Pages

Sunday, May 11, 2014

ကတိစကား

 photo 2451.jpg

 

ကတိစကား ဆိုတာ မပြည့်ခင် အထိတော့ စကားလုံး မျှသာ။


ကျနော် ကတိစကား သိပ်မပေးတတ်ဘူး။

မလုပ်နိုင်မှာ စိုးလို့ မဟုတ်ဘူး။ ပေးပြီးရင် မတည်မှာ ကြောက်လို့။

ခန့်မှန်းလို့မရတဲ့ တစ်စုံတစ်ရာ တွေကြောင့် မှန်းထားတဲ့ အတိုင်း ဖြစ်မလာမှာ စိုးလို့။

သူတို့အတွက် ကျနော့် ကတိ ဆိုတာ စကားလုံး တွေ လေ တွေ မဖြစ်စေချင်ဘူး။

အခြားသူက ကတိပုံစံမျိုး လိုချင်ရင် က “တတ်နိုင်သလောက် ကြိုးစားကြည့်ပေးမယ်” လို့သာ ပြောတတ်ပါသည်။

ဒါပေမယ့်လည်း လူတွေက “I Swear” “I Promise” တို့ကို ပိုယုံကြည်ကြတယ်လို့ စာတမ်းတစ်စောင်မှာ ဖတ်မှတ်ဖူးတယ်။

ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်ပုံစံ အတိုင်း ကတိစကား တွေ အပေး နည်းနေအုံးမည်သာ။

No comments:

Post a Comment