
မကောင်းမှု တစ်ခုခု ကို ကျူးလွန် ပါက ဝဋ် ဆိုသည်မှာ ထို့သူ ဆီ သို့ လိုက်လာသည်မှာ
နွားလှည်း သွားရာတွင် ဘီးရာ ထင်သကဲ့သို့ အမြဲ လိုက်ပါနေမှာ ဖြစ်ပါသည်။
စိတ် အ မြဲ သန့် ရှင်း အောင် ကောင်း မွန် အောင် ထား နိုင် ကြ ပါ စေ ။
မကောင်းမှု တစ်ခုခု ကို ကျူးလွန် ပါက ဝဋ် ဆိုသည်မှာ ထို့သူ ဆီ သို့ လိုက်လာသည်မှာ
နွားလှည်း သွားရာတွင် ဘီးရာ ထင်သကဲ့သို့ အမြဲ လိုက်ပါနေမှာ ဖြစ်ပါသည်။
စိတ် အ မြဲ သန့် ရှင်း အောင် ကောင်း မွန် အောင် ထား နိုင် ကြ ပါ စေ ။
သူမ မနက် အပြင်ထွက် တံခါးဖွင့်လိုက်တော့ အပေါ်ထပ်မှာနေတဲ့ ခန့်ချော ကောင်လေးက မွေးထားတဲ့ ကြောင်လေး က တံခါးရှေ့ရောက်နေတယ်။
ကြောင်လည်ကုတ်မှာ ကဒ်ပြား တစ်ခု ချိတ်ဆွဲထားတယ်။ ကဒ်ပြားမှာ ရေးထားတာက
သခင် ကိစ္စဖြင့် အပြင်သွားနေသည်။ ရက် အနည်းငယ် လောက် သခင့် ကိုယ်စား စောင့်ရှောက် ပေးနိုင်မလား ?
သူမ ရယ်လိုက်ပြီး ကြောင်လေး ကို အခန်းတွင်းသို့ ပွေ့ချီ ခေါ်ဆောင်သည်။
နောက်ပိုင်းရက်တွေလည်း ကြောင်လေး က သနားစရာလေး အဖြစ်ထွက်ပေါ်လာတယ်။
အကြောင်းပြချက်ကတော့ နဂို အတိုင်းပဲ မပြောင်းဘူး။
တစ်နေ့ကျတော့ သူမ တံခါးခေါက်သံ ကြားတော့ တံခါးဖွင့်လိုက်တဲ့အခါ ကျတော့
ကောင်လေး က တောက်ပတဲ့ မျက်လုံး အဝိုင်းသားနဲ့သူမ ကို ပြောလိုက်တာက
ကြောင်လေး အပြင် ထွက်သွားတယ်။ ကျနော့် ကို လက်ခံ နိုင်မလား ?
တစ်စုံ တစ်ယောက် ကို ချစ်မိ ကြိုက်မိ နေပြီ ဆိုရင်
အမြဲလိုလို အသစ် အဆန်း တွေ လုပ်မိ ကိုင်မိ နေတတ်ပါတယ်။
Source: Sharing.my မှ ပိုစ့် ကို ဘာသာပြန်သည်။
လူတွေမှာ
၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။
၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။
၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။
၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။
၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။
၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။
မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။
ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။
ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။
လူတစ်ယောက် နဲ့ တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။
လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။
မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ ရပါလိမ့်မယ်။
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။
နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။
အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။
လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။
စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။
နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။
ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊
တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။
ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊
ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။
သူများတွေထက် မဆိုစလောက် သာတဲ့အခါ မင်းကို မနာလိုဖြစ်ကြလိမ့်မယ်။
သူတို့တွေထက် အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကို အားကျကြလိမ့်မယ်။
ဘယ်သူ့ကိုမှ မယှဉ်နိုင်ဘူး လို့ ထင်တဲ့အခါ အားမငယ်ပါနဲ့၊
မင်းဟာ သာမန်လူ တစ်ယောက် ဆိုတာလည်း သတိရပါ။
သူများတကာ ရယ်မောနေတာ တွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်း ပူဆွေး နေတယ် မထင်ပါနဲ့၊
တကယ်တော့ သူများတွေက မင်းထက် ပိုပြီး ဟန်လုပ်တတ်လို့ပဲ။
အကူအညီ မဲ့နေတဲ့အခါ မင်း ငိုချင် ငိုလိုက်ပါ၊
သို့သော် ငိုပြီးရင်တော့ ပြန်ပြီး နိုးကြား တက်ကြွ လာရမယ်၊
အရာရာကို လက်လွှတ် ဆုံးရှုံးပစေဦးတော့၊
မင်းရဲ့ အပြုံးလေး ကိုတော့ ရှုံး မသွားပါစေနဲ့။
လူတစ်ယောက် ရဲ့ ပူပင်သောက တွေ ကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆ နဲ့ အနာဂတ် အောင်မြင်မှု ရဲ့ အတိမ်အနက် ကို မှန်းဆလို့ရတယ်။
တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊
တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။
အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။
မင်း မအောင်မြင်လို့ ရတယ်၊
သို့သော် မတိုးတက်လို့ မရဘူး။
မင်းရဲ့အောင်မြင်မှုကို ကဖျက်ကယက် လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊
ဒါပေမဲ့ မင်း တိုးတက်တာ ကိုတော့ ဘယ်သူမှ ကာဆီးကာဆီး လုပ်မှာ မဟုတ်ဘူး။
အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။
လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။
ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။
ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
Reference >>> Career Hope Opportunity –CHO
ခပ်နာနာနှက်ထားတဲ့
နှလုံးသားကောင်းကောင်းပါကွယ်
အချစ်တွေမယိုဖိတ်စေရပါဘူး၊
ဘောင်ဘင်မခတ်အောင်တော့
ခပ်ပြည့်ပြည့်ဖြည့်ပေးပါ။
ကိုမျိုး(မြန်မာစာ)
(၁၉၉၉) - အဖြေတောင်းတုန်းက ကဗျာလေး
Source: Facebook – Ko Myo
၁။ အလုပ်မလုပ်ဘဲ ချမ်းသာနေကြခြင်း
၂။ အသိစိတ် ထိန်းချုပ်မှု မပါသော ပျော်ရွှင်မှု
၃။ ကျင့်သုံးလိုက်နာခြင်း မပြုဘဲ သင်ယူသိထားသော ပညာ၊ ဗဟုသုတ
၎။ ကျင့်ဝတ် စည်းကမ်း မလိုက်နာဘဲ ပြုလုပ်သော စီးပွားရေး
၅။ စာနာမှု မပါဘဲ တီထွင် ဖန်တီးသော သိပ္ပံပညာ
၆။ အတ္တ မချွတ်၊ မစွန့်လွှတ်သော စိတ်ဖြင့် ပြုလုပ်သော ဘာသာရေး
၇။ အခြေခံ သဘောတရား စည်းမျဉ်း စည်းကမ်း မရှိတဲ့ နိုင်ငံရေး
အောင်ခမ်း (ရိုးရာလေး) ဘာသာပြန်ထားသော ပိုစ့် ကို
Facebook Page: ရိုးရာလေး (YoYarLay) မှ (သတ်ပုံ မနေနိုင်သဖြင့် ပြင်ထားရုံမှ အပ) ကူးယူဖော်ပြပါသည်။
ပုံမှာ မြင်တွေ့နေရတဲ့ လူငယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး Eileen Lui လို့ အမည်ရ ပါတယ်။ မလေးရှားမှာ မွေးဖွားပြီး သြစတေးလျမှာ စကော်လာရှစ်နဲ့ ကျောင်းသွားတက် ပါတယ်။ ကမ္ဘောဒီးယားမှာ Volunteer အဖြစ် လုပ်ကိုင်ပြီးတော့ မြန်မာပြည်ကို ရောက်ရှိ လာပါတယ်။ ပြည်တွင်းက စူပါမားကတ် ကုမ္မဏီကြီး တစ်ခုရဲ့ အချိန်ပိုင်း မာကဲတင်း အကြံပေး အဖြစ် လုပ်ကိုင်ရင်း သူ တစ်ဖက်မှာ လုပ်ကိုင်နေတဲ့ အလုပ်က မိဘမဲ့ ကလေး ငယ် များကို ထောက်ပံ့ကူညီ ခြင်း ဖြစ်ပါတယ်။
အလှူငွေများ ကောက်ခံပြီးတော့ ကူညီနေခြင်း မဟုတ် ပါဘူး။ သူကိုယ်တိုင် ကြိုးစားရရှိတဲ့ ဝင်ငွေ ကို အခြေခံလို့ အသေးစား အိမ်တွင်းမှု လုပ်ငန်း တစ်ခု ပြုလုပ် ပါတယ်။ ပဲနို့နှင့် အခြား ပဲပိစပ် လုပ်ငန်း လုပ်ကိုင် ဖို့ အတွက် စက်ပစ္စည်း အကူအညီ ရလို့ အရွယ်ရောက်ပြီး မိဘမဲ့ လူငယ်တွေနဲ့ ပေါင်းလို့ စီးပွားရေး လုပ်နေ ပါတယ်။ ရရှိတဲ့ ငွေအားလုံးကို လှူဒါန်းပြီး ရာနှုန်းပြည့် ကိုယ်ကျိုးသုံးစွဲခြင်း မရှိ ပါဘူး။ မြန်မာပြည်က မိဘမဲ့ ကလေးငယ် အချို့တွေရဲ့ ပင်ကိုယ်စိတ်ဟာ အလှူငွေပေါ် မှီခို နေထိုင်ရမယ်လို့ ထင်နေကြတယ်လို့ ထင်မြင် နေကြတယ်လို့ သူမ သုံးသပ်ပါတယ်။ ဒါကြောင့် မိမိ စားသောက်ဖို့ အတွက် ကိုယ်တိုင် ကြိုးစား ရှာဖွေရမယ် ဆိုတဲ့ အသိစိတ် ဖြစ်ပေါ်လာအောင် အလှူငွေတွေ လှူဒါန်း၊ လုပ်အားဖြင့် စာသင်ပေးရင်း ကနေ အရွယ်ရောက်ပြီး ၁၆ နှစ်အထက် လူငယ် အမျိုးသား၊ အမျိုးသမီး များကို ဖိတ်ခေါ်လို့ ပဲနို့ထုတ်လုပ်တဲ့ လုပ်ငန်း အသေးစားကို ပြုလုပ် ပါတယ်။
သူ့ဆီမှာ လုပ်ကိုင်နေသူ လူငယ်များကို ပညာရေးအတွက် အပြည့် အဝ ပြန်လည်ထောက်ပံ့ပေးပြီး အခြားသော အလုပ်အကိုင် အခွင့်အလမ်း များပါ ဖန်တီးပေးကြောင်း ဆိုပါတယ်။ နိုင်ငံတကာကလိုပဲ အရွယ်ရောက်ပြီး လူငယ် များဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည် ကြိုးစား ရှာဖွေနိုင်တဲ့ စိတ် မွေးဖွားရန်၊ ဗုဒ္ဓဘာသာဝင် လူမျိုး ပီပီ ကျေးဇူး ပြန်ဆပ်သည့် အကျင့်စရိုက် ရှိစေရန် ရည်ရွယ်လို့ ယင်း လုပ်ငန်းကို လုပ်ကိုင် ပါတယ်။ မိဘမဲ့ ကလေးငယ်များ အနေနဲ့ ကြိုးစားရှာဖွေ ထားမှုကို မိမိတို့ကို ပြုစုခဲ့ သည့် ဂေဟာနဲ့ ဘုန်းကြီးကျောင်း များထံ ပြန်လည် ပေးအပ်ဖို့လည်း သင်ကြားပေးထားကြောင်း ဆိုပါတယ်။
လုပ်ငန်းပြုလုပ်တဲ့ ရည်ရွယ်ချက်က စီးပွားရှာရန် မဟုတ်ပဲ မိဘမဲ့ ကလေး ငယ် များအား ပညာသင်ကြား ပေးရေး၊ အစား အသောက် ထောက်ပံ့ပြုစုရေး တို့ အတွက်သာ ဖြစ်ပါတယ်။ ဒါကြောင့် Eileen ဟာ အများ အတုယူ လေး စား ရမယ့် စွန့်ဦးတီထွင်သူ (Entrepreneur) တစ်ဦးပဲ ဖြစ်ပါတယ်။ အသက် ၃၀ ကျော်သာ ရှိသေးပြီး ဆင်းရဲတဲ့ မိသားစုကနေ ပေါက်ဖွားလာသူ တစ်ဦးပဲ ဖြစ်ပါတယ်။ ယခုလို မြန်မာပြည်မှာ အများအကျိုးပြု ပြု လုပ် နိုင်ဖို့အတွက် သူမ ကိုယ်တိုင် ရှာဖွေ ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။
ပဲနို့ကို Soyai လို့ အမည်ပေးထား ပါတယ်။ သူမနဲ့ သူမရဲ့ လုပ်ငန်းကို မှီတည်လို့ ရပ်တည်နေရတဲ့ မိဘမဲ့ ကလေးနှင့် လူငယ်ပေါင်း ၂၀၀ ကျော်မက ရှိပါတယ်။ Elieen ဟာ အလှူငွေ လက်မခံ ပါဘူး။ အလှူဒါနနဲ့ မရပ်တည်ပဲ ကိုယ့်ခြေကိုယ့်လက်နဲ့ ရပ်တည်တဲ့ လူငယ်တွေ ဖြစ်ပေါ်လာအောင် ဖန်တီးနေတာကြောင့် ကူညီချင်သပ ဆိုင် သူတို့ ထုတ်လုပ်တဲ့ ပဲနို့ကိုသာ ဝယ်ယူ အားပေးစေလိုကြောင်း ရိုးရာလေးကို ပြောဆိုခဲ့ ပါတယ်။ အသေးစိတ် သိရှိဖို့ အတွက် www.facebook.com/cotyouthcentre မှာ ဝင်ရောက်လေ့လာ နိုင်ပြီး teamsoyai@gmail.com သို့လည်း မေးမြန်း နိုင်ကြောင်း သိရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
Facebook Page: YoYarLay | ရိုးရာလေး မှ ကူးယူ ဖော်ပြပါသည်။
လှူတာလည်း ကောင်းပါတယ်။ ဒါမျိုးလေး လုပ်တာက လှူတာထက်ကို ပို ပိုကောင်းပါတယ်။
လှူတာက လှူခံရတဲ့သူ က ပျော်ရွှင်ဝမ်းသာသွားပေမယ့် တခါတရံ ကိုယ့်ကိုကိုယ် အားကိုးချင်စိတ်နည်းသွားပေလိမ့်မည်။
ကိုယ့်အလုပ်ဖြင့် ရလာသည့် ပိုက်ဆံ သည် မိမိကိုယ် ယုံကြည်မှု ပိုရှိလာစေပြီး အလုပ်အပေါ် တန်ဖိုးထားတတ်လာမည်။ အလုပ်ချည်းဘဲ လုပ်နေ၍လည်း မရပေ။ အလုပ်ချည်းဘဲ ဆိုပါက ဒီထက် ပိုကောင်းသည့်အရာတွေ ရနိုင်ခွင့် ဖန်တီးနိုင်ခွင့် မရှိ။ ဒါကြောင့် အလုပ် ကို ဥာဏ်ပညာ နှင့် တူတူ အသုံးချခွင့်ရပါက ပို၍ သာလွန် ကောင်းမွန်ပါလိမ့်မည်။
ငါးတစ်ကောင် ကျွေးတာထက် ငါးဖမ်းနည်း သင်ပေးတာ ပိုကောင်းပါသည်။ ထို့ထက် ငါးမွေးနည်း သင်ပေးတာက ပို ပိုကောင်းပါသည်။
လော က မှာ အ လ ကား စား ရ တဲ့ နေ့လည် စာ ဆို တာ မ ရှိ ပါ ဘူး ။
ရှိ ရင် တောင် မှ အ လ ကား မ စား ချင် ပါ နဲ့ ။
ကျနော် မှတ်ဥာဏ် သည် နာမည် ဆိုသည့် အရာတွေ အတွက် အမြဲ ညံ့လျက် ရှိပါသည်။
ခင်မင်သည့်သူတောင်မှ နာမည် ကို ပါးစပ်ဖျားလေးတင် မေ့နေတတ်ပါသည်။
ဒါပေမယ့် သူ့အလုပ်အကိုင်၊ သူ့လုပ်ငန်း၊ သူလုပ်တတ်သည့် သူ့အရည်အချင်း ကိုတော့ မှတ်မိနေတတ်ပါသည်။
အခုတော့ နာမည်မေ့သွားရင် ဖုန်းထဲမှာ သူ့လုပ်ငန်း သို့မဟုတ် အခြားအရာတစ်ခုခု ဖြင့် ရှာဖွေပြီး သိရှိနိုင်သဖြင့် မဆိုးတော့ပါ။
ခေါင်းဆောင်ကောင်း တို့မည်သည် ကိုယ့်အပေါင်းအပါတိုင်း ကို နာမည် မှတ်မိနေသင့်ပါသည်။
ကိုယ့်နာမည် မှတ်မိပါက ကိုယ့်ကို သူ မှတ်ထား ဂရုစိုက်သားဘဲ လို့ ကိုယ့်အနေဖြင့် ဝမ်းသာသကဲ့သို့ အခြားသူလည်း သူ့နာမည်ကို မှတ်မိပါက ကိုယ့်လိုပင် ဝမ်းသာပေလိမ့်မည်။
မှတ်ဥာဏ်မကောင်းသည်မှာ အာရုံစူးစိုက်မှု နည်းနေသာကြောင့်ပင်လော။ ထို့ကြောင့် တရားထိုင် (Meditation) အလေ့အကျင့် မွေးမြူရပေအုံးမည်။
အိန္ဒိယလူမျိုး တစ်ယောက် က ဆရာတော် ကို အရှင်ဘုရား ဗုဒ္ဓဘာသာ ကို ( Religion ) ဘာသာတရား လို့ဆိုနိုင်ပါသလား လို့ မေးပါတယ်။
ဆရာတော် က ‘‘ဗုဒ္ဓဘာသာ ဟာ Religion မဟုတ် ဟု‘‘ ရဲဝံ့ပြတ်သားစွာ ဖြေဆိုခဲ့ပါတယ်။
‘‘ရီလေးဂျင်း မဟုတ်ရင် အရှင်ဘုရား က ဘာလို့ ပြောချင်တာလဲ‘‘
‘‘ဗုဒ္ဓဘာသာ ဟာ ကျင့်စဉ် တစ်မျိုး ပါ။‘‘
‘‘ Religion ကတော့ ကျင့်စဉ် မဟုတ်ဘူးလား‘‘
‘‘Religion ဆိုတဲ့ ဘာသာတရားမှာ ကျင့်စဉ် မပါဘူး။
ယုံကြည်ခြင်း၊ ရှိခိုးခြင်း ၊ ဆုတောင်းခြင်း တို့ပဲရှိပါတယ်။
ယုံကြည်မှု နှင့် ဆုတောင်မှု ကို ပဓာန မထားဘဲ အကျင့်ကိုသာ ပဓာနထားတဲ့ ဘာသာ ဟာ ဗုဒ္ဓဘာသာပါ။‘‘
ဒါဆိုရင် ဗုဒ္ဓဘာသာ ဟာ (Philosophy) လို့ဆိုရင်ကော ရပါသလားလို့ ဒကာ က ထပ်မေးပါတယ်။
ဆရာတော်က ‘‘မရပါဘူး။ ဒီလို တစ်ဘက်သက်လည်း မပြောနိုင်ပါဘူး။
ဖီလောဆိုဖီ ဆိုတာ အသိ သက်သက်ပဲ ။ အကျင့်စရဏ မပါဘူး။
ဗုဒ္ဓဘာသာ ဆိုတာ ယုံကြည်မှု နဲ့ အသိဉာဏ် ပေါင်းစပ်ပြီး ကျင့်ရတဲ့တရားပါ‘‘
ယုံကြည်မှု နဲ့ အသိဉာဏ် ပေါင်းစပ်ပြီး ကျင့်တော့ မိမိနှလုံးသားထဲက ယုတ်ညံတဲ့ ကိလေသာ တွေ အကုန် ရှင်းသွားတယ်။
အဲဒီလို ရှင်းသွားတော့ ချမ်းသာသုခ ကို အမှန်တကယ် ရတာပါပဲ။
မိမိရဲ့ယုတ်ညံမှု တွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင် လုပ်ရပါတယ်။
မိမိစိတ်ဓါတ် ရဲ့ တိုးတက်ဖွံ့ဖြိုးမှု ကို မိမိကိုယ်တိုင် ကြိုးစားယူရတယ်။
အလွန် တန်ဖိုး ထက်မြက်တဲ့စိတ်၊ စေတသိတ် တို့ကို အသုံချ ကျင့်ရတာဟာ ဗုဒ္ဓဘာသာ ပါပဲ‘‘
ဟု ဆရာတော် က မိန့်ဆိုလိုက်ပါတယ်။
အဝေဖန်ခံရတာကို ရှောင်နိုင်ဖို့
တစ် နည်း ပဲ ရှိတယ် ...
- ဘာမှ မလုပ်နဲ့
- ဘာမှ မပြောနဲ့
- ဘာမှ လည်း ( ထူးထူးချွန်ချွန် ) မဖြစ်စေနဲ့ …
" There is only one way to avoid criticism :
- Do nothing ,
- Say nothing ,
- and Be nothing . "
< Aristotle >
Facebook | ကိုဇင်ဇေ ဆီမှ ကူးယူဖော်ပြပါသည်။
Photo by Duncan Hull.
ကျနော့် တို့ အများစု ဟာ ကျနော့်တို့ ကြားသိလိုက်တာက သေသေချာချာ ခွဲခြမ်းစိတ်ဖြာ မစဉ်းစား မဆင်ခြင် ဘဲ ကျနော့်တို့ အထင်အမြင် အဖြစ် မှတ်ယူသွားတတ်ကြပါတယ်။
စာရေးသူ Jeremy Kourdi ပြောတာက သတင်းအချက်အလက် အသစ် ရလျှင် အခါတိုင်း သင့်ကိုယ့်သင် မေးခွန်း သုံးခု မေးသင့်ပါတယ်။
စိတ်ကို လေ့ကျင့်ပေးဖို့ နည်းလမ်းတွေ အများကြီး ထဲမှာ သေသေချာချာ ခွဲခြမ်းစိတ်ဖြာ တတ်အောင် တွေးခေါ် ဆင်ခြင်တတ်ဖို့ ဆိုတာ အခုနည်းလမ်းက အလွယ်ဆုံး နည်းလမ်း တစ်ခုပါ။
သတင်း အချက်အလက် အသစ် ရလျှင် သင် မေးရမှာက
၁) ဘာကြောင့်လဲ ? (Why ?)
၂) အခြား ဘာ ရှိသေးလဲ ? (What else?)
၃) အဲ့လိုဆိုရင် ဘာ ဖြစ်မှာလဲ ? (What if?)
Is the number "N" divisible by .... 2? 3? 4? 5? 6?
N is divisible by 2 if its last digit is 0, 2, 4, 6, or 8 (that is, last digit is even).
N is divisible by 3 if the sum of the digits is also divisible by 3.
N is divisible by 4 if the last two digits form a number divisible by 4.
N is divisible by 5 if it ends in 0 or 5.
N is divisible by 6 if it is divisible by both 2 and 3.
Source: http://www.mathfail.com/
Photo from Pravs World
When I saw you I fell in love, and you smiled because you knew.
- William Shakespeare
ကောင်မလေး
မင်းလည်း ငါ ကို ပြုံးပြသွားတယ်။
မင်း သိနေလို့လား ?
ကမ်းလက် – ဘာသာ ပျံ့နှံ့မှု (ဇင်ဝေသော်) မှ အားလုံး ကူးယူ ဖော်ပြပါသည်။
ငါ့လ
ငါ့ကမ္ဘာမှာတော့
ငါဟာ နေတစ်စင်းပါ။
သူ့လ
သူ့ကမ္ဘာမှာတော့
ငါက အသေးမွှားဆုံး
ကြယ်တစ်လုံးမျှသာပါပဲ။
လူဆိုတာ
ဝန်းကျင် ကျဉ်းလေလေ
အကောင် ကြီးလေလေ။
ဇင်ဝေသော်
အာဒမ်က ပြောတယ်
ဧဝ က အလှဆုံးတဲ့ . . .
ချစ်သူ ရယ်
ငါ တခစ်ခစ်ရစ်လိုက်တယ် . . .
နင်က … တကယ်
ငါ့နံရိုးတစ်ချောင်းလား ?
နင့် အကြောင်းတွေးတိုင်း
ရင်ဘက်က အောင့်တယ် . . .
အချစ်မှာ
ဂုဏ်ထူးထွက်ဖို့ မလိုဘူး
ဘာသာစုံ အောင်ဖို့မလိုဘူး
ပန်းလိုမွှေးစရာမလိုဘူး
စမ်းလိုအေးစရာမလိုဘူး
တကယ်ဆို အချစ်က
ကျူရှင်မရှိတဲ့ ဘာသာရပ်
ကမ္ဘာကြီးလည်တာ အချစ်ကြောင့်
ရောမ မြို့ကြီးက
ငါတို့ လေးစားတဲ့ အချစ်ဒဏ္ဍာရီပေါ့ . . .
တကယ်ဆို
ဖူးပြီးပွင့်တာ . . . သဘာဝ ,
နေ့ / ည ရွေးတက်တယ့် နေကြာပန်းကို မုန်းတယ် …
သေပြီးမှ မွှေးရ အောင်
ငါတို့က … ကရမက်ပင် မှ မဟုတ်ကြတာ . . .
ချစ်ပြီးမှ ဝေးရတဲ့
ဂျူးလိယက် ဇာတ်ကို မုန်းးးတယ် . . .
ဇာတ်သိမ်းမှာ ပေါင်းရတဲ့
စင်ဒရဲလား ပုံပြင်ကို ချစ်တယ် . . .
ဧဝက အာဒမ့်ကို ပြောတယ်
' ကိုကို ရယ် ,
အာ့ပန်းသီးလေး ခူးပေးပါလားတဲ့ '
နင်လည်း , တခုခုပြောကြည့်ပါလား ?
ငါ … စွန့်စားပြချင်လို့ . . .
Ulay Kyi ( ကိုလင်း )
နိုဝင်ဘာ 8 . 2013
Source: Facebook - Ulay Kyi (ကိုလင်း)
နင်လည်း , တခုခုပြောကြည့်ပါလား ?
ငါ … စွန့်စားပြချင်လို့ . . .
ဖန်တီးမှု ဆိုသည်မှာ အမှားတွေ လုပ်ဖို့ အခွင့်အရေး ပေးလိုက် သလိုပါဘဲ။
ဖန်တီးလိုက်တဲ့ အရာတွေထဲမှာ ကောင်းတဲ့အရာတွေ ပါသလို မကောင်းတဲ့အရာတွေလည်း ပါတယ်။
အနုပညာ ဆိုတာ ကောင်း၊ မကောင်း ဝေဖန်ဆုံးဖြတ်နိုင်ပြီး ကောင်းတဲ့အရာ ချန်ထားနိုင်ခြင်းပါ။
This happened on TAM airlines.
A 50-something year old white woman arrived at her seat and saw that the passenger next to her was a black man.
Visibly furious, she called the air hostess.
"What's the problem, mam?" the hostess asked her.
"Can't you see?" the lady said "I was given a seat next to a black man. I can't seat here next to him. You have to change my seat"
"Please, calm down, mam" said the hostess
"Unfortunately, all the seats are occupied, but I'm still going to check if we have any."
The hostess left and returned some minutes later.
"Madam, as I told you, there isn't any empty seat in this class- economy class.
But I spoke to the captain and he confirmed that there isn't any empty seats in the economy class. We only have seats in the first class."
And before the woman said anything, the hostess continued
"Look, it is unusual for our company to allow a passenger from the economy class change to the first class.
However, given the circumstances, the commandant thinks that it would be a scandal to make a passenger travel sat next to an unpleasant person."
And turning to the black man, the hostess said:
"Which means, Sir, if you would be so nice to pack your handbag, we have reserved you a seat in the first class..."
And all the passengers nearby, who were shocked to see the scene started applauding, some standing on their feet.
Source: Facebook: General Knowledge
ကတိစကား ဆိုတာ မပြည့်ခင် အထိတော့ စကားလုံး မျှသာ။
ကျနော် ကတိစကား သိပ်မပေးတတ်ဘူး။
မလုပ်နိုင်မှာ စိုးလို့ မဟုတ်ဘူး။ ပေးပြီးရင် မတည်မှာ ကြောက်လို့။
ခန့်မှန်းလို့မရတဲ့ တစ်စုံတစ်ရာ တွေကြောင့် မှန်းထားတဲ့ အတိုင်း ဖြစ်မလာမှာ စိုးလို့။
သူတို့အတွက် ကျနော့် ကတိ ဆိုတာ စကားလုံး တွေ လေ တွေ မဖြစ်စေချင်ဘူး။
အခြားသူက ကတိပုံစံမျိုး လိုချင်ရင် က “တတ်နိုင်သလောက် ကြိုးစားကြည့်ပေးမယ်” လို့သာ ပြောတတ်ပါသည်။
ဒါပေမယ့်လည်း လူတွေက “I Swear” “I Promise” တို့ကို ပိုယုံကြည်ကြတယ်လို့ စာတမ်းတစ်စောင်မှာ ဖတ်မှတ်ဖူးတယ်။
ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်ပုံစံ အတိုင်း ကတိစကား တွေ အပေး နည်းနေအုံးမည်သာ။
ဖောက်သည်တွေကို ယခင်က ကျေနပ်ရုံ (Satisfy) လောက်သာ ဆက်ဆံခဲ့ကြပေမယ့် ယနေ့ခေတ် အပြိုင်အဆိုင်ခေတ်ကြီး ထဲတွင်တော့ ဖောက်သည်တွေကို ပျော်ရွှင်အားရ ကျေနပ်အောင် နည်းအမျိုးမျိုး ဖြင့် ကြိုးစားလာကြသည်။
၁၀၀ မှာ ၉၉ ယောက်က ဖုန်းဆက်လိုက်ရင် အလိုအလျောက်ဖြေကြားစက်ထဲမှာ Extension No. ဘယ်လောက်ကို ထပ်နှိပ်ရမလဲ ဆိုတာကို သဘောမတွေ့ကြပါဘူး။ ထိုကြောင့် ပျူငှါသော လေ့ကျင့်ပေးထားသော ဝန်ထမ်းတွေက ဖြေကြား ပြီး လွှဲပေးတာမျိုး လုပ်တာ ပိုကောင်းပါသည်။ ဖုန်းကိုင်လိုက်တဲ့ အချိန်မှာ သင့် စိတ်နေစိတ်ထား နဲ့ ရုပ်သွင် ကို အသံနေ အသံထား က တစ်ဆင့် ဖောက်သည်တွေ က ခံစား သိရှိနိုင်သည်။
အရောင်းသမား က ဖောက်သည် နဲ့ စကားပြောချိန်ကြာလေလေ … ဖောက်သည်ဆီမှ ရရှိဖို့ အခွင့်အရေး ပိုများလေလေ ပဲ။ ဖောက်သည် အပေါ် မှာ ရင်းနှီးမြှပ်နှံပါ။ ဒီလိုဘဲ ဖောက်သည်ကလည်း သင့်အပေါ် ပြန်လည် ရင်းနှီးမြှပ်နှံပါလိမ့်မည်။
သင့်အရောင်းသမားတွေကို ဖုန်းကို နောက်ဆုံး ချတဲ့သူ ဖြစ်အောင် လေ့ကျင့်သင်ကြားပေးထားပါ။ ဘာလို့လည်း ဆိုတော့ ဖောက်သည်တွေက နောက်ဆုံး ဖြည့်စွက်ပြောချင်သော စကားများ ရှိနေတတ်သကဲ့သို့ ပြောနေတုန်း ဖျက်ချလိုက်တယ် ဆိုတဲ့ ခံစားချက်မျိုး မခံစားမိအောင် လို့ပါ။
အရေးမကြီးတဲ့ ကိစ္စလေးတွေ အတွက်လည်း ကြိုးစားဆောင်ရွက်ပါ။ ဖောက်သည် က သင့်ရဲ့ ကိစ္စလေးတွေ အပေါ် မှာ အလေးအနက် ဆောင်ရွက်မှု ကို အသိအမှတ်ပြုပါတယ်။ ကိစ္စလေးတွေ အများကြီးနေကနေလည်း သင့်ဖောက်သည် ရဲ့ ထာဝရ အားပေးမှု နှင့် သစ္စာရှိမှု ကို ရရှိနိုင်ပါသည်။
ဖောက်သည်တွေ အပင်ပန်းခံ အချိန်ကုန်ခံ ပြီး သင့်ဆီကို အပေါင်း(သို့) အနှုတ်လက္ခဏာ ဆောင်သော စာတွေ ပေးပို့တယ် ဆိုတာ ၁၀၀ မှာ ၁ ယောက်သာ ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဒါကြောင့် သူတို့ ချီးကျူးချက် ဝေဖန်ချက်များကို ဂရုတစိုက် စာ ပြန်ပေးပါ။ စာပြန်ရာတွင်လည်း တစ်ရက်ထက် ပိုမကြာသင့်ပေ။ အချို့ကုမ္ပဏီကြီး တွေဆိုရင် ပျမ်းမျှ ၁၅မိနစ် အတွင်း စာပြန်ကြသည် ကို တွေ့ရသည်။ စာပြန်ရာတွင် အလိုအလျောက် စာပြန်ခြင်း၊ ပုံသေကားချပ်စာတွေဖြစ်ခြင်း မျိုး မဖြစ်စေရပါ။
သင် က ဖောက်သည်တွေ ရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတယ် ဆိုရင် ကုန်ပစ္စည်း ကို အရမ်း ကြော်ငြာ ထိုးရောင်း ပြီး ဖောက်သည် ကို ဖိအားပေးတာမျိုး မလုပ်သင့်ပါဘူး။
ဖောက်သည်တွေ ကို ကတိ လျော့ပေးပြီး ဖောက်သည် မျှော်လင့်ထားတာထက် တန်ဖိုး ကို ပိုပေးပါ။ သူတို့က အမြဲတမ်း သင့်ရဲ့ အပြုအမှု ကြောင့် အံ့သြ ကျေနပ် ဝမ်းသာ နေပါလိမ့်မည်။
ဝန်ထမ်း တွေ ကို သက်ဆိုင်ရာ နယ်ပယ် အလိုက် လေ့ကျင့် ပျိုးထောင် ပေးပါ။ ကောင်းမွန်သော ရုံးတွင်း ဆက်ဆံရေး (သို့) ယဉ်ကျေးမှု ကို တည်ဆောက်ပါ။ ဝန်ထမ်း တွေ ကောင်းသော အမူအကျင့်တွေ ရှိနေစေပြီး ဆုံးဖြတ်ချက်ကောင်း တွေ ချခွင့် နှင့် ချနိုင်အောင် ပံ့ပိုးမှု တွေ ပြုလုပ်ပေးပါ။ ဝန်ထမ်းတွေ မိမိကိုယ်ကို ဆုံးဖြတ်ချက်ချသင့်သလောက် ချနိုင်ပါက အထက်အရာရှိလည်း တာဝန်လျော့ပြီး ဝန်ထမ်းတွေလည်း မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာနိုင်ပါတယ်။ ဆုံးဖြတ်ချက် မြန်မြန်ချနိုင်သဖြင့် ဖောက်သည်တွေကို အမြန်ဆုံး ဝန်ဆောင်မှု ပေးနိုင်သဖြင့် ဖောက်သည်များ၏ စိတ်ကျေနပ်မှု ကို ရရှိနိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။
ဖောက်သည် တွေလည်း အချိန်တိုင်း မှာ မှားနိုင်ပါတယ်။ ဘာပဲဖြစ်နေဖြစ်နေ သူတို့ဟာ အမြဲတမ်း သင့်ဆီက အလေးအနက်ထား ဆက်ဆံမှု ကို ရရှိသင့်ပါသေးတယ်။ အချို့ကုမ္ပဏီတွေမှာ ဖောက်သည် ကို ရိုင်းပြ မောက်မာစွာ ဆက်ဆံသည် ကို တွေ့ရှိ တိုင်ကြားခံရပါက ချက်ချင်း အလုပ်ထုတ် အရေးယူနိုင်သည့် မူဝါဒများ ထားရှိ ကျင့်သုံးကြသည်။
ကုမ္ပဏီ အများစု ဟာ ပွင့်လင်းမြင်သာမှု မရှိကြပါဘူး။ စီမံခန့်ခွဲသူ ခေါင်းဆောင်ပိုင်း နဲ့ တွေ့ဖို့ဆက်သွယ်ဖို့ ဆိုတာ အဆင့်ဆင့် ဖြတ်ကျော်ရပါတယ်။
ဖောက်သည် နဲ့ ထိတွေ့ရမယ့် အရာအားလုံး ဟာ အရေးကြီးပါတယ်။ သင်တို့ ဖောက်သည်ဆီ ပို့မယ့် ပစ္စည်း ထည့်မယ့် ကတ္ထူဗုံး က အစ အရေးကြီးပါတယ်။ “၁၉၉၀ ကတည်းက အားပေးမှု ကို ကျေးဇူးတင်ပါသည်။” စာတမ်းမျိုးဖြင့် ဖောက်သည် ၏ အားပေးမှု ကို အသိအမှတ်ပြုပါသည်။
"Thanks for being a Customer since ..."
်အပို တတ်နိုင်သမျှ ပြုလုပ်ပေးခြင်းဖြင့် တန်ဖိုး ကို ပိုမိုပေးပြီး ဖောက်သည် ကို ပျော်ရွှင်အောင် ပြုလုပ်ပါ။ အပို က ဘယ်လောက် သေးငယ်နေပါစေ ဖောက်သည် အတွက် အပို အမြဲ ပေးတာမျိုး ပြုလုပ်ပေးတာမျိုး ဆောင်ရွက်ပါ။
ဖောက်သည်တွေ ဆီက ရိုးသားတဲ့ တုန့်ပြန်ချက် ဝေဖန်ချက်မျိုးတွေလောက် သင့်ကုမ္ပဏီ ကို တိုးတက်အောင် လုပ်မယ့် နည်းလမ်း မရှိပါဘူး။ ဒါကြောင့် သင့်အနေနဲ့ မရရင်တောင် ရအောင် လုပ်ဖို့ နည်းလမ်း ရှာပြီး ရအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။
သာမန်ရိုးကျ မဟုတ်သော အဆန်းအပြား ဖြစ်စေနိုင်သော ဈေးကွက် မြှင့်တင်ခြင်းများဖြင့် အများကြားထဲမှာ သင့်ပေါ်ထွက်နေအောင် ပြုလုပ်ပါ။ ကျနော်တို့က ကျနော်တို့ အမှတ်တံဆိပ် ပစ္စည်း ကို ခန္ဓာကိုယ်ပေါ်မှာ တက်တူး ထိုးပါက တသက်လုံး ကျနော့်တို့ ပစ္စည်း ကို အလကား သုံးစွဲနိုင်မည် ဟု စိန်ခေါ်လိုက်ပါတယ်။ စိန်ခေါ်မှု ကို လက်ခံတဲ့ ဖောက်သည်တွေကြောင့် ကျနော်တို့ ဝမ်းသာ အံ့သြ ဖြစ်ရပါတယ်။
ဖောက်သည် တွေ ကို ချစ်ခင် ဂရုစိုက်ဖို့ က အရေးကြီးပါတယ်။ ကျနော်တို့တာဝန်က သူတို့အပေါ် ဝန်ဆောင်မှု ပေးနေတာ ကို နားလည်ဖို့ လိုအပ်ပါသည်။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ ပိုက်ဆံဖြတ်ပိုင်းတိုင်းတွင် “ကျနော်တို့ ဖောက်သည် ပေးချေမှု” ဟု စာတမ်းလေး ပါရှိနေခြင်း ဖြစ်ပါသည်။
“Paid for by our Customers”
Reference: The Super Pickle Way 16 Customer Service Secrets We Learned at Headsets.com
ဦးနှောက်မှာ အတွန့်ပါတဲ့သူတွေ အားလုံး (ဥာဏ်ရှိတဲ့သူတိုင်း) ဟာ စာအုပ် က ဇာတ်ကား ထက် ပိုကောင်းတာ ကို သိရှိကြပါတယ်။
Everyone with wrinkles on their brains knows that the book is almost always better than the movie.
သင့် အမြင်အာရုံ ကြောင့် စိတ်ကူးစိတ်သန်းတွေက ကန့်သတ်မှုတွေ ရှိသည်။ စာအုပ်တွေ က သင့် စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ မြင်ယောင်စေပါလိမ့်မည်။
The book can do so much more! Your personal vision is only limited by your imagination!
အသေးစိတ် ရေးပြထားတာနဲ့ ဇာတ်လမ်းလှည့်ကွက်များဟာ သင့်ကို ပိုမို ရင်ခုန်စေလိမ့်မည်။
The little details and subtleties are allowed to breath better!
အပေါ်ကြော်ငြာ က ပြည့်စုံစွာ ရှင်းပြထားတာကတော့ “ရုပ်ရှင်ဇာတ်ကား ကို ပြောင်းလိုက်ပြီဆိုရင် ဇာတ်လမ်းအများစု က ဆုံးရှုံးသွားလိုက်ရပြီ”
These ads explain it rather perfectly saying, "a big part of the story is lost when it becomes a movie".
စာအုပ် ကနေ DVD ခွေ အရွယ် ကို ဖြတ်ညှပ်ထုတ်ပြထားတယ်။
The clever ads are for Sebo Museu do Livro in Brazil and show a book cut to the shape of a DVD.
ကျန်ရှိတဲ့ စာအုပ်အပိုင်းအစတွေ သည် ဇာတ်ကားရိုက်ကူးသည့် အခါ ဖျက်ပစ် ချန်ထားခဲ့ရသည့် အပိုင်းတွေကို ကိုယ်စားပြုနေသည်။
The leftover parts of the book are what's lost in translation when you just watch the movie.
Source: Gizmodo - These ads explain why books are always better than movies
၂၀၀၅ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင်
Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း
--------------------------------------------------------------------------------------------------------------------------------------
ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များ ကို တွေ့ဆုံစကားပြော ခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်း သဘင် အခမ်းအနား မှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်း အရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲပါ။
ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။
ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက် ခဲ့ရတယ်ထင်ပါသလဲ။
ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်က စပြီး ပြောပြရမှာပါ။ ကျွန်တော့ကို ကိုယ်ဝန် ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော့ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင်စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော် ကို "အူဝဲ" ဆိုပြီး မွေးလိုက် တဲ့ အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါတယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင် မှာ မွေးစား မိဘ လောင်း တန်းစီစာရင်းထဲက ကျွန်တော့မိဘ များကို ဖုံး ဆက်ခဲ့ပါတယ်။ "ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တစ်ယောက် ရထားတယ်။ ယူမလား..." တဲ့။ မိဘများ ကလဲ "သိပ်ယူတာပေါ့..." တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျွန်တော့ရဲ့ အဖေ ဟာလဲ အထက် တန်းကျောင်းတောင်မှ မအောင်တာကို ကျွန်တော့ မွေးမိခင်က သိသွား တာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့ရဲ့ မိဘတွေက ကျွန်တော့ကို "တက္ကသိုလ် ထားပေးပါ့မယ်..." လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။
နောက် ၁၇နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင်ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တတ္ကသိုလ်ပညာရေး အတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျွန်တော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရတာနဲ့တန်တယ်လို့ ကျွန်တော်မထင်တော့ပါဘူး။ အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည်မှန်းချက် ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ် ပညာရေးကနေပြီး ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ် ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေ ကို တက္ကသိုလ်မှာလာ ပြီး ဖြုန်းနေတာပါဘဲ။
ဒါနဲ့ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင် ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီးလုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက် နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပါ။ ကျောင်းကထွက်လိုက်တာနဲ့ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာ မလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသားလုပ်ခဲ့ပါတယ်။
ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျွန်တော့မှာ နေစရာ အခန်း မရှိ တော့ပါဘူး။ ဒီတော့ကျွန်တော့သူငယ်ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကိုလိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ဆင့် ဆိုတဲ့ ပိုက်ဆံ နဲ့ ဗိုက်ဖြည့် ရပါတယ်။ တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်းမှာ ထမင်းတနပ် အဝသွားစားရပါတယ်။ စားလို့အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေး တစ်ခုပေးပါရစေ။
အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ တစ်နိုင်ငံလုံး မှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ခြယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့ တဲ့ ကျွန်တော်ဟာ စာလုံး အလှရေးနည်း သင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံး ပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေ အကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတစ်လုံး နဲ့တစ်လုံးကြားမှာ ဘယ်လို အနီးအဝေးခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိဎ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာ ရပ် က ကျွန်တော့ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။
ဒါတွေကို ကျွန်တော့ဘဝမှာ ဘယ်လို လက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာ ကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ပါတယ်။ ဒီပညာရပ် ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှ တွေသုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျွန်တော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာ မှာ အင်မတန်သေသပ်ပြီး အစိတ်အကျဲ အချိုးကျ လှပတဲ့စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး လို့တောင် ပြောကောင်းပြောနိုင်ပါလိမ့်မယ်။ ကျွန်တော်ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်း ကို ကျွန်တော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှရှိမှာပါ။ မှန်ပါတယ်။ ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုးအကြောင်းတွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ နောင် ၁၀နှစ်ကြာ အပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါတယ်။
ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆို တာကို ကျွန်တော်တို့မမြင်နိုင်ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏ အကျိုး ဆိုတာ ယုံပါ။ တစ်ခုခုကိုတော့ ယုံပါ။ ဒီယုံကြည်ချက်ကြောင့် ကျွန်တော် ချောက်ကျခဲ့ရတယ် ဆိုတာ ဘယ်တော့မှမရှိခဲ့ပါ။ ကျွန်တော့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ ယုံကြည်ချက် ကြောင့်ပါဘဲ။
ကျွန်တော့ရဲ့ ဒုတိယ ဇာတ်လမ်း ကတော့ အချစ် နဲ့ အရှုံး အကြောင်းပါ။
ကျွန်တော်ကံကောင်းခဲ့ပါတယ်။ ကျွန်တော် တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ်မှာရှာဖွေတွေ့ရှိခဲ့တာပါ။ ကျွန်တော့မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Woz နဲ့အတူ စတင်တည်ထောင်စဉ်က ကျွန်တော်အသက် ၂၀ ဘဲရှိပါသေးတယ်။ ကျွန်တော်တို့ ၂ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျွန်တော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင် တန် ဝန်ထမ်း ၄ ထောင် ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ အကောင်း ဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက် တင်ပြီး တစ်နှစ် လောက် ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။
အဲဒီမှာ - ကျွန်တော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံရနိုင်ပါ့မလဲ။ အဲ – ဇာတ်လမ်းကတော့ ဒီလိုပါ။
Apple ကုမ္ပဏီ ကြီးပွါးလာတဲ့အချိန်မှာ ကျွန်တော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့်ခဲ့ ကြပါတယ်။ ပထမတစ်နှစ်လောက် ကတော့ အတော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အနာဂါတ် အလားအလာ တွေ ကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ တော့ အကြီးအကျယ် ကတောက်ကဆ ဖြစ်တဲ့အထိပါဘဲ။ ဒီကတောက်ကဆ ဖြစ်တဲ့ အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဘက်က ရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကယ့်ကို ဟိုးလေးတကျော် ဖြစ်ပြီး အလုပ်ထုတ်ခံရတာပါ။ ကျွန်တော့ရဲ့ ဘဝ တစ်ခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့ တာ ပါ။ ဒါဟာ ကျွန်တော့အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ ပါတယ်။
လပေါင်း အတော်ကြာ တကယ့်ကို ဘာလုပ်လို့ လုပ်ရမှန်း မသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများအပေါ်မှာ ကျွန်တော် တာဝန်မကျေဘူး လို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊ လက်ဆင့်ကမ်းပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။ ကျွန်တော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန်ခဲ့ပါတယ်။ ကျွန်တော့ ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေး သွားဖို့ အထိတောင် ကျွန်တော်စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အချက်တစ်ချက်ကို ကျွန်တော် တဖြည်းဖြည်း နဲ့ သတိပြုမိလာပါတယ်။ အဲဒါကတော့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ကျွန်တော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေ ဟာ ကျွန်တော့ ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျွန်တော့ကို ကန်ထုတ်တာခံရပေမဲ့ ကျွန်တော်ကတော့ ချစ်ခင်စွဲလမ်းလျှက်ပါ။ ဒါကြောင့်လဲ ကျွန်တော် တစ် ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျွန်တော့ဘဝတစ်လျှောက်လုံး ဖြစ်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီအချိန်ကတော့ ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ကို ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာမှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကဘဲ ကျွန်တော့ကို အနှောင်အဖွဲ့ တွေက ကင်းလွတ်ခွင့်ပေးပြီး ကျွန်တော့ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။
နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝ တဲ့ အမျိုးသမီးတစ်ယောက်နဲ့မေတ္တာမျှပြီး ကျွန်တော်အိမ်ထောင်ပြု ခဲ့ပါတယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျွန်တော့ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျွန်တော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျွန်တော်တို့စတင်ခဲ့တဲ့နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျွန်တော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။
ကျွန်တော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ အတော်သေချာပါတယ်။ အလုပ်ထုတ်ခံရခြင်းဟာ အင်မတန် အဝင်ဆိုးတဲ့ ဆေးခါး ကြီးပါ။ ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တစ်ခါတစ်လေ တော့လဲ ဘဝမှာ ခေါင်းကို အုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို မစွန့် လွှတ်ပါနဲ့။ ကျွန်တော့ရဲ့ဘဝ တစ်လျှောက်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျွန်တော့အလုပ်ကို ကျွန်တော် ချစ်ခင်စွဲလမ်းမှုဘဲလို့ ကျွန်တော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစားရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။
ခုချိန်ထိမတွေ့သေးဘူးဆိုရင်လည်း တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေ ပိုပြီး ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက်ကြပါနဲ့။
ကျွန်တော့ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။
ကျွန်တော်အသက် ၁၇နှစ် မှာ ကောက်နှုတ်ချက် စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ "နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်..." တဲ့။ ဒီစာသားက ကျွန်တော့စိတ် မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက် ၃၃ နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။ "ဒီနေ့သာ ငါ့ဘဝ ရဲ့နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား..." မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက် တိုက် "မလုပ်ချင်ဘူး" ဖြစ်နေပြီဆိုရင်တော့ အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော် သိလိုက်ပါတယ်။
ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက်အပံ့ ကိရိယာ အဖြစ် ကျွန်တော်တွေ့ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာဘဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေး ကြီး တဲ့အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေး ထောင်ချောက်ကို ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ သေရတော့မှာပဲ လို့ သတိချပ်ခြင်း ပါ ။ မင်းဟာ ဗလာထီးထီး ကိုယ်ချည်း ဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို မလိုက်ဘဲ နေဖို့ရာ အကြောင်းမရှိတော့ပါ။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက်ပါတယ်။ ကျွန်တော့ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက် ဆိုတာဘာလဲဆိုတာတောင်မှ ကျွန်တော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျွန်တော့ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော်လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာ ဘာအဓိပ္ပါယ်လဲဆိုတော့ ကျွန်တော့ရဲ့ ကလေးတွေကို နောင် ၁၀နှစ် အတွင်း မှာ ပြောပြဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ အကုန်အစင်ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါဘဲ။ ကျန်ရစ်သူမိသားစု ဒုက္ခ မများရလေအောင် ရှိသမျှ ကိစ္စတွေအားလုံးကို လက်စသိမ်းပါ ဆိုတဲ့ အဓိပ္ပါယ် ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။
တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာ တော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းကြည့် ကိံရိယာကို ကျွန်တော့လည်ချောင်း ထဲကတစ်ဆင့် အစာအိမ်ကိုဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျွန်တော့ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို အဏှုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ "ဟေးကနဲ..." ထပြီးအော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျွန်တော် ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျွန်တော် အခုနေကောင်းပါပြီ။
ဒါဟာ ကျွန်တော့အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီးနီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့် ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင်မယ် တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဥာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ ကျွန်တော်ပြောနိုင်ပါပြီ။
ဘယ်သူမှ မသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။ ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါတယ်။ မရဏတရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရားက ဟောင်းဆွေး အိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့ အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့ အဖယ်ရှားခံကြရမှာပါ။ စိတ်ထိခိုက်အောင်ပြောမိတာကို ကျွန်တော် တောင်းပန်ပါတယ်။ သို့သော်လည်း ဒါက အမှန်တရားပါ။
ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေအများကြီးမရှိတော့ပါဘူး။ ဒီတော့တစ်ခြားသူတွေ နေသလိုဘဲနေပြီး အချိန်ကိုမဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲက အတိုင်း နေ ရတဲ့ဘဝကို တရားသေ ဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့ အတွင်းစိတ် က နှိုးဆော်သံ ကို သူတပါးတွေရဲ့ ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်း မသွားပါစေနဲ့။
ဒီထက်ပိုပြီး အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်းသိစိတ်တို့က ခေါ်ဆောင်ရာကိုလိုက်ပါ။ သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေ အားလုံးက သာမညအချက်တွေပါ။
ကျွန်တော် ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ ကတ်တလောက်စာအုပ် တစ်ခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာ အဲဒီတုန်းက ကျွန်တော်တို့တွေအတွက် တော့ ကိုးကွယ်စရာ ကျမ်းစာတွေထဲက တစ်အုပ်ပေါ့။ အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆိုသူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန်အလှတွေနဲ့ ချယ်မှုန်းပြီးထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ်တစ်အုပ်လုံးက လက်နှိပ်စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ်အဖြစ် ဖတ်ရ သလိုပါဘဲ။ ဒ်ီစာအုပ် ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။ စာအုပ် တစ်ခုလုံးလဲ သပ်ရပ်လှပတဲ့ ကိရိယာတွေနဲ့ အကြံကောင်းတွေနဲ့ပြည့်နေပါတယ်။
Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog” စာအုပ် တော်တော် များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့အခါမှာတော့ သူတို့တစ် တွေ နောက်ဆုံးနှုတ်ဆက်ခြင်း စာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ခုဘွဲ့ရမောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်က ကားလမ်းလေး တစ်ခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန်ကြိုက်သူများ ကားကြုံစီးခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာ စာတန်းလေးရေးထားပါတယ်။ "ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။" တဲ့။
ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံးနှုတ်ဆက်တဲ့စကားပါ။ ကျွန်တော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်းတောင်းခဲ့ပါတယ်။ ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။
"ဆာလောင်မွတ်သိပ်ပါ... အရူးထပါ..."
အားလုံးကိုကျေးဇူးတင်ပါတယ်။
အထက်ပါစာသားများကို ကျနော် မြန်မာဘာသာပြန်ဆိုထားခြင်း မဟုတ်ပါ။
ကျနော် Facebook – Thet Pan မှ တဆင့် ပြန်လည် ဝေမျှခြင်း မျှသာ။
YouTube မှ ဗီဒီယို စာတမ်းထိုး ကိုလည်း တစ်ခါတည်း အတူတူ ဝေမျှပေးထားပါသည်။
ညဘက်ကြီး အိပ်ရာထဲမှာ ယောက်ျား ရှိုက်ငင်သံ ကို သူ့မိန်းမ ကြားတော့ ယောက်ျားဖြစ်သူ ကို လှုပ်နှိုးလိုက်တယ်။
ဘာဖြစ်တာလဲ ?
လို့သူ့မိန်းမ က မေးတော့ ယောက်ျားက
ငါ မင်္ဂလာ ထပ်ဆောင်တာ အိမ်မက်မက်မိလို့
လို့ပြောတယ်။ သူ့မိန်းမ ပြန်ပြောတာက
အဲ့ဒါ ကောင်းတာ မဟုတ်ဘူးလား။
နင် အရင်ကတည်းက နောက်တစ်ယောက် ထပ်ရှာချင်နေတာ မဟုတ်ဘူးလား။
ဘာလို့ ငိုနေရမှာလဲ။ ဝမ်းတောင် သာရအုံးမယ်။
အဲ့ကျမှ ယောက်ျား ဖြစ်သူ ပြောလိုက်တာကတော့
မင်္ဂလာအိပ်ခန်း ထဲရောက်တဲ့အခါ သတို့သမီး ခေါင်းပေါ်က ပဝါကို လှန်လိုက်တော့
နင်ပဲ ထပ်ဖြစ်နေလို့။ …..
မေလ (၁) ရက်နေ့ ကို International Workers’ Day | Labour (Labor) Day | May Day လို့ အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။
The eight-hour day movement တစ်နေ့ အလုပ်ချိန် ၈နာရီ ဖြစ်ရေး အတွက် တောင်းဆိုကြပြီး
8 Hours Labour | ၈ နာရီ အလုပ်လုပ်
8 Hours Recreation | ၈ နာရီ အပန်းဖြေ
8 Hours Rest | ၈ နာရီ အနားယူ
Slogan က နာမည်ကြီးပါတယ်။
Image Source: Wikimedia
အလုပ်သမားထု ရဲ့ တောင်းဆို ဆန္ဒပြမှု ကြိုးပမ်း အားထုတ်မှုတွေကြောင့်သာ အခြားသော အခွင့်အရေးတွေပါ ရရှိလာခဲ့ခြင်း ဖြစ်ပါသည်။
Image Source: Progressive Charlestown