , Custom ဆိုပြီးတော့ အရောင်တွေ နဲ့ ခွဲထားနိုင်တာ ကြိုက်ပေမယ့် … ကိုယ့်စိတ်ကြိုက် ခွဲလို့ မရတာတော့ ဘဝင်မကျမိဘူး။
၎) Habits ကတော့ တစ်ပတ် သို့ တစ်လ ရွေးချယ်ခွင့်သာ ရှိပြီး တစ်ရက် ကို ရွေးချယ်ခွင့် မပေးဘူး။ အကြိမ်အရေအတွက် ကလည်း အများဆုံး (၇) ကြိမ် အထိသာ ရွေးချယ်ခွင့် ပေးထားတာလေး ကိုလည်း လိုနေတာလေးပါ။
၅) အသုံးပြုသူ အလေ့အကျင့်တွေကို မှတ်မိပြီး သူ့အလိုလို ရွေးချယ်ခွင့်ပေးထားတာလေး က နှစ်ခြိုက်စရာပါ။
၆) Do it Tomorrow ရွေ့တာလေး ကလည်း ညာဘက်ထောင့်စွန်း က မြှားလေးကို နှိပ်လိုက်ရုံလေးပါပဲ။
၇) Calender တွေ ဖြစ်တဲ့ iCloud Calender , Google Calender တွေနဲ့ Synx လည်း လုပ်နိုင်ပါသေးတယ်။
၈) Window အတွက် အစမ်းသုံးကြည့်လို့ရနေသလို Android အတွက်ကလည်း မကြာခင် ထွက်တော့မှာပါ။
TIMEFUL | GET IT SCHEDULED | GET IT DONE
No comments:
Post a Comment