တေးဆို - မန္တလေးသိန်းဇော် (မူရင်းတေးဆို – ရွှေမန်းတင်မောင်)
အမည် - အောင်ပါစေ (မန္တလေးသိန်းဇော် ၏ သောင်းထိုက်ကကျော် မြန်မာ့သဘင်လက်ရွေးစင်တေးစီးရီး)
တေးပြုစာဆို - အေဝမ်းဆရာညှာ
ဂီတမှူး - ရန်ကုန်စိန်ကြိုင်
သူငယ်ချင်းတွေ နဲ့ ဝိုင်းဖွဲ့ စာသင်တုန်းက ဆရာသမား က စာတွေ အကြောင်း ရှင်းပြရင်း မေးခွန်းတစ်ခု ကို ဥာဏ်စမ်း မေးပါတယ်။
ကျနော် က စာ လျောက်ဖတ်တတ်တဲ့ အကျင့် ရှိတော့ ဆရာသမား မေးတာကို မှန်အောင် ဖြေနိုင်ပါတယ်။
အဲ့ဒီတော့ သူငယ်ချင်း တစ်ယောက် က ကျနော့် ကို
“ဘယ်နားမှာလဲ”
ဆိုပြီး စာအုပ်ထဲမှာ အဲ့အကြောင်းအရာ ရေးထားတဲ့ အပိုဒ် ကို သည်းကြီးမဲကြီး ရှာမတွေ့တော့ မေးပါတယ်။
ကျနော် က အေးအေးဆေးဆေး ပဲ ကိုယ့်ခေါင်း ကို ကိုယ်လက်ညှိုး ထိုးပြီး
“ဒီထဲမှာ”
လို့ ပြောလိုက်တော့ အားလုံး ပွဲကျသွားပါတယ်။
(p.s. “ဘယ်နားမှာလဲ” လို့ တစ်ယောက်က မေးတော့ အရင်က အမှတ်တရလေး ပြန်သတိရမိလို့ပါ :D)
"တချို့ကစာနည်းတွေက တခြားအချိန်တွေမှာ သိပ်တွေ့ရလေ့မရှိဘဲ လွတ်လပ်ရေးနေ့ကျမှ ဘာကြောင့်ပြိုင်ကြသလဲ။
မုန့်စားပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ မျက်စိကို အဝတ်စီးပြီး သံပုံးရိုက်တဲ့ပွဲ ၊ ချောတိုင်တက်ပွဲ။
ဒါတွေက လွတ်လပ်ရေးနေ့မှာ မပါလို့မဖြစ်။
လွတ်လပ်ရေး အထိမ်းအမှတ်တစ်ခုလို ယှဉ်တွဲပါလာခဲ့လေသလားတောင် ထင်ရသည်။
............
လွတ်လပ်ရေးရခဲ့တာ ၆၄ နှစ် ကျော်လာခဲ့ပြီ
ခုတိုင်အောင် ကျွန်တော်တို့သည် အစားပြိုင်နေကြတုန်း။
တစ်ယောက်နှင့် တစ်ယောက် အောက်ပြုတ်ကျအောင် အသေအလဲ ဆော်နေကြတုန်း။
အပြစ်မရှိတဲ့ သံပုံးကို မမြင်မစမ်းနဲ့ လိုက်ရှာရိုက်ကြတုန်း။
တိုင်ထိပ်က မဖြစ်စလောက် ဆုကြေးငွေလေးကို မက်မောပြီး အချင်းချင်း ခွနင်းကျော်တက် လုယက်ကြတုန်း။"
မင်းလူ
(ပေါ်ပြူလာ၊ ဇန်နဝါရီ၊ ၂၀၁၂)
ကမ်းလက် ၏ လွတ်လပ်ရေးတွင် ပြန်လည်မျှဝေသော ဆရာ မင်းလူ ၏ “ကစားနည်း” ပိုစ့် ကို ကူးယူ ဝေမျှသည်။
“DO NOT ASK WHAT YOUR COUNTRY DO FOR YOU..
ASK WHAT YOU CAN DO FOR YOUR COUNTRY..”
"တိုင်းပြည် က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစားတဲ့……။ "
တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ”
I Don't Believe in People just Hoping
~ Aung San Suu Kyi ~
P.S. ၁၉ ရက် ဇွန်လ ၂၀၁၄ တွင် ကျရောက်သော အမေစု ၏ ၆၉ နှစ်မြောက် မွေးနေ့ အမှတ်တရ ပိုစ့် တင်ပါသည်။
သေသေချာချာ လုံလုံလောက်လောက် နားလည်မှု ရှိရင်တော့ဖြင့်
ရိုးရိုးရှင်းရှင်း ရှင်းပြ တတ်ကြ နိုင်ကြ ပါတယ်။
01. သိပ်ချစ်တာပဲ
02. ပြန်လာမယ် ပြန်ချစ်မယ်
03. တိုက်တိုက်ဆိုင်ဆိုင်
04. နောင်တ
05. အဟောင်းဆိုင်
06. ချစ်တာမင်းတစ်ယောက်တည်း
07. ဒီအတိုင်းပဲ ဆင်းလာခဲ့
08. အရာရာမင်း
09. သိုးမဲတွေအကြောင်း
10. နေရာ(၂)
11. ပျိုပျိုမေ
12. ဘာသာပြန်
13. နေရာ(၁)
14. ချစ်အသည်းကျော်မလေး
Source: ဇက်ဗီလင်းတန်း
၁။ သ ဒ္ဓါ = ယုံ ကြည် ခြင်း
၂။ သီ လ = ကိုယ် ကျင့် တ ရား
၃။ သု တ = အ ကြား အ မြင်
၎။ စာ ဂ = စွန့် ကြဲ ပေး ကမ်း ခြင်း
၅။ ပ ညာ = ဆင် ခြင် ဥာဏ်
၆။ ဟီ ရိ = ရှက် ခြင်း
၇။ သြ တ္တ ပ္ပ = ကြောက် ရွံ့ ခြင်း
Facebook Page - ဗုဒ္ဓဘာသာဆိုတာ … မှ ကူးယူ ဖော်ပြပါသည်။
တခါတလေ ကျတော့လည်း ကျနော်တို့တွေ သည် နားဖို့ လိုအပ်ပါသည်။
သာယာ လှပ တဲ့ နေရာလေး တစ်ခု မှာ။ တစ်ယောက်တည်း။
အရာအားလုံး ကို ဘေးဖယ် ထားပြီးတော့။