"တချို့ကစာနည်းတွေက တခြားအချိန်တွေမှာ သိပ်တွေ့ရလေ့မရှိဘဲ လွတ်လပ်ရေးနေ့ကျမှ ဘာကြောင့်ပြိုင်ကြသလဲ။
မုန့်စားပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ မျက်စိကို အဝတ်စီးပြီး သံပုံးရိုက်တဲ့ပွဲ ၊ ချောတိုင်တက်ပွဲ။
ဒါတွေက လွတ်လပ်ရေးနေ့မှာ မပါလို့မဖြစ်။
လွတ်လပ်ရေး အထိမ်းအမှတ်တစ်ခုလို ယှဉ်တွဲပါလာခဲ့လေသလားတောင် ထင်ရသည်။
............
လွတ်လပ်ရေးရခဲ့တာ ၆၄ နှစ် ကျော်လာခဲ့ပြီ
ခုတိုင်အောင် ကျွန်တော်တို့သည် အစားပြိုင်နေကြတုန်း။
တစ်ယောက်နှင့် တစ်ယောက် အောက်ပြုတ်ကျအောင် အသေအလဲ ဆော်နေကြတုန်း။
အပြစ်မရှိတဲ့ သံပုံးကို မမြင်မစမ်းနဲ့ လိုက်ရှာရိုက်ကြတုန်း။
တိုင်ထိပ်က မဖြစ်စလောက် ဆုကြေးငွေလေးကို မက်မောပြီး အချင်းချင်း ခွနင်းကျော်တက် လုယက်ကြတုန်း။"
မင်းလူ
(ပေါ်ပြူလာ၊ ဇန်နဝါရီ၊ ၂၀၁၂)
ကမ်းလက် ၏ လွတ်လပ်ရေးတွင် ပြန်လည်မျှဝေသော ဆရာ မင်းလူ ၏ “ကစားနည်း” ပိုစ့် ကို ကူးယူ ဝေမျှသည်။
No comments:
Post a Comment