အတွေ့အကြုံ နှင့် အတွေးအကြံ
အတွေ့ ကို အခြေခံ၍ အတွေး ကို ပြုရသည်။
တစ်ဖန် အတွေး ကို အခြေခံ၍ အတွေ့ ကို ပြုကြရပြန်သည်။
တစ်ဖန် အတွေ့ ကို အခြေခံ၍ -
ကျွန်တော်တို့ မြန်မာလူမျိုးတို့ အဖို့ “ပညာရှိ” ဟု ဆိုလိုက်လျှင် “သူတော်ကောင်း” ဆိုသည့် အရည်အချင်းပါ ပါဝင်နေပြီး ဖြစ်သည်ဟု ယူဆကြပါသည်။ကျွန်တော်တို့ ယူဆသည့် အတိုင်း သူတော်ကောင်း အရည်အချင်းပါ ပါဝင်အောင် မိမိကိုယ်ကို ကြိုးစားသင့်ပုံ ကို ဆရာအောင်သင်း က အောက်တွင်ဖော်ပြသည့်အတိုင်း တိုက်တွန်းထားပါသည်။
ထို့ကြောင့် ကျွန်တော်တို့ မြန်မာပြည်တွင် ပညာရှိတစ်ယောက် ဖြစ်လာရန်မှာ “အတွေ့အကြုံ မှ အတွေးအကြံ” သာလျှင်မက “အကျင့်အမှန်” ကိုလည်း လိုအပ်သည်ဟု ထင်နေမိပါတော့သည်။
ခွန်အား စွမ်းပကား ကြီးသောသူ
ဒုတိယ ကမ္ဘာစစ်အတွင် အင်္ဂလိပ်မှ စင်ကာပူ ကို ကာကွယ်ရန် လွှတ်ထားသော၊ ခြောက်နှစ်လောက် မကျနိုင်ဟု အဆိုရှိသော သင်္ဘောနှစ်စင်း ကို ခါမိခါဇေ ခေါ် အသေခံ ဂျပန်တပ်သား များက လေယာဉ်ရော၊ ဗုံးရော၊ လူပါ သင်္ဘောခေါင်းတိုင်ကြီးများထဲ ထိုးသွင်းပြီး နှစ်မြှပ်ပစ်လိုက်ပုံ။ဂျာမနီ တွင် ဟစ်တလာ ၏ နာဇီ လူငယ် များ မွှေလိုက်နှောက်လိုက်သည့်အတွက် ဥရောပတိုက်ကြီး တစ်ခုလုံး ဗြောင်းဆန်သွားခဲ့ပုံ။
ဆိုဗီယက်ရုရှပြည်ထောင်စု ရှိ တပ်နီတော် က ရေခဲမှတ်အောက် ရောက်နေသည့် ရာသီဥတုကြီးထဲ ရန်သူ၏ ထိုးစစ်ကို ဟန့်တား တိုက်ထုတ်ခဲ့ပုံ။
ဆိုရှယ်လစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ၏ ပြည်သူ့တပ်မတော်လူငယ်များ ကိုရီးယားစစ်ပွဲတွင် လူလှိုင်းလုံးကြီးများ အဖြစ် တစ်လှိုင်းပြီး တစ်လှိုင်းအသေခံတက်ခဲ့ကြသည်ကို စက်သေနတ် တဖြောဖြော ပစ်သတ်နေသော အမေရိကန် စစ်သည်တော်များပင် ချောက်ချားပုံ။
ခွန်အားရှိသောသူတို့သည် မိတ်ဆွေဖြစ်လျှင် အားကိုးရသလောက်၊ ရန်သူဖြစ်လာလျှင် ကြောက်စရာကောင်းလှသည်။ကိုးကွယ်သည့် ဘာသာပေါ် မူတည်၍ မခွဲခြား သင့် ပုံကို ဆရာကြီးက
မကြာသေးမီကပင် အိန္ဒိယနိုင်ငံတွင် မာသာထရီဇာ ဆိုသော သူတော်စင်မိခင်ကြီး အနိစ္စရောက်သွားခဲ့သည်။ သူ့ကို ဘာသာတိုင်းက လူတန်းစားအလွှာလွှာက ငိုကြွေးအလေးပြုကြသည်။ သူသည် ခရစ်ယာန်ဘာသာဝင် ဖြစ်ကြောင်း အားလုံး သိကြသည်။ သို့သော် သူ့မှာ ဘာသာအစွဲအလန်း မရှိတော့ပြီ။ “သတ္တဝါအများ ရင်ဝယ်သား” ဟူသော ခံယူချက် ဝင်သွားခဲ့ပါလေသည်။တရားတော် အတိုင်း ကျင့်သုံးဖို့က ပိုအရေးကြီးကြောင်း ကို ဆရာအောင်သင်းက
မြတ်စွာဘုရားသခင်က “အကြင်သူသည် ငါဘုရား ၏ တရားတော်အတိုင်း ကျင့်ကြံနေထိုင်၏။ ထိုသူသည် ငါဘုရားနှင့် ယူဇနာကွာသော်လည်း ငါဘုရား၏ သင်္ကန်းစွန်းကို ဆွဲလိုက်နေသည်ပင်ဖြစ်၏။ အကြင်သူသည် ငါဘုရား၏ သင်္ကန်းစွန်းကို ဆွဲလိုက်နေသည် မှန်၏၊ သို့သော် ငါဘုရားဟောသော တရားကို ကျင့်သုံးခြင်းမပြု၊ ထိုသူသည် ငါဘုရားနှင့် ယူဇနာကွာ၏” ဟု မိန့်ကြားတော်မူခဲ့သည်။
ခါး ရာမှ ချို
- တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် အရှင် ဝိစိတ္တသာရာဘိဝံသ က ပါဠိတော်များကို အထောက်အထား အကိုးအကား နှင့်တကွ လျှောက်ထားရာတွင် ကျမ်းအချို့ အဆိုအမိန့် ကွဲပြားချက်များကို ထည့်သွင်း လျှောက်ထားသည်မက ရှေ့နောက်ကျိုးကြောင်း ဆက်စပ်လျက် မည်သို့ ကောက်ယူသင့်ကြောင်း တည်းဖြတ် လျှောက်ထားတတ်ပုံ၊
- ဝိသေဌ ဟူသော ဂုဏ်ပုဒ် – ပိဋကတ်တော် ကို ပြန်ဆိုနေစဉ် အထောက်အမ ကင်းမဲ့ကြောင်း (ထစ်နေ၊ မေ့နေ၍ စာထောက်ပေးရခြင်း မရှိကြောင်း) သိလိုက်ရပြန်သောအခါ ပို၍ပင် အံ့သြမိပုံ။
- သံဂါယနာတင်လိုပါသော်လည်း ပိဋ္ဋကတ်သုံးပုံ ကို ဆောင်သော ရဟန်းတော်တစ်ပါး တလေမျှ မရှိသောကြောင့် ထေရ်ကြီး ဝါကြီး သံဃာတော်ကြီးများမှာ အခက်တွေ့နေကြစဉ် “တပည့်တော် ထိုတာဝန် ထမ်းပါတော့မည်” ဟု ရဲရဲတောက် ပဋ္ဋိသာဉ်ပြုခဲ့ပုံ၊
မည့်သည့် နယ်ဘက်တွင် အောင်မြင်သူ ဖြစ်စေ အတ္တဗဟိုပြုသူတို့၏ အောင်မြင်မှုမှာ ခါးသည်းခြင်း နှင့်သာ အဆုံးသတ်လျက် ပရဟိတ ကို ဦးတည်သော သူတို့၏ ဘဝမှာ ခါး ရာမှ ချို၍ ချို၍ လာသည်ဟု ထင်လိုက်မိပါတော့သည်။
လူပျိုသိုး နာမည်ပျက်ခဲ့ရခြင်း (၁)
ဘာကြောင့် ချင်းမလေး၊ မွန်မလေး ဆိုတဲ့ နာမည် ကို ခံယူကြသလဲ ဆိုရင်
(၁) ထူးထူးခြားခြား ဖြစ်သည်။
(၂) ပရိသတ် က ချစ်ခင်ကြသည်။
(၃) တော်ရုံတန်ရုံ ပြောမှားဆိုမှား ဖြစ်လျှင်ပင် ပရိသတ်က ကြင်နာစိတ် နှင့် ခွင့်လွှတ်စရာ အကြောင်းရှိသည်။
ဒီအချက်တွေကြောင့် တိုင်းရင်သူ နာမည်တွေကို ခံယူခဲ့ကြသည်ဟု ထင်မိပါသည်။
လူပျိုသိုး နာမည်ပျက်ခဲ့ရခြင်း (၂)
လူမျိုးပေါင်းစုံ၊ အယူအဆ၊ ကိုးကွယ်မှု၊ ယုံကြည်မှုပေါင်းစုံ ရောပြွမ်းနေသော အိန္ဒိယပြည်ကြီး လွတ်လပ်ရေး ရပြီးစ အချန်တွင် ခေါင်းဆောင်ကြီး ဒေါက်တာ ရာဂျန္ဒာပရာဆတ် ၏ မိန့်ခွန်း ကို ဆရာကြီး က တိတိကျကျ ဘာသာပြန်ခြင်း မဟုတ်သော်လည်း စိတ်ဝမ်းမကွဲဘဲ စည်းလုံးညီညွတ်ရန် ဆိုသည့် လိုရင်းအချက် ကို* * * * * * * * * *မောင်တို့ မယ်တို့ …..
ငါတို့ တစ်တွေဟာ လွတ်လပ်ရေး ရခဲ့ပြီးပြီ။ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ အားလုံးစုပေါင်း နေထိုင်ကြတော့မယ်။ အင်္ဂလိပ်လက်အောက်မှာ နေခဲ့ရစဉ်က ဒီလိုပဲ အမှတ်မထင် နေလာခဲ့ကြပေမယ့် စုပေါင်းပြီးနေတော့မယ် ဆိုခါမှ စိတ်ဝမ်းကွဲသွားတတ်ကြတယ်။ သာဓကကို ပြရမယ်ဆိုရင် မောင်တို့ မယ်တို့ သိတဲ့အတိုင်း “ဂရိစ်” ဟာ ပထမတုန်းက မြို့ပြနိုင်ငံလေး ကိုယ်စီနဲ့ သီးခြားနေခဲ့ကြတာပါပဲ။ ကိုယ့်မြို့ပြကလေး သီးခြားပင် ရှိလင့်ကစား ဒီလိုပဲ အရောရော အနှောနှော ကူးလူးဆက်ဆံနေခဲ့ကြတာပဲ။ နောက်တော့ ဂရိမြို့ပြနိုင်ငံတွေ အားလုံး စုပေါင်းပြီး နေကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ပထမတုန်းက ဘာမှ မဖြစ်ဘူး။ စုပေါင်းပြီး နေကြတော့မယ်လည်း ဆိုလိုက်ရော သူက သာနိုးနိုး၊ ကိုယ်က နာနိုးနိုး။ သူကများ လွှမ်းမိုးသွားလေမလား၊ ကိုယ့်အမျိုးသား ပျောက်သွားလေမလား စသည်အားဖြင့် တစ်ဦးကို တစ်ဦး သံသယ ဖြစ်လာကြတော့တာပဲ။ ဒီတော့ ကိုယ့်အမျိုးသား ယဉ်ကျေးမှု ကလေး ပျောက်ပျက်မသွားအောင် အရင်က မေ့မေ့လျော့လျော့ထားခဲ့တဲ့ ယဉ်ကျေးမှု အဟောင်းအနွမ်း ကလေးတွေကအစ ပြန်ပြီး ဖော်ထုတ်ဖို့ ကြိုးစားလာခဲ့ကြတယ်။ အဲဒီလို ဖြစ်မလာလေအောင် မောင်တို့ မယ်တို့ စောင့်ရှောက်ကြရလိမ့်မယ်
* * * * * * * * * *
နှလုံးသား ကို လေးပေါ်တင်၍ ပစ်သောအခါ
ဆရာကြီး က တပည့်များ လူငယ်များ ကို ဆုတောင်းခြင်း ဆုပန်ခြင်း နှင့် ပတ်သက်၍ ပြောလေ့ရှိသော စကားယောက်ျားကောင်း ဆိုတာ ဆုမတောင်းရဘူးကွ၊ ဆုပန်ရတယ်မင်းတုန်းမင်းကြီး က ယောအတွင်းဝန် ဦးဖိုးလှိုင် အား အမေးတော်
ဟဲ့ ဖိုးလှိုင်၊ မရှိတာထက် မသိတာခက် ဆိုတာ ဟုတ်သလားကွဲ့ဆရာကြီး ၏ ဆောင်းပါး အနှစ်ချုပ်
ဟုတ်ကြောင်းပါ ဘုရား
မသိတာထက် ခက်တာကော ရှိသေးသလားကွဲ့
ရှိပါသေးတယ် ဘုရား
ဘာများလဲကွဲ့
မလုပ်တာပါ ဘုရား
မလုပ်တာက ဘာကြောင့် ပိုခက်တာလဲကွဲ့
မှန်ပါ မရှိတာလည်း ရှိအောင်လုပ်ရင် ရှိပါတယ် ဘုရား။ မသိတာလည်း သိအောင်လုပ်ရင် သိပါတယ် ဘုရား။ မလုပ်တာကတော့ ဘာမှ မဖြစ်နိုင်တော့တာမို့ အခက်ဆုံး ဖြစ်ပါတယ် ဘုရား
မင်းတုန်းမင်းကြီးက အင်း တော်ပေသကွယ်။ ပညာရှိစကား ပီပါပေရဲ့ ဟု မိန့်တော်မူပြီး လက်စွပ် တစ်ကွင်း ကို ပညာဆု အဖြစ် ချီးမြှင့်တော်မူလေသည်။
- မိမိ အတွင်းစိတ် နှင့် စွမ်းရည် ကို စစ်ဆေး၍ ဘဝ အထုံ ကို ရှာပါ။
- ဘဝကံကြောင့် မိမိလိုချင်သည့် ပန်းတိုင်ကို တိုက်ရိုက် မသွားနိုင်စေဦးတော့ အစားထိုး အောင်မြင်နိုင်သည်ကို သတိရပါ။
- ထိုပန်းတိုင် ကို ရောက်နိုင်ရန် ဆုမတောင်းပါနှင့်၊ ဆုပန်ပါ။ (ခိုင်မာသော အဓိဌာန်ချပါ)
- ကြိုးပမ်းနေခိုက်တွင် မုချကြုံရမည် ဖြစ်သော လောကဓံ ကို သည်းခံ ရင်ဆိုင် နိုင်အောင် စိတ်ကို လေ့ကျင့်ထားပါ။
- ငယ်ငယ် နှင့် မသေအောင် ဂရုစိုက်ပါ။ ကျန်းမာအောင်နေပါ။ (သေလျှင် ဘာမှ မလုပ်နိုင်၊ မကျန်းမာလျှင်လည်း ဘာမှ မလုပ်နိုင်။ ဘာမှ မလုပ်နိုင်လျှင် ဘာမှ မဖြစ်နိုင်ကြောင်း သတိရပါ။)
- တာဝန်သိသော လူကြီးများက မိမိတို့အတွက် ရေးထားပေးခဲ့သမျှ စာ၊ လုပ်ပေးခဲ့သမျှ အသီးအပွင့် ကို ရအောင် ဆည်းပူးပါ။
- ကိုယ့်အလှည့် ရောက်လာလျှင်လည်း မျိုးဆက်သစ် အတွက် တစ်ခုခု လုပ်ပေးရမည် ဟူသော တာဝန်သိစိတ်ကို ယခုကတည်းက မွေးပါ။
ရိုးဖြောင့်မှု အရင်းအနှီး
အခြားအခြားသော အရင်းအနှီးများ ကို တန်းတူညီမျှ လူတိုင်း မရနိုင်စေကာမူ ရိုးဖြောင့်မှု အရင်းအနှီး ကိုတော့ဖြင့် မည်သူမဆို လိုချင်လျှင် ရနိုင်သည်ပင် ဖြစ်ပါသည်။ ရိုးဖြောင့်မှု ဟူသော ဂုဏ်ကို မည်သူမဆို လိုချင်လျှင် ရနိုင်သည်သာ ဖြစ်သည်။ဆရာကြီး က နိဂုံး ကို ဤသို့
“ဒီခေတ်ကြီး မှာ ရိုးရိုးသားသား လုပ်နေရင် ထမင်းငတ်သွားမှာပေါ့” ဟု ပြောတတ်သော လူမျိုးကို ဘယ်တော့မှ အထင်မကြီးပါလေနှင့်။ ကလိန်ကျတတ်သော စရိုက်ကို အဖတ်ဆယ်သော စကားဖြစ်သည်။ မိမိ မဟုတ်တမ်းတရား လုပ်နေသည်ကို ကိုယ့်ဘာသာ လိပ်ပြာသန့်အောင် ပြောသည့်စကား ဖြစ်သည်။ လူကောင်းသူကောင်း တို့မည်သည် မဟုတ်တာ တစ်ခုကို လုပ်လိုက်မိလျှင် ကိုယ့်ဘာသာ လိပ်ပြာမသန့်နိုင်အောင် ဖြစ်တတ်သည်မှာ သဘာဝ ဖြစ်သည်။ မဟုတ်တမ်းတရား လုပ်နေသည်ကို ပင်လျှင် လိပ်ပြာသန့်နေသော သူမျိုးကို ဘယ်လို လူမျိုးက ယုံကြည်စိတ်ချ နိုင်ပါမည်နည်း။
မိမိကိုယ်၌ “ရိုးဖြောင့်မှု အတွက် လုံးဝ တာဝန်ယူသည်” ဟူသော စာတန်း ကပ်နိုင်ကြပါစေသတည်း။
အတွေးအမြင် သဘောထား ကြီးရင့်မှု
“သင် ၏ ရန်သူ ကို သတိပြုပါ။ သူသည် သင် ၏ ချို့တဲ့ချက် ကို ပထမဆုံး မြင်သူဖြစ်သည်။” ဟူသော စကား ရှိပါသည်။ အတိုက်အခံ ဖြစ်နေသူက ထောက်ပြလိုက်သော မိမိပျော့ကွက်ကို မြင်လိုက်လျှင် မိမိကိုယ်မိမိ အချိန်မှီ ပြင်ဆင်နိုင်သည့်အတွက် အကျိုးကျေးဇူး ကြီးမားကြောင်း ပြဆိုသော စကား ဖြစ်ပါသည်။
လူလိမ္မာ တို့သည် သူတစ်ပါး ၏ အမှားမှ သင်ခန်းစာ ရယူနိုင်ကြ၏။
လူမိုက် တို့ကား မိမိကိုယ်တိုင် မှားမှ သင်ခန်းစာ ရယူနိုင်ကြ၏။
ပို၍ မိုက်မဲသော သူတို့သည်ကား မိမိကိုယ်တိုင် မှားပါလျက် သင်ခန်းစာ မယူတတ်ကြကုန်။
လူငယ့်ဇွဲ နှင့် ကျွန်ပညာ
သူတကာတွေက ကိုယ့်ထက် ခြေလှမ်း ငါးဆယ်လောက် ကြောနေပြီး ဖြစ်သည်ကို အသိအမှတ် ပြုထားရပါမည်။ သူတို့ကလည်း ရပ်နေမည် မဟုတ်။ ရှေ့ကို လှမ်းနေမည်သာ။ရိုးဖြောင့်မှု အရင်းအနှီး
သူတို့က တစ်လှမ်းလှမ်းချိန်တွင် ကိုယ်ကလည်း တစ်လှမ်းတည်းသာ လှမ်းနေမည် ဆိုပါက ခြေလှမ်း ငါးဆယ် ထာဝရ ကွာနေမည်သာ ဖြစ်သည်။
သူတို့တစ်လှမ်းမှာ ကိုယ်က သုံးလေးလှမ်းလောက် လှမ်းနိုင်ပါမှ တော်ရုံ ကျပါလိမ့်မည်။
အထက်တန်း ကျလိုလျှင် အောက်တန်းစား စိတ်ဓာတ်မျိုး ကို မမွေးပါနှင့်။
မလိမ့်တပတ် လုပ်ခြင်း၊ နှစ်ပေါက် တစ်ပေါက် ရိုက်ခြင်း ဆိုသည့် လုပ်ရပ်မျိုးမှာ အောက်တန်းစား စိတ်ဓာတ်မျိုး ဖြစ်သည်။ မည်သည့် အခါမျှ မမွေးပါနှင့်။ ယောင်လို့မျှ မတွေးသင့်ကြပါ။
“လည်သည်” ဟူသော ဂုဏ်မျိုးကို မမက်သင့်ပါ။
“ကျွမ်းကျင်သည်” ဟူသော ဂုဏ်မျိုးသာ မက်သင့်ပါသည်။
ကထာဝတ္ထု
ကထာဝတ္ထုသုတ် ၏ ပဓာနအချက်များကို ဂါထာဖွဲ့၍ နိဂုံးချုပ်ထားသော မြန်မာပြန်မှာအကြင်သူတို့သည် ဆန့်ကျင်ကုန်သည် ဖြစ်၍ မှားသောအားဖြင့် နှလုံးသွင်းကုန်ပြီးလျှင် ထောင်လွှားကုန်လျက် ပုထုဇဉ်တို့၏ ဥစ္စာဖြစ်သော ဂုဏ်သိက္ခာကို ထိခိုက်၍ အချင်းချင်း အပြစ်ရှာလျက် ပြောဆိုကုန်၏။
(ထိုသူတို့သည်) အချင်းချင်း ၏ မကောင်းသဖြင့် ပြောဆိုအပ်သော အနည်းငယ်မျှ ချွတ်ယွင်း တွေဝေသော အရှုံးစကားကို အလွန် နှစ်သက်ကုန်၏။ အရိယာပုဂ္ဂိုလ်တို့ကား ထိုစကားမျိုးကို မဆိုပေ။
ပညာရှိသည် အကယ်၍ စကားပြောဆိုလိုလျှင် အချိန်အခါကို သိ၍ တရား၌ တည်လျက် တရား နှင့် ယှဉ်စပ်သော အရိယာတို့၏ အသုံးအနှုန်းဖြစ်သော စကားကို ဆိုရာ၏။
ပညာရှိသည် မဆန့်ကျင် မထောင်လွှားဘဲ မပျံ့လွင့်သောစိတ်ဖြင့် ဂုဏ်မပြိုင် နိုင်ထက်က လူမပြု။ ထိုပညာရှိသည် ငြူစူခြင်း မရှိဘဲ ကောင်းစွာသိ၍ ပြောဆို၏။ ကောင်းစွာပြောဆိုသော စကားကိုလည်း ဝမ်းမြောက်ရာ၏။ မကောင်းသဖြင့် ဆိုအပ်သော် မခြိမ်းခြောက်ရာ။
သူတစ်ပါးအား ချုပ်ချယ် စောင်းမြောင်းခြင်းကို မပြုကျင့်ရာ၊ ချွတ်ချော်သော စကားကိုလည်း (အပြစ်ဟု) မယူရာ၊ (ပါဌိပါဌ်သားတို့ကိုလည်း ရွတ်၍လည်း) မလွှမ်းမိုးရာ၊ (အကြောင်းပြ၍) မဖိနှိပ်ရာ၊ အမှန်အမှား ရောစပ်သော စကားကိုလည်း မဆိုရာ။
သူတော်ကောင်းတို့၏ ဆွေးနွေးခြင်းသည် စင်စစ် သိခြင်း ကြည်ညိုခြင်း အကျိုးငှာသာ ဖြစ်၏။ ဤသို့လျှင် အရိယာတို့သည် တိုင်ပင်ကုန်၏။ ဤသည်ကား အရိယာတို့၏ တိုင်ပင်ခြင်း မည်၏။ ပညာရှိသည် ထိုအရိယာတို့၏ တိုင်ပင်ခြင်းကို သိ၍ မထောင်လွှားဘဲ တိုင်ပင်ရာသတည်း။
တရားကျခြင်း နှင့် နားချခြင်း
ခြောက်မျိုးသော တရား တို့နှင့် ပြည့်စုံသော ရဟန်းသည် မိမိအကျိုး ကို လည်းကောင်း၊ သူတစ်ပါး ၏ အကျိုး ကို လည်းကောင်း ဖြစ်ထွန်းစေနိုင်၏။(၁) ကုသိုလ်တရား တို့ကို နားလည်လွယ်၏။ထိုတရားခြောက်ပါး နှင့် ပတ်သက်၍ ရှစ်မျိုး ခွဲခြားပြရာတွင် ပထမတစ်ခု ကို မရေးသားပေ။ ကျန်ခုနှစ်မျိုးမှာ
(၂) ထိုတရား တို့ကိုလည်း ဆည်းပူး မှတ်သားထားတတ်၏။
(၃) မှတ်သားထားသမျှ တရားတို့၏ သဘောကိုလည်း သုံးသပ် ဆင်ခြင်၏။
(၄) တရား ကို သိသည့်လျော်စွာ တရားအတိုင်းလည်း ကျင့်၏။
(၅) ရည်မွန် ပြေပြစ်သော စကားကိုလည်း ဆိုတတ်၏။ (စကားပြောလည်း ကောင်း၏။)
(၆) မိမိ ၏ အပေါင်းအဖော် တို့အားလည်း တရားကျင့်သုံးရန် စိတ်ထက်သန်အောင် ဖန်တီးနိုင်၏။
(၂) ကုသိုလ်တရား တို့ကို နားလည် လွယ်ခြင်း ဟူသော အရည်အချင်း ချို့တဲ့နေစေဦးတော့ ကျန်အင်္ဂါငါးပါး နှင့် ပြည့်စုံလျှင် မိမိအကျိုး၊ သူတစ်ပါးအကျိုး ကို ဆောင်နိုင်စွမ်း ရှိသည်။
(၃) အခြားအင်္ဂါရပ်တို့နှင့် ပြည့်စုံနေပါသော်လည်း စကားပြောမကောင်းသဖြင့် အပေါင်းအဖော်များအား တရား၌ စိတ်အားထက်သန်အောင် မပြုနိုင်လျှင် မိမိအကျိုးသာ ပြည့်စုံနိုင်လျက် သူတစ်ပါး အကျိုးကို မဆောင်နိုင်။
(၄) နံပါတ်(၃) အချက် သဘောကို ဆင်ခြင် သုံးသပ်နိုင်ခြင်းလည်း မရှိ၊ ထိုကြောင့် နံပါတ်(၄) ကျင့်ခြင်းကိုလည်း မပြုနိုင်။ အခြားသော အင်္ဂါရပ်တို့နှင့်ကား ပြည့်စုံ၏။ ထိုရဟန်းသည် သူတစ်ပါးအကျိုးကို ပြု၏။ မိမိအကျိုးကိုကား မဖန်တီးနိုင်။
(၅) လျင်မြန်သော နားလည်လွယ်မှု မရှိစေကာမူ တရားကို မှတ်သားပြီး သုံးသပ် ဆင်ခြင်လျက် ကျင့်၏။ သို့သော် တစ်ဖက်သား နားဝင်အောင် ပြောမပြတတ်။ မိမိအကျိုးကိုလည်း ပြုနိုင်စွမ်း၏။ သူတစ်ပါး ၏ အကျိုးကို မပြုနိုင်။
(၆) လျင်မြန်သော နားလည်လွယ်မှု မရှိ။ မှတ်တော့ မှတ်မိ၏။ သုံးသပ်မှု မရှိ။ ကျင့်မှုလည်း မရှိ။ သို့သော် သူတစ်ပါးတို့ နားလည်အောင်၊ နားကျအောင်ကား ပြောတတ်၏။ သူတစ်ပါး အကျိုး ကို ဆောင်နိုင်၏။ မိမိအကျိုးကား မဖြစ်ထွန်းနိုင်။
(၇) လျင်မြန်သော နားလည်လွယ်မှု မရှိ။ ဆောင်ထား မှတ်ထားခြင်းလည်း မရှိ။ ဆောင်ထားသမျှ ၏ သဘောကိုကား သိ၏။ ကျင့်လည်း ကျင့်၏။ တစ်ပါးသူတို့အား ဟောပြောနားချခြင်း၌ကား မစွမ်း။ မိမိ အကျိုး ကို စွမ်းနိုင်၏။ သူတစ်ပါး အကျိုးကို မဆောင်နိုင်။
(၈) မိမိကိုယ်တိုင်က တရားကို နားလည်လွယ်သည့် သဘောမရှိ၊ မှတ်ဆောင်ခြင်း မပြု၊ ဆင်ခြင် သုံးသပ်မှုလည်း မရှိ၊ ကျင့်လည်း မကျင့်။ သို့သော် တစ်ပါးသူတို့ကို ကျင့်သုံးလာအောင်တော့ ပြောတတ်၏။ သူတစ်ပါး အကျိုးစီးပွားကို ဆောင်၏။ မိမိ ၏ အကျိုးစီးပွားကို မဆောင်နိုင်။
ရှင်သာရိပုတြာ ၏ ဝေဖန်ရေး ပဉ္စသီ
ဆရာဇော်ဂျီ က ဆရာအောင်သင်း ကို သူ့အလေ့အတိုင်း ခေါင်းကလေး ပွတ်ရင်းသပ်ရင်း ကိုယ့်စကား အတွက် ပြောမိတာက"ဒီလိုပဲ ကိုအောင်သင်း ရေ၊ ဆရာတို့က တစ်သက်လုံး သူများပြောတဲ့ စကားတွေကိုချည်း ပြောလာခဲ့တာ မဟုတ်လား၊ ဗုဒ္ဓ က ဘယ်လို ဟောတယ်၊ ဆော့ခရိတ္တိ က ဘယ့်နှယ် ပြောတယ် စသည်ဖြင့် ပေါ့လေ။ နောက်တော့မှ အင့် – ဟင် ငါ့စကား ငါ တစ်ခါမှ မပြောခဲ့ဖူးသေးပါလား သတိရပြီး ကိုယ့်စကား ကိုယ်ပြောဖို့ ကြိုးစားလိုက်ရတာ တကယ် ပင်ပန်းတာကိုး ကိုအောင်သင်း ရ၊ ဟော – ကိုယ့်စကားလေး ကိုယ်တစ်ခွန်းစ နှစ်ခွန်းစ လည်း ပြောတတ်လာပါလေရော၊ ခေါင်းကလည်း ဖြူလာပါလေရောဗျား”စောဒနာ အဓိပ္ပာယ်
“စောဒနာ” ဟူသော ပါဠိ ဝေါဟာရ ၏ အနက်ရင်းမှာ “တိုက်တွန်းခြင်း၊ အပြစ်တင်ခြင်း၊ လှုံ့ဆော်ခြင်း” ဟူသော သဘောကို ရပါသည်။ ကျွန်တော်တို့ ခေတ်သုံးစကား နှင့် ဆိုသော် “ဝေဖန်ခြင်း” ဟု ယူနိုင်ပါသည်။စောဒနာသုတ် တွင် အရှင်သာရိပုတြာ က ရဟန်းတို့ ကို မိန့်ဆိုတော်မူတာက
ငါ့သျှင်တို့ သူတစ်ပါး ကို စောဒနာ လိုသော စောဒကရဟန်း သည် ဤတရားငါးမျိုးတို့ကို မိမိ သန္တာန်၌ ဖြစ်စေ၍ သူတစ်ပါးကို စောဒနာ ရမည်။ဝေဖန်ခံရသူ ကျင့်အပ်သော တရား နှစ်ပါး
အဘယ် ငါးမျိုးနည်း ဟူမူ -
(၁) လျောက်ပတ်သော အခါ၌ ဆိုအံ့၊ မလျောက်ပတ်သော အခါ၌ မဆိုအံ့။
(၂) ဟုတ်မှန်သော စကားဖြင့် ဆိုအံ့၊ မဟုတ်မမှန်သော စကားဖြင့် မဆိုအံ့။
(၃) နူးညံ့သော စကားဖြင့် ဆိုအံ့၊ ကြမ်းတမ်းသော စကားဖြင့် မဆိုအံ့။
(၄) အကျိုး နှင့် စပ်သော စကားဖြင့် ဆိုအံ့၊ အကျိုး နှင့် မစပ်သော စကားဖြင့် မဆိုအံ့။
(၅) မေတ္တာစိတ် ရှိသည်ဖြစ်၍ ဆိုအံ့၊ ဒေါသစိတ် ရှိသည်ဖြစ်၍ မဆိုအံ့။
ငါ့သျှင်တို့ စုဒိတက ပုဂ္ဂိုလ် (စောဒနာခံရသူ) သည် မှန်ကန်သော သဘော၌ လည်းကောင်း၊ အမျက် မထွက်ခြင်း၌ လည်းကောင်း၊ ဤနှစ်ပါးသော တရားတို့၌ တည်ရမည်။ ငါ့သျှင်တို့ သူတစ်ပါးတို့သည် လျောက်ပတ်သော အခါ၌ ဖြစ်စေ၊ မလျောက်ပတ်သော အခါ၌ ဖြစ်စေ၊ ဟုတ်မှတ်သော စကားဖြင့် ဖြစ်စေ၊ မဟုတ်မှန်သော စကားဖြင့် ဖြစ်စေ၊ အကျိုး နှင့် စပ်သော စကားဖြင့် ဖြစ်စေ၊ အကျိုး နှင့် မစပ်သော စကားဖြင့် ဖြစ်စေ၊ မေတ္တာစိတ် ရှိကုန်၍ ဖြစ်စေ၊ ဒေါသစိတ် ရှိကုန်၍ ဖြစ်စေ၊ ငါ့ကို အကယ်၍ စောဒနာ ကြလျှင်၊ ငါသည်လည်း မှန်ကန်သော သဘော၌ လည်းကောင်း၊ အမျက် မထွက်ခြင်း၌ လည်းကောင်း၊ ဤတရား နှစ်ပါးတို့၌ သာလျှင် တည်အံ့။အရှင်သာရိပုတြာ သည် ဘုရားရှင် ကို မေးခွန်းမေးရာ ဘုရားရှင်က မလိုက်နာ မကျင့်သုံးသူ တွေကို ထား၍ လိုက်နာကျင့်သုံးသူ တွေကိုသာ သွန်သင်ဆုံးမရန် မိန့်တော်မူသည်။
“ဤတရား သည် ငါ၌ ရှိ၏” ဟု အကယ်၍ သိပါမူ “ဤတရား သည် ငါ၌ ရှိ၏၊ ငါ၌ ထင်ရှား၏” ဟု ထိုသူကို ပြောအံ့၊
“ထိုတရား သည် ငါ၌ မရှိ” ဟု အကယ်၍ သိပါမူ “ထိုတရား သည် ငါ၌ မရှိ၊ ငါ၌ မထင်ရှား” ဟူ၍ ထိုသူကို ပြောပေအံ့ ဟု နှစ်ပါးသော တရားတို့၌ တည်ရမည် ဟု မိန့်ဆို၏။
စာကြည့်သင်း ယဉ်ကျေးမှု သို့
ဆရာကြီး က ဦးအေးမောင် ၏ ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ ဒု-တွဲ၊ စာ ၃၈-၃၉ မှ စာပိုဒ် ဖြင့် ဆင်ခြင်ကြည့်ခိုင်းထားပါသည်။ဒုစရိုက် ရှောင်ကြဉ်မှု ဖြင့် ကျေနပ်မနေဘဲ ကုသိုလ်ကောင်းမှု ပွားများရန် အားထုတ်ရန် ဟောကြားသော ဗုဒ္ဓစကားများကို ပိဋကတ်တွင် အတော်များများ တွေ့ရ၏။ သို့ဖြစ်စေကာမူ ယနေ့ မြန်မာ ဗုဒ္ဓဝါဒီတို့၏ သီလသည် အများအားဖြင့် ဒုစရိုက် ရှောင်ကြဉ်မှု သာလျှင် ဖြစ်ကြောင်း ကျွန်ုပ်တို့ ဝန်ခံရပေလိမ့်မည်။စာကြည့်သင်း နှင့် အငှါးဆိုင် သဘာဝ ကို ယှဉ်ကြည့်ပါက စာကြည့်သင်း ၏ တန်ဖိုး ပိုပြီး သိသာ မြင်သာ ဖြစ်လာသည်။
မြန်မာတို့သည် သူတစ်ပါး အသက်သတ်ခြင်း ကို ရှောင်ကြဉ်ကြ၏။ လူတို့၏ အသက် ကို ကယ်သော ဆေးရုံကိုကား ရက်ရောစွာ ပိုက်ဆံကြေးငွေ မလှူကြချေ။
တိရစ္ဆာန်များကို သတ်ဖြတ်ညှဉ်းဆဲခြင်း မပြုကြသော်လည်း တိရစ္ဆာန်ညှဉ်းပန်းမှု တားမြစ်ရေးအသင်း ကိုကား အားမပေးလိုကြချေ။
သူတစ်ပါး ဥစ္စာကို မခိုးသော်လည်း ပြည်သူလူထုပိုင် ပစ္စည်းများကို ရိုသေ စောင့်ရှောက်လေ့ မရှိကြချေ။
မဟုတ်မမှန်သော စကား ပြောဆိုမှု ကို ရှောင်ကြသော်လည်း လူအများ အကျိုးရှိစေမည့် ဟုတ်မှန်သော စကား ကို လူအများ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပွင့်ပွင့်လင်းလင်း ပြောဆိုရဲသော စိတ်ဓာတ်သတ္တိ မရှိကြချေ။
စာကြည့်သင်း ဆိုသည်မျိုးက “အသင်း” ဆိုသည့်အတိုင်း အများတို့ စုဝေးရာ၊ စုဝေးနိုင်သော နေရာဖြစ်သည်။
ထိုကြောင့် စာကြောင်း၊ ပေကြောင်း၊ ဟိုစာအုပ်အကြောင်း၊ ဒီစာအုပ်အကြောင်း စသည်တို့ကို ဆွေးနွေးပြောဆိုနိုင်သည်။ယနေ့ခေတ် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုခေတ်
စာကြည့်သင်း ကို ကြီးကြပ် လုပ်ဆောင်သူတို့ကလည်း သူ့နေရာ ဌာနအလျောက် သူ့အတိုင်းအတာ အားလျော်စွာ စာပေသမားကလေးများအား “စာလမ်းညွှန်” လုပ်ပေးနိုင်သည်။
လောလောဆယ်အားဖြင့် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု နေရာ ကို အစားဝင်ယူနိုင်သည်မှာ စာကြည့်တိုက်သင်း ယဉ်ကျေးမှု ဖြစ်နိုင်သည်။ဖြစ်ဖို့ ဆိုတာက ခက်လှသည့် ကိစ္စ မဟုတ်ကြောင်းကို
ဤသည်တို့မှာလည်း ခက်လှသည့် ကိစ္စများ မဟုတ်ပါ။ စပြီး “တည်မိ” ဖို့သာ လိုပါသည်။ နောက်ထပ် ဆက်လက် တိုးတက်ရာ တိုးတက်ကြောင်း တို့ကို အလိုလို စဉ်းစား မြော်မြင် လာနိုင်ကြပါလိမ့်မည်။ သင့်တင့် လျောက်ပတ်သော ပုဂ္ဂိုလ်များကို ပင့်ဖိတ်ဟောပြောစေခြင်း၊ ဦးဆောင် ဆွေးနွေးပြီး မေးမြန်း ပညာယူခြင်း၊ စာပေရေးသားလိုသော လူငယ်များအတွက် ကလောင်သွေးရန် နံရံကပ် စာစောင်ကလေးများ ထုတ်ဝေခြင်း စသည်တို့ကိုလည်း လုပ်ရင်း ကိုင်ရင်း အကွက်မြင်ပြီး လုပ်တတ်လာကြမည်သာ ဖြစ်ပါသည်။