သူငယ်ချင်းတွေ နဲ့ ဝိုင်းဖွဲ့ စာသင်တုန်းက ဆရာသမား က စာတွေ အကြောင်း ရှင်းပြရင်း မေးခွန်းတစ်ခု ကို ဥာဏ်စမ်း မေးပါတယ်။
ကျနော် က စာ လျောက်ဖတ်တတ်တဲ့ အကျင့် ရှိတော့ ဆရာသမား မေးတာကို မှန်အောင် ဖြေနိုင်ပါတယ်။
အဲ့ဒီတော့ သူငယ်ချင်း တစ်ယောက် က ကျနော့် ကို
“ဘယ်နားမှာလဲ”
ဆိုပြီး စာအုပ်ထဲမှာ အဲ့အကြောင်းအရာ ရေးထားတဲ့ အပိုဒ် ကို သည်းကြီးမဲကြီး ရှာမတွေ့တော့ မေးပါတယ်။
ကျနော် က အေးအေးဆေးဆေး ပဲ ကိုယ့်ခေါင်း ကို ကိုယ်လက်ညှိုး ထိုးပြီး
“ဒီထဲမှာ”
လို့ ပြောလိုက်တော့ အားလုံး ပွဲကျသွားပါတယ်။
(p.s. “ဘယ်နားမှာလဲ” လို့ တစ်ယောက်က မေးတော့ အရင်က အမှတ်တရလေး ပြန်သတိရမိလို့ပါ :D)
No comments:
Post a Comment