Pages

Wednesday, May 14, 2014

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ၏ ဗုဒ္ဓဘာသာ ပေါ်တွင် ထားရှိသည့် ကမ္ဘာကျော် အမြင်

Photobucket Pictures, Images and Photos 

အိန္ဒိယလူမျိုး တစ်ယောက် က ဆရာတော် ကို အရှင်ဘုရား ဗုဒ္ဓဘာသာ ကို ( Religion ) ဘာသာတရား လို့ဆိုနိုင်ပါသလား လို့ မေးပါတယ်။

ဆရာတော် က ‘‘ဗုဒ္ဓဘာသာ ဟာ Religion မဟုတ် ဟု‘‘ ရဲဝံ့ပြတ်သားစွာ ဖြေဆိုခဲ့ပါတယ်။

‘‘ရီလေးဂျင်း မဟုတ်ရင် အရှင်ဘုရား က ဘာလို့ ပြောချင်တာလဲ‘‘

‘‘ဗုဒ္ဓဘာသာ ဟာ ကျင့်စဉ် တစ်မျိုး ပါ။‘‘

‘‘ Religion ကတော့ ကျင့်စဉ် မဟုတ်ဘူးလား‘‘

‘‘Religion ဆိုတဲ့ ဘာသာတရားမှာ ကျင့်စဉ် မပါဘူး။
ယုံကြည်ခြင်း၊ ရှိခိုးခြင်း ၊ ဆုတောင်းခြင်း တို့ပဲရှိပါတယ်။
ယုံကြည်မှု နှင့် ဆုတောင်မှု ကို ပဓာန မထားဘဲ အကျင့်ကိုသာ ပဓာနထားတဲ့ ဘာသာ ဟာ ဗုဒ္ဓဘာသာပါ။‘‘

ဒါဆိုရင် ဗုဒ္ဓဘာသာ ဟာ (Philosophy) လို့ဆိုရင်ကော ရပါသလားလို့ ဒကာ က ထပ်မေးပါတယ်။

ဆရာတော်က ‘‘မရပါဘူး။ ဒီလို တစ်ဘက်သက်လည်း မပြောနိုင်ပါဘူး။
ဖီလောဆိုဖီ ဆိုတာ အသိ သက်သက်ပဲ ။ အကျင့်စရဏ မပါဘူး။
ဗုဒ္ဓဘာသာ ဆိုတာ ယုံကြည်မှု နဲ့ အသိဉာဏ် ပေါင်းစပ်ပြီး ကျင့်ရတဲ့တရားပါ‘‘
ယုံကြည်မှု နဲ့ အသိဉာဏ် ပေါင်းစပ်ပြီး ကျင့်တော့ မိမိနှလုံးသားထဲက ယုတ်ညံတဲ့ ကိလေသာ တွေ အကုန် ရှင်းသွားတယ်။
အဲဒီလို ရှင်းသွားတော့ ချမ်းသာသုခ ကို အမှန်တကယ် ရတာပါပဲ။
မိမိရဲ့ယုတ်ညံမှု တွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင် လုပ်ရပါတယ်။
မိမိစိတ်ဓါတ် ရဲ့ တိုးတက်ဖွံ့ဖြိုးမှု ကို မိမိကိုယ်တိုင် ကြိုးစားယူရတယ်။
အလွန် တန်ဖိုး ထက်မြက်တဲ့စိတ်၊ စေတသိတ် တို့ကို အသုံချ ကျင့်ရတာဟာ ဗုဒ္ဓဘာသာ ပါပဲ‘‘
ဟု ဆရာတော် က မိန့်ဆိုလိုက်ပါတယ်။

No comments:

Post a Comment