ရေ လှူဒါန်း ရသော အကျိုး (၁၀) ပါး / ရေအကျိုး (၁၀) ပါး
- အသက် ရှည်ခြင်း
- အဆင်း လှခြင်း
- သုခချမ်းသာ ကြီးခြင်း
- အခြွေအရံ ပေါများခြင်း
- ဆာလောင်မွတ်သိပ် ဖယ်ရှားခြင်း
- ခွန်အား ကြီးခြင်း
- လျင်မြန် ဖျတ်လတ်ခြင်း
- ကျော်စော ထင်ပေါ်ခြင်း
- သန့်ရှင်း စင်ကြယ်ခြင်း
- ထိုးထွင်း သိမြင်ခြင်း
ဓမ္မပူဇာ လှူရခြင်း အကျိုး
- မဂ်ချမ်းသာ ကို လျင်မြန်စွာ ရနိုင်ခြင်း။
- ဖိုလ်ချမ်းသာ ကို လျင်မြန်စွာ ရနိုင်ခြင်း။
- နိဗ္ဗာန်ချမ်းသာ ကို လျင်မြန်စွာ ရနိုင်ခြင်း။
တရား နာရခြင်း အကျိုး
- မကြားဘူးသည်ကို ကြားနာရခြင်း။
- ကြားဘူးပြီးသည်ကို စင်ကြယ်စေခြင်း။
- ယုံမှားမှုကို လွန်မြောက်ရခြင်း။
- အယူကို ဖြောင့်မှန်အောင် ပြုတတ်ခြင်း။
- စိတ် ကြည်လင်စေခြင်း။
ဗုဒ္ဓဝါဒီ
ဗုဒ္ဓဝါဒ ကို ကြည်ကြည်ညိုညို နှင့် လိုက်နာနေသူသည်
- အနေအထိုင် ဣနြေ္ဒရ၏။ အသုံးအစွဲ မျှတ၏။ မပျင်းမရိ လုံ့လရှိ၏။ မတရား လောကကြီးဝယ် သာ၍ တင့်တယ်၏။
- သံသရာရေးကို တွေးပြန်လျှင် သူ၏ တရားမျှတမှုကို အားပြုကာ သာယာ ကျေနပ်၏။
- တရား နည်းလမ်းကျသော အလုပ်ကိစ္စ ဟူသမျှဝယ် ရှယ်ဖွယ် မရှိဟု နားလည်ထားသဖြင့် မည်သည့် ဂုဏ်သရေ ရှိ လူကြီးကိုမျှ အချည်းနှီး မကြောက်ရွံ့တတ်ပါ။
(မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး)
မဂ္ဂင် ရှစ်ပါး
- သမ္မာဒိဠိ – ကောင်းစွာ ခံယူခြင်း။
- သမ္မာသင်္ကပ္ပ – ကောင်းစွာ ကြံစည်ခြင်း။
- သမ္မာဝါစာ – ကောင်းစွာ ပြောဆိုခြင်း။
- သမ္မာဝါယာမ – ကောင်းစွာ ပြုမှုခြင်း။
- သမ္မာအာဇီဝ – ကောင်းစွာ အသက်မွေးခြင်း။
- သမ္မာကမ္မန္တ– ကောင်းစွာ အားထုတ်ခြင်း။
- သမ္မာသတိ – ကောင်းစွာ သတိမူခြင်း။
- သမ္မာသမာဓိ – ကောင်းစွာ တည်ကြည်ခြင်း။
ဒုစရိုက် (၁၀) ပါး – ရှောင်ရန်
- ပါဏာတိပါတာ – သက်ရှိသတ္တဝါ ကို သတ်ခြင်း။
- အဒိန္နာဒါနာ – သူပိုင်ပစ္စည်းဥစ္စာ ကို ခိုးခြင်း။
- ကာမေသု မိစ္ဆာစာရာ – သူများအိမ်ရာ ကို မှားယွင်းစွာ ကျင့်ခြင်း။
- မုသာဝါဒါ – လိမ်ညာ ပြောဆိုခြင်း။
- ပိသုဏဝါစာ – ကုန်းချော စကား ပြောဆိုခြင်း။
- ဖရုသဝါစာ – ကြမ်းတမ်းသော စကား ပြောဆိုခြင်း။
- သမ္ဖပ္ပလာပ – သိမ်ဖျင်းသော စကား ပြောဆိုခြင်း။
- အဘိဇ္ဈာ – သူတစ်ပါးဥစ္စာကို မတရား လိုချင်ခြင်း။
- ဗျာပါဒ – သူတစ်ပါး ကို ပျက်စီးရန် ကြံစည်ခြင်း။
- မိစ္ဆာဒိဠိ – အယူမှားခြင်း။
No comments:
Post a Comment