Pages

Friday, October 24, 2014

သင် ပြတ်သားတဲ့ ရည်မှန်းချက် တစ်ခု ချထားပြီလား

သုတေသနတစ်ခုမှာ ကျောင်းသားတွေကို ရည်မှန်းချက်တစ်ခုပေးပြီး အချိန် လေးပတ်အတွင်း ကြိုးစားလုပ်ဆောင်စေပါတယ်။

ရလာတဲ့ အဖြေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ရည်မှန်းချက်ကို သိရုံသာသိပြီး ရေးမှတ်မထားတဲ့ ကျောင်းသားတွေရဲ့ ၄၃ ရာခိုင်နှုန်းသာ အောင်မြင်ပါတယ်။

ရည်မှန်းချက်ကို ရေးသားထားတဲ့ ကျောင်းသားတွေရဲ့ ၆၄ ၇ာခိုင်နှုန်းအောင်မြင်ပါတယ်။

ရည်မှန်းချက်ကို ရေးသားထားပြီး သူငယ်ချင်းတွေကိုပါ “ကိုယ့်ရည်မှန်းချက်ဘာလဲ” ပြောပြတဲ့သူတွေရဲ့ ၇၆ ရာခိုင်နှုန်း အောင်မြင်ပါတယ်။

ဒါဆို သင် ပြတ်သားတဲ့ ဘ၀ရည်မှန်းချက်တစ်ခု ချထားပြီးပြီဆိုရင် ရေးသားထားပါ။

ဒါ့အပြင် မိမိအပေါင်းအသင်းနဲ့ သူငယ်ချင်းတွေကို မိမိရည်မှန်းချက်က ဘာဖြစ်ကြောင်း ဝေမျှပြောဆိုပါ။

ဒါဆိုရင် သင့်အတွက် အောင်မြင်မှုရာခိုင်နှုန်းပိုများလာပါလိမ့်မယ်။

Source: Facebook: myanmar entrepreneurs

No comments:

Post a Comment