သင့် တိုင်းပြည် က သင့် အတွက် ဘာလုပ်ပေးနိုင်သလဲ လို့ မမေးပါနဲ့။
သင့် တိုင်းပြည် အတွက် သင် ဘာလုပ်ပေးနိုင်သလဲ လို့သာ မေးပါ။
အမေရိကန် သမ္မတဟောင်း ကနေဒီ
သင့် တိုင်းပြည် က သင့် အတွက် ဘာလုပ်ပေးနိုင်သလဲ လို့ မမေးပါနဲ့။
သင့် တိုင်းပြည် အတွက် သင် ဘာလုပ်ပေးနိုင်သလဲ လို့သာ မေးပါ။
အမေရိကန် သမ္မတဟောင်း ကနေဒီ
သုတေသနတစ်ခုမှာ ကျောင်းသားတွေကို ရည်မှန်းချက်တစ်ခုပေးပြီး အချိန် လေးပတ်အတွင်း ကြိုးစားလုပ်ဆောင်စေပါတယ်။
ရလာတဲ့ အဖြေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ရည်မှန်းချက်ကို သိရုံသာသိပြီး ရေးမှတ်မထားတဲ့ ကျောင်းသားတွေရဲ့ ၄၃ ရာခိုင်နှုန်းသာ အောင်မြင်ပါတယ်။
ရည်မှန်းချက်ကို ရေးသားထားတဲ့ ကျောင်းသားတွေရဲ့ ၆၄ ၇ာခိုင်နှုန်းအောင်မြင်ပါတယ်။
ရည်မှန်းချက်ကို ရေးသားထားပြီး သူငယ်ချင်းတွေကိုပါ “ကိုယ့်ရည်မှန်းချက်ဘာလဲ” ပြောပြတဲ့သူတွေရဲ့ ၇၆ ရာခိုင်နှုန်း အောင်မြင်ပါတယ်။
ဒါဆို သင် ပြတ်သားတဲ့ ဘ၀ရည်မှန်းချက်တစ်ခု ချထားပြီးပြီဆိုရင် ရေးသားထားပါ။
ဒါ့အပြင် မိမိအပေါင်းအသင်းနဲ့ သူငယ်ချင်းတွေကို မိမိရည်မှန်းချက်က ဘာဖြစ်ကြောင်း ဝေမျှပြောဆိုပါ။
ဒါဆိုရင် သင့်အတွက် အောင်မြင်မှုရာခိုင်နှုန်းပိုများလာပါလိမ့်မယ်။
Source: Facebook: myanmar entrepreneurs
(၁)
လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် -
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက-
ဘယ်မှာ “အနတ္တ” ရှိမည်နည်း ။ ။
(၂)
ပြောတိုင်းမရ ဒေါမထနှင့် -
ကိုယ်ပြောတိုင်းသာ ရနေပါက-
ဘယ်မှာ “အနတ္တ” ရှိမည်နည်း ။ ။
(၃)
ကြံတိုင်း မပေါက် စိတ်မဖေါက်နှင့် -
သင် ကြံတိုင်းသာ ပြီးမြောက်ပါက -
ဘယ်မှာ “အနတ္တ” ရှိမည်နည်း ။ ။
(၄)
ဆင်းရဲကြုံမူ မညည်းညူ နှင့်-
ချမ်းသာချည်းသာ ကြုံနေပါက -
ဘယ်မှာ “ဒုက္ခ” ရှိမည်နည်း ။ ။
(၅)
ပျက်စီးတိုင်းလျှင် မပူပင်နှင့် -
မပျက်စီးကာ ခိုင်မြဲပါက
ဘယ်မှာ “အနိစ္စ” ရှိမည်နည် ။ ။
(၆)
အာရုံဟူသမျှ မတောင့်တနှင့် -
အာရုံတိုင်းသာ တောင့်တပါက -
ဘယ်မှာ “လောဘ” ဆုံးမည်နည်း ။ ။
(၇)
အရာရာမျိုး စိတ်မဆိုးနှင့်
နေရာတိုင်းသာ စိတ်ဆိုးပါက -
ဘယ်မှာ “ဒေါသ” ဆုံးမည်နည်း ။ ။
(၈)
သိဉာဏ် မလိုက် သင်မမိုက်နှင့်
သိဉာဏ်မရ မိုက်နေပါက -
ဘယ်မှာ “မောဟ“ ဆုံးမည်နည်း ။ ။
(၉)
“ဗုဒ္ဓတရား” မေ့မထားနှင့်
ဆုံးမတိုင်းသာ ကျင့်ကြံပါက
ဘယ်မှာ “နိဗ္ဗာန်” ဝေးမည်နည်း ။ ။
Credit- Dhamma Knowledge via The Express Times
ဒီနည်းလမ်း ရဲ့ နောက်ကွယ် က သိပ္ပံနည်း အရ ဖြေရှင်းချက် ရှိ မရှိတော့ ကျနော် မပြောတတ်ပါဘူး။ ဒါပေမယ့် ကျနော် အတွက် တကယ် အလုပ် ဖြစ်ပါတယ်။ ကြားတဲ့ သတင်းအချက်အလက် ကို ထုတ်ဖော် ပြောဆိုခြင်း ဖြင့် သင့် ဦးနှောက် တွင် ကြားဖူး ပြောဖူး သည်ဟု မှတ်ထားသဖြင့် တစ်ခုခု မှတ်မိပါက ပြန်လည် မှတ်မိနေပါလိမ့်မည်။
အေဘီစီ ကုမ္ပဏီ ကို သွားဖို့ လမ်းနာမည် မေ့သွားတယ် ဆိုပါစို့။ လမ်းနာမည် က သင့်သူငယ်ချင်း နာမည်နဲ့တူနေတာ ဖြစ်နေမယ်။ သင့်ဖုန်းထဲက Contact စာအုပ်ထဲ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ဖြည့်လိုက်မိတယ်၊ စသည်ဖြင့် ချိတ်ဆက် မှတ်ထားပါက တစ်ခုခု ဖြင့် အစဖော် ပြန်ရှာ မှတ်မိသွားပါလိမ့်မည်။
တူရာ တူရာ ကို စုပြီး ချရေး သို့ မှတ်ထားပါ။ တစ်ခုခု ပြန်လိုချင်ပါက ကိုယ့်ထားသည့် ခေါင်းစဉ်အောက်တွင် အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ပါလိမ့်မည်။
ငယ်ငယ်ကတော့
ဒဿဂီရိ ဆိုတာ
မယ်သီတာ ကို ခိုးတဲ့
လူကြမ်းကြီး ပေါ့။
လူလတ်ပိုင်းရောက်တော့
ဒဿဂီရိ ဆိုတာ
သနားဖို့ ကောင်းတဲ့
အချစ်ရှုံးသမားကြီး ပေါ့။
အခုတော့
ဒဿဂီရိ ဆိုတာ
အချစ်ရှုံးပေမယ့် ခိုးရဲတဲ့
သူရဲကောင်းကြီး ပေါ့။
မင်း ဆန္ဒ မပါဘဲ နဲ့တော့
ဒဿဂီရိ လို
ငါ့ အတ္တ ငါ့ ဆန္ဒ ကို
ရှေ့တန်း မတင်ရက်ပါဘူး။
မင်း ပျော်ရွှင်မှု အတွက်
ဒဿဂီရိ ကို
ငါ ကြည်ဖြူစွာ
အရှုံးပေးထားတယ်။
ArrLuu
10:46 PM, 18th Oct 2014
Image Source: Facebook - The Mind Unleashed
အားပါးတရ ရယ်မောခြင်း နှင့်
တရေးတမော အိပ်စက်ခြင်း တို့သည်
ဘယ်အရာအတွက်မဆို အကောင်းဆုံး ကုသခြင်း နှစ်မျိုး ဖြစ်သည်။
(အိုင်းရစ် စကားပုံ)
လေးလွန်း၍ မတွန်းနိုင်ဘူးလား ?
ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည်။
အပေါ်က ပုံလေး ကို ဆရာ အေးငြိမ်း ၏ ပညာရပ်ဆိုင်ရာ စာအုပ်များ ရေးထုတ်ကြပါရန် နှိုးဆော်ခြင်း မှ ရရှိပါသည်။
အဆိုပါ ဆောင်းပါးတွင် ဆရာ က အခြားပညာရှင်များကို ပညာရပ်ဆိုင်ရာ စာအုပ်များ ထုတ်ဝေနိုင်ရန် ရေးသား ဆော်သြထားပါသည်။ နောက်ဆုံးအကြောင်းတွင် မခံချင်စိတ် ကြိုးစားချင်စိတ် ဖြစ်လာအောင် ရေးသားထားပုံက
ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား။
ဟင်းလျာ မျိုးစုံတို့ ကို ပိုမိုထူးကဲသော အရသာ ကို ပိုင်ဆိုင်လိုပါက အောက်ပါ နည်းများ အသုံးပြုကြပေသည်။
၁။ ကြက်သားဟင်း သည် အာလူး နှင့် အလိုက်ဖက်ဆုံးဖြစ်ပါသည်။ ကြက်သား ကို ချက်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ အာလူး နှင့် တွဲစားပါက အရသာ ပိုမိုထူးကဲပါသည်။ ကမ္ဘာကျော်အစားအစာတစ်ခုဖြစ်သည့် KFC ကြက်ကြော် ကို အာလူးချောင်းကြော်များ နှင့် တွဲစားကြသည်မှာ သက်သေ ဖြစ်ပါသည်။
၂။ ဘဲသား ကို ပေါင်းစားသည်ဖြစ်စေ၊ ဘဲစတူး လုပ်စားသည်ဖြစ်စေ မှိုအမည်း နှင့် ဂျပန်တို့ဟူး ကို ထည့်ပေးပါ။ ပိုမိုထူးကဲသော အရသာ ကို ပိုင်စေပါမည်။ (နာမည်ကြီးပြီး လူအများကြီး စားသုံးနေတဲ့ ဆိုင်အချို့ မှာ နည်းစနစ် ကို လူသိမှာစိုး၍ မှို နှင့် တို့ဟူး ပါမှန်း မသိအောင် အဖတ် ကို ဆည်ထားတတ်ကြပါသည်)
၃။ ဆိတ်သား ကို မချက်ခင်မှာ ဒိန်ချဉ် နှင့် သံပရာသီး ကို ညှစ်ထည့်ပြီး အရင်နှပ်ထားရပါမည်။ ပြီးမှ ချက်လျှင် အညီနံ့လည်း ပျောက်သလို အသားလည်း နူးပြီး ပိုစားကောင်းပါသည်။
၎။ ဂဏန်း ကို အရသာ ပိုရှိအောင် ချက်စားရသည့် လှို့ဝှက်ချက် သည် ကြက်ဥ ဖြစ်ပါသည်။ ချက်စား၊ ပေါင်းစားသည်ဖြစ်စေ ကြက်ဥ တစ်လုံး ကိုတော့ ပါအောင် ထည့်ပေးပါ။
၅။ အကြော် ကြော်စားတော့မည်ဆိုလျှင် ဘူးသီးကြော်၊ ကြက်သွန်ကြော် စသည့် မည်သည့် အကြော်မဆို အကြော်ကြော်မည့် မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီး ထည့်လိုက်ပါ။ ရွှေကြည်မှုန့်အနည်းငယ် ကို ထည့်ပေးပါ။ အကြော်များ ဖောင်းဖောင်းလေးဖြစ်ပြီး ပိုမိုကြွတ်ရွစေကာ အရသာ လည်း ပိုကောင်းစေပါမည်။
၆။ ခေါက်ဆွဲ ကို တရုတ်ဆိုင် က ခေါက်ဆွဲကြော် ကဲ့သို့ မွှေးကြိုင်နေအောင် ကြော်စားချင်လျှင် အကြော်အိုး ကို သီးသန့်ထားပါ။ ဆီဝနေသည့် အကြော်သီးသန့်အိုး သည် အနံ့နှင့် အရသာ ကိုပါ ကွာခြားစေပါသည်။
၇။ နာမည်ကြီး Chinese Restaurant များ ၏ ဟင်းလျာ အရသာ လျှို့ ဝှက်ချက် မှာ ကြက်ရိုးပြုတ်ရည် ဖြစ်ပါသည်။ မိုးလင်းကတည်းက ပြုတ်ထားသည့် ကြက်ရိုးပြုတ်ရည် ကို မည်သည့်ဟင်း ကို မဆို အနည်းငယ်စီ ခပ်ပေးပါက အရသာ ပိုမို ထူးကဲစေပါမည်။
၈။ ဝက်သား ကို အချိုချက်ကလေး စားချင်လျှင် သကြား အနည်းငယ် ထည့်လိုက်ပါ။ ဝက်သား တရုတ်ချက် အရသာ ပေါ်လာစေမည်။
၉။ယိုးဒယား နာမည်ကြီး တုံယမ်းဟင်းရည် ချက်စားမည် ဆိုလျှင် ထည့်ရမည့် ရှောက်ရွက် သည် ရှောက်ဘီလူးရွက် ဖြစ်ပါသည်။ ရိုးရိုးရှောက်ရွက် ထည့်လိုက်လို့ အရသာခါးသက်သက် ဖြစ်သွားကြသူများ သတိထားစရာပါ။
၁၀။ ကန်စွန်းရွက်ကြော် ကို အရောင် မမဲသွားစေအောင် ကြက်သွန် နှင့် ဆား ကို အုပ်ပေးလိုက်ပါ။ သို့ မဟုတ် မကြော်ခင်မှာ ရေခဲရေ ထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။
၁၁။ ထမင်း ကို ဖြူဖြူဖွေးဖွေးလေး နဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီး အရည်လေး အနည်းငယ် ညစ်ထည့်ပေးပါ။
၁၂။ မုန့်ဟင်းခါး အရသာ ထူးကဲစေခြင်း ၏ လျှို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည် ဖြစ်ပါသည်။
၁၃။ အညာတို့ဟူးသုပ် ၏ ထူးကဲသောအရသာ လျှို့ ဝှက်ချက် မှာ စဥ့်အင်တုံထဲမှာ ဖျော်ထားသည့် ဆားရည် သည် အဓိက ဖြစ်ပါသည်။
Credit to : စားဖိုဆောင်ချစ်သူ
Image from Landscape HD Walls
အရိပ်ကောင်းတဲ့ သစ်ပင်ကြီးဖြစ်ချင်တယ်...
အိုလေ တန်ဖိုးထားခံရလေ
အရွက်ဝေလေ လူတွေအေးလေ
အပင်ကြီးလေ လဲဖို့ခက်လေ
Facebook: Sis Wáng Jīng Jīng ‘s Status