
ငယ်ငယ်ကတော့
ဒဿဂီရိ ဆိုတာ
မယ်သီတာ ကို ခိုးတဲ့
လူကြမ်းကြီး ပေါ့။
လူလတ်ပိုင်းရောက်တော့
ဒဿဂီရိ ဆိုတာ
သနားဖို့ ကောင်းတဲ့
အချစ်ရှုံးသမားကြီး ပေါ့။
အခုတော့
ဒဿဂီရိ ဆိုတာ
အချစ်ရှုံးပေမယ့် ခိုးရဲတဲ့
သူရဲကောင်းကြီး ပေါ့။
မင်း ဆန္ဒ မပါဘဲ နဲ့တော့
ဒဿဂီရိ လို
ငါ့ အတ္တ ငါ့ ဆန္ဒ ကို
ရှေ့တန်း မတင်ရက်ပါဘူး။
မင်း ပျော်ရွှင်မှု အတွက်
ဒဿဂီရိ ကို
ငါ ကြည်ဖြူစွာ
အရှုံးပေးထားတယ်။
ArrLuu
10:46 PM, 18th Oct 2014
No comments:
Post a Comment