Pages

Thursday, December 18, 2014

လက်ဆစ် ချိုးတာ တကယ်ပဲ ဆိုးသလား

Is It Bad If I Crack My Knuckles or Other Joints?

Image Credit: Gawker

ကျနော် လက်ဆစ်တွေ ခဏ ခဏ တမင် ချိုးတတ်တဲ့ အကျင့်ဆိုးလေး ရှိတယ်။ အသံလေးထွက်ပြီး လက်လှုပ်ရှားရတယ် လို့ စိတ်ထဲက ခံစားရသလို ကျန်းမာရေး ရှု့ထောင့် က ကြည့်ရင် မကောင်းမှာကိုတော့ အရမ်းမကြောက်ပေမယ့် စိုးရိမ်မိခဲ့တယ်။

လက်ဆစ်ချိုးတာနဲ့ပတ်သက်ပြီး အယူမှားကြီး ကတော့ အဆစ်ရောင်ရောဂါ ဖြစ်တတ်တယ် ဆိုတာပဲ။ အဲ့ဒါက တကယ့် ကို အယူအဆ အမှားကြီး ပါ။

အဆစ်တွေ လှုပ်ရှားရ လွယ်ကူ ချောမွေ့အောင် အဆစ်ကြားထဲတွင် အရည် (Synovial Fluid) ရှိတယ်။ အဲ့အရည် ထဲတွင် အောက်စီဂျင် (O2) နှင့် နိုက်ထရိုဂျင် (Nitrogen) ပါတဲ့ ပူဖောင်းတွေ ရှိတယ်။ အဆစ်တွေ ကွေး (သို့) ဆန့် လိုက်တဲ့ အခါမှာ ပူဖောင်းတွေ ပေါက်ပြီး အသံထွက်လာခြင်း ဖြစ်တယ်။ အသံ ထပ်ကြားရဖို့က အချိန် တစ်ခု အထိ စောင့်ရပါတယ်။ ဘာလို့လည်း ဆိုတော့ ဂတ်စ် ပူဖောင်း ပြန်ဖြစ်ဖို့ အချိန် လိုအပ်လို့ပါ။

ဆေးပညာ အတွေ့အကြုံ အရ မလှုပ်မရှားနေခြင်း သည် အဆစ်ချိုးရန် များများ လိုအပ်ပါသည်။ အကယ်၍ သင်သည် လှုပ်ရှားမှု များများ (သို့) အကြောလျော့ အကြောဆန့် လုပ်တယ် ဆိုရင်တော့ အဆစ်ချိုးရန် နည်းနည်း သာ လိုအပ်ပေမည်။

ကြောင်တွေ ၊ ခွေးတွေ သည် အချိန် အတန်ကြာ မလှုပ်မရှား ဖြစ်နေတာကနေ ထရင် အညောင်းဆန့်ကြသည်။ ကလေးတွေလည်း ဒီလိုပါပဲ။ လူကြီးတွေကတော့ ထတာနဲ့ ရုံးထိုင်လုပ်ငန်းတွေနဲ့ပဲ နှစ်ပါးသွားနေကြတာ များပါတယ်။ သူတို့ အဆစ်တွေ အသံမြည်နေတာ (ဒါမှမဟုတ်) အသံမြည်အောင် ချိုးဖို့ လိုအပ်နေတာကလည်း မထူးဆန်းပါဘူး။

တစ်နည်းအားဖြင့် ဆိုသော် သင့် တစ်နေတာ ကို လှုပ်ရှားမှု များဖြင့် ကျန်းမာအောင် ပြုလုပ်ပါ။

အဆစ်တွေ လှုပ်ရှားတိုင်း အသံမြည်နေခြင်း သည် နိမိတ် မကောင်းလှချေ။ အကယ်၍ နာကျင်ခြင်း ကိုပါ ခံစားရပြီ ဆိုရင် သင့် အဆစ် တွင် ပြဿနာ ရှိနေသည် ဟု ပြောလို့ရသည်။ ကျွမ်းကျင်သော အရိုး အဆစ် ဆရာဝန် နဲ့ တိုင်ပင် ပြသပါ။

One really fun paper was what we call an "n of 1" study - some guy (Dr. DL Unger) decided to only crack one hand his whole life, and see what happened.

He then published the result.

Bottom line: the cracked knuckle was bigger, but none the worse for wear.

အဆစ်ချိုးတာ ဘာမှ မဖြစ်ဘူး ဆိုပေမယ့်လည်း တကယ် လက်ဆစ်ကြီး တတ်ပါသည်။ လက်စွပ်ဝတ် မရအောင်လောက်တော့ မဟုတ်ပေ။


Reference: Is It Bad If I Crack My Knuckles or Other Joints? by Melanie Pinola | Lifehacker

Friday, December 12, 2014

Benjamin | ဘင်ဂျန်မင်

ချန်လုံ ၏ အင်္ဂလိပ် နာမည် သည် Jackie Chan ဖြစ်သည်။ Chan သည် သူ့၏ မျိုးရိုး နာမည် ဖြစ်သည်။

အလားတူပင် ကျနော့် မျိုးရိုး နာမည် သည် Lin ဖြစ်သည်။

ကာရန် နဘေ လည်း လှ ၊ ကိုယ့်လည်း အားကျရသည့် Benjamin Franklin ၏ နာမည် တစ်စိတ်တစ်ပိုင်း ဖြစ်သည့် Benjamin Lin ဆိုပြီး ကိုယ့်ဘာသာကိုယ် ပေးဖြစ်သည်။

ကိုယ့်ဘာသာကိုယ်ပေး ပြီး ကိုယ့်ဘာသာကိုယ် လည်း နာမည်ကို အလွန် နှစ်သက်ပါသည်။

 

နိုင်ငံခြားသားများ နှင့် ဆက်ဆံရာတွင် ကိုယ့်မြန်မာ နာမည် ခေါ်ရသည်မှာ သူတို့အတွက် မခက်ခဲနိုင်သော်လည်း အလွယ်ကြီးတော့ မဟုတ်ပေ။

ဒါကြောင့် သင် ၏ အင်္ဂလိပ်နာမည် တစ်လုံး သည် သူတို့အတွက် ရွေးချယ်ပြီး ခေါ်ချင်စရာ နာမည် တစ်ခု ဖြစ်နေပေလိမ့်မည်။

 

Yours sincerely,

Benjamin Lin

Thursday, December 4, 2014

လူတွေ့စစ်ဆေးခြင်း မဖြေမီ အလုပ်ရရှိစေနိုင်မည့် လုပ်ဆောင်ရန် အချက် (၅)ချက်

Myanmar NetworkBetty ရေးသားသော လူတွေ့စစ်ဆေးခြင်း မဖြေမီ အလုပ်ရရှိစေနိုင်မည့် လုပ်ဆောင်ရန် အချက် (၅)ချက် ကို ကူးယူဖော်ပြပါသည်။


The Society for Personality and Social Psychology က မကြာသေးခင်က ဆောင်ရွက်ခဲ့တဲ့ လေ့လာချက်အရ အလုပ်အတွက် လူတွေ့စစ်ဆေးခြင်းကို မ၀င်ခင်လေးမှာပဲ တေးဂီတကို နားထောင်ခဲ့သော သူသည် လူတွေ့စစ်ဆေးခြင်း ခံရတဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိပြီး အစွမ်းလည်း ပိုထက်လာတယ် လို့ အကြံပြုထားပါတယ်။

လူတွေ့စစ်ဆေးခြင်း ခံရန်အတွက် ကိုယ့်စိတ်ကို ပိုမိုခိုင်မာအောင် အားဖြည့်ပေးသောသူသည် ထိုသို့မလုပ်သူ များထက် ပိုကောင်းကောင်းဖြေနိုင်မယ်ဆိုတာက သဘာဝကျပါတယ်။ အားကစားသမားတွေနဲ့ ဂီတသမားတွေ ဟာ သူတို့ရဲ့ ဖျော်ဖြေမှုမတိုင်ခင် ဒီလိုပဲလုပ်ကြပါတယ်။ အင်တာဗျူးဆိုတာကလည်း ဖျော်ဖြေခြင်းတစ်မျိုးပဲ လေ။ ဒါကြောင့် သင်ဖြေရမယ့် နောက်အင်တာဗျူးမှာ စစ်မေးသူတွေ လဲကျသွားလောက်အောင် အနိုင်နဲ့ ပိုင်းထွက် လာချင်ရင်တော့ လူတွေ့စစ်ဆေးမှုမတိုင်ခင် လုပ်ဆောင်ရမယ့် ကိစ္စအချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ သင်အလုပ်လျှောက်ထားတဲ့ကုမ္ပဏီအကြောင်း သုတေသနလုပ်ပါ။

ဒီလို သုတေသနမလုပ်တဲ့သူ ဘယ်နှယောက်လောက် ရှိသလဲဆိုတာကို သင်သိရင် အံ့သြသွားလိမ့်မယ်။ ဒီကုမ္ပဏီမှာ ၀က်(ဘ)ဆိုဒ် ရှိမှာပါ။ ၀က်(ဘ)ဆိုဒ်ထဲမှာ သူတို့အကြောင်းကို ပြောထားကောင်း ပြောထားနိုင်ပါ တယ်။

၂။ ဒီအလုပ်ကို ဘာကြောင့်လိုချင်တယ်- ဆိုတာကို တိတိကျကျ ပြောနိုင်ပါစေ။

အလုပ်လျှောက်တဲ့အခါ လခလိုချင်လို့ ဆိုတဲ့ အကြောင်းပြချက်ကလွဲပြီး တခြားအကြောင်းပြချက် ဖော်ပြခြင်းမရှိ တဲ့သူ ဘယ်လောက်တောင် များသလဲဆိုတာကို သင်သိရင် ထပ်ပြီး အံ့သြသွားဦးမှာ။ သင့်အနေဖြင့် စစ်ဆေး သူရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပြီး အလုပ်လျှောက်ရတဲ့အကြောင်းရင်းကို တိတိကျကျပြောနိုင်ရင် သင်ဟာ တခြားသော ပြိုင်ဖက်တွေထက် ၇၅% ရှေ့ကို ရောက်နေမှာ ဖြစ်ပါတယ်။

၃။ သင်သည် ကုမ္ပဏီအတွက် ဘယ်လိုတန်ဖိုးဖြစ်စေမည်- ဆိုတာကို ရှင်ပြနိုင်ခြင်း။

သင်အလုပ်လျှောက်ထားတဲ့ကုမ္ပဏီဟာ လူလိုနေပါတယ်။ သို့သော် ဘယ်သူဖြစ်ဖြစ် ကိုတော့ လိုချင်တာ မဟုတ်ပါ။ အလုပ်အတွက် သင့်တော်တဲ့သူကိုသာ လိုချင်တာဖြစ်ပါတယ်။ သင့်ကို စစ်ဆေးသူကို သူတို့ရဲ့ကုမ္ပဏီဟာ အရမ်းကောင်းတာပဲ ဆိုတဲ့ မြှောက်ပင့်စကားတွေ ပြောပြီးတဲ့အခါ သင်ဟာ အလုပ်အတွက် ဘယ်လိုသင့်တော်တယ် ဆိုတဲ့အကြောင်း ပြောပြခြင်းဖြင့် သူတို့၏ အထင်ကြီးမှုကို ရယူပါ။ မိမိကိုယ်ကို မိမိ ယုံကြည်ခြင်း (confidence) နှင့် စိတ်ကြီးဝင်မှု (arrogance) တို့သည် မတူပါ။ ကွဲပြား ပါတယ်။ ထိုကွဲပြားမှုကလည်း- သင့်အပြောတွေဟာ ယုတ္တရှိတဲ့စကားလား (သို့) ရယ်စရာကောင်းတဲ့စကားလား ဆိုတဲ့အချက်ပေါ် မူတည်နေပါ။ ကိုယ့်ဘာသာကိုယ် မဆုံးဖြတ်နိုင်ရင် သူငယ်ချင်းတစ်ယောက်နဲ့ ကြိုတင် လေ့ကျင့်ပြောကြည့်ပြီး သူတို့ရဲ့ထင်မြင်ချက်ကို ယူပါ။ နားထောင်ပေးတဲ့သူကို၊ စကားကို ဒဲ့ဒိုးပြောတတ်တဲ့ သူငယ်ချင်းမျိုးကို ရွေးပါ။ သင့်မှာ ထိုသူငယ်ချင်းမျိုးတစ်ယောက်လောက်တော့ ရှိမှာဖြစ်ပြီး ထိုသူကလည်း ဒီလိုဝေဖန်ခွင့်ရမယ့် အခွင့်အရေးကို စောင့်နေတာ ဖြစ်မှာပါ။

၎။ လူတွေ့စစ်ဆေးမှုမတိုင်မီ ()နာရီအလိုမှာ တစ်မှေးလောက် အိပ်လိုက်ပါ။

စာမေးပွဲတစ်ခုခုကို ဖြေဆိုတိုင်း ၄င်းမတိုင်မီ တစ်ချိန်ချိန်မှာတော့ စာကျက်လည်း စာဆက်ပြီး ကျက်လို့ မရတော့တဲ့အချိန်မျိုး ရှိပါတယ်။ စာတွေဟာ ခေါင်းထဲမှာ ရှိတယ် (သို့) မရှိဘူး။ နှစ်ခုအနက် တစ်ခုခုပဲ။ ဒါ့အပြင် သင် စစ်ဆေးခြင်းခံနေရတဲ့အချိန်မှာ သင့်အနေနဲ့ အရမ်းကြောက်ပြီး အရမ်းစိတ်လှုပ်ရှားနေရင် စစ်ဆေးသူ အနေဖြင့် သင်ဟာ စိတ်လှုပ်ရှားလွယ်သူတစ်ယောက်လို့ ယူဆသွားနိုင်ပါတယ်။ တစ်မှေးမအိပ်နိုင်ရင် တောင်မှ စိတ်တည်ငြိမ်ပြီး အတွေးများ စုစည်းနိုင်ဖို့ အချိန်(၁၀)မိနစ်လောက် ယူပါ။ ထို့နောက် စစ်ဆေးမည့် အခန်းထဲ မ၀င်ခင် ကျယ်လောင်တဲ့ ရော့(စ်)သီချင်းများကို နားထောင်သွားပါ။

၅။ ကိုယ်တိုင်ရေးသားသော ကျေးဇူးတင်လွှာ ပေးပို့လိုက်ပါ။

ငြီးငွေ့စရာကောင်းမှန်း သိပါတယ်။ ဒါပေမဲ့ ရေးဖြစ်အောင်ရေးပြီး သင့်ကို အင်တာဗျူးအတွက် အချိန်ပေး ခေါ်ဆိုတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်ပါ။


LinkedIn.com မှ Jeff Havens ရဲ့ 5 Things To Do Before An Interview That Will Get You Hired ကို ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။


Myanmar NetworkBetty ရေးသားသော လူတွေ့စစ်ဆေးခြင်း မဖြေမီ အလုပ်ရရှိစေနိုင်မည့် လုပ်ဆောင်ရန် အချက် (၅)ချက် ကို ကူးယူဖော်ပြပါသည်။

Monday, December 1, 2014

အဝေးဆုံး ပျံနိုင်တဲ့ စက္ကူ လေယာဉ်ပျံ ခေါက်နည်း


စံချိန်တွေဟာ ကျိုးပျက်တဲ့သူတွေ ရှိရင် ကျိုးပျက်တတ်ပေမယ့်လည်း အခုလောလောဆယ် စံချိန်တင် ထားတဲ့ John Collins ကနေ ၂၂၆ ပေ ၁၀ လက်မ လောက်ရောက်အောင် သွားနိုင်တဲ့ စက္ကူလေယာဉ်ပျံ ခေါက်နည်း ကို ဗီဒီယို မှာ တစ်ဆင့်ချင်း လိုက်လုပ်လို့ ရအောင် လုပ်ပြပေးသွားပါတယ်။

How to fold the world record paper airplane | YouTube via Adafruit

Learn to Fold a World-Record-Setting Paper Airplane | Lifehacker

World AIDS Day – 1 Dec 2014


ဒါ ကတော့ Be Positive လုပ်လို့ ရဘူးလေ။

ဒါကြောင့် ဒါမျိုး သွေး အဖြေ စစ်တာကတော့ Be Negative ဖြစ်ပါစေ။


Saturday, November 29, 2014

အလုပ် မရှိဘဲ ငွေ ရှာနည်း (၁၀) ခု


(1) Street Performing (လမ်းပေါ်တွင် သရုပ်ပြ ဖျော်ဖြေခြင်း)

ဂီတ ကို တီးမိ ခေါက်မိ ရှိလျှင် ၃-၄ နာရီအတွင်း ကံမကောင်းသည့်နေ့ ပင် ဒေါ်လာ ၄၀ လောက် ရှာနိုင်သည် ဆိုတော့ မဆိုးရှာဘူး။ မြန်မာပြည် မှာတော့ သူတောင်းစား လို့သာ သတ်မှတ်ခံရကိန်း ရှိသည်။ နိုင်ငံခြားသားတွေ လည်ပတ်တတ်သည့်နေရာတွင် သူတို့ စိတ်ဝင်စားသည့် အနုပညာ ချပြနိုင်ရင်တော့ ဝင်ငွေ ရလာစရာ ရှိသည်။

(ဘာပဲဖြစ်ဖြစ် စည်ပင် နဲ့ ဆက်ကြေးတောင်း လူမိုက်တွေ တော့ သတိထားပါလေ။ :P)

(2) Blogging (ဘလော့ဂ် ရေးသားခြင်း)

ဘေးဘက်တွင် နာမည်ကြီး ဘလော့ဂ် (၅) ခု နဲ့ သူတို့ဝင်ငွေတွေ ဖော်ပြထားတာ ရင်တောင်ခုန်တယ်။ Google Adsense ကို မြန်မာပြည် အတွက် မဖွင့်ပေးသေး။ အဲ့တော့ Traffic နဲ့ Pay per click က ရစရာ အကြောင်း မရှိ။ Advertising banner နဲ့တော့ အချို့က ဝင်ငွေ ရနေကြပီ။

(ကျနော့် ဘလော့ဂ် မှာ ကြော်ငြာဘန်နာ ထည့်ချင်ရင် လက်တို့လိုက်နော် … ပထမဆုံးဖောက်သည် အနေနဲ့ Discount ပေးပါ့မယ် :P)

(3) Write an E-book (စာအုပ် ရေးသားခြင်း)

အချို့ E-book တွေ ရေးပြီး အရောင်းတင်လို့ရတယ်။ ဥပမာ scribd.com လို ဝက်ဆိုက်ဒ် မျိုးပေါ်မှာ။ ကျနော့်မှာလည်း စာအုပ်ရေးဖို့ အစီအစဉ် ရှိတယ်။ စိတ်တိုင်းကျ စာအုပ် မတွေ့သေးလို့ (သို့မဟုတ်) စိတ်ဝင်စားရာ ခေါင်းစဉ် မတွေ့သေးလို့။ အွန်လိုင်းပေါ်မှာ ပေါက် ရင် Producer ရှာပြီး စာအုပ် ထုတ်မယ်။

(စာအုပ် ၁၀၀၀ ကုန်အောင် ရောင်းရရင် အရောင်းရစာရေးဆရာ Best Seller ဖြစ်တယ် ဆိုပဲ … See you at the Top :P )

(4) Start an Online Store (အွန်လိုင်း စတိုး ဖြင့် ရောင်းချခြင်း)

အနော် အခုထိ လုပ်ချင်နေတဲ့ အထဲမှာ အွန်လိုင်းစတိုး လည်း ပါတယ်။

(မယုံဘူးလား … မယုံရင် ပုံပြင်မှတ် :P )

(5) Sell Your Stuff in eBay (သင့် ပစ္စည်းတွေကို eBay တွင် ရောင်းချပါ)

eBay မှာ မြန်မာနိုင်ငံ ကနေ အရောင်းအဝယ် လုပ်ရင် အဆင်မပြေလောက်ဘူး ထင်တယ်။ လုပ်တဲ့သူတွေလည်း ရှိပါတယ်။ တိုက်ရိုက် မဟုတ်ဘူး။ ကိုယ်စားလှယ် အနေနဲ့ လုပ်တာမျိုးပဲ တွေ့ဖူးတယ်။

(6) Focus Group Participant (စစ်တမ်းတွင် ပါဝင်သူ)

Research လုပ်ရာတွင် စစ်တမ်းတွင် တောက်လျှောက် ပါဝင်ရန် လိုအပ်ပါက Volunteer လည်း ရှိသလို ပါဝင်သည့်အတွက် ငွေကြေး တစ်စုံတစ်ရာ ပေးတဲ့ဟာမျိုးလည်း ရှိပါတယ်။

(7) Sell Your Body (သင့် ခန္ဓာကိုယ် အစိတ်အပိုင်း ကို ရောင်းချခြင်း)

မြန်မာပြည် မှာ ခေတ်စားတာက အသည်း ၊ ကျောက်ကပ် တို့ … အချို့လည်း သွေးလှူဒါန်းပေးတဲ့အတွက် ငွေကြေးဒါန ပြန်ပြုတာတွေ ရှိတယ်။ အငှါးကိုယ်ဝန်ဆောင်တာ မကြားမိသေးဘူး။

(နာဖို့ကောင်းတာက နိုင်ငံခြားမှာလို သုက်ပိုး ရောင်းလို့ မရဘူး။ ကျနော်လို ရုပ်ချော ဥာဏ်ကောင်း အရပ်မြင့် အစရှိသဖြင့် ဆိုရင် ဈေးများများ ရတယ်။ :P )

(8) Walk Dogs (ခွေး ထိန်းကျောင်းပေးခြင်း)

နိုင်ငံခြား မှာ အိမ်ထိန်း၊ အိမ်ဖော် ခေါ်နိုင်တယ် ဆိုတာ ကျိကျိတက် ချမ်းသာမှ ခေါ်နိုင်တာ။ သာမန် လူလတ်တန်းစား အတွက် က မခေါ်နိုင်ဘူး။ မြန်မာပြည် မှာက လူလတ်တန်းစား ဆို ခေါ်နိုင်ပြီ။ ခွေး ကို ပိုက်ဆံပေးပြီး ဘယ် ထိန်းခိုင်းတော့မလဲ။ အဲ့တော့ မြန်မာပြည်မှာ အဲ့ဈေးကွက် မရှိဘူး။

(9) Collect Alluminium Cans, Bottles, & Scrap Metal (အလူမီနီယံဘူး၊ ဖန်ပုလင်း၊ နှင့် သတ္ထုစ စုဆောင်းခြင်း)

“သတင်းစာ ဝယ်တယ်။ ဘက်ထရီအိုးဟောင်းတွေ ဝယ်တယ်။ အင်ဗာတာ အဟောင်းတွေ ဝယ်တယ်” … သူတို့နဲ့ ဈေးကွက် သွားလု မနေပါနဲ့ … ပေးစားလိုက်ပါ။

(10) Tutor (အချိန်ပိုင်းဆရာ – ဂိုက်)

သင့် မှာ ဘာသာရပ် တစ်ခုခု တတ်မြောက်ပြီး ဆရာ လုပ်တတ်တဲ့ အရည်အချင်းတွေ ရှိပြီ ဆိုရင် အချိန်ပိုင်းဆရာ လုပ်လို့ရပါတယ်။ ကျနော်တော့ Mentor ပုံစံမျိုး နဲ့ သင်ပေးရတာမျိုး ကို သဘောကျတယ်။


Friday, November 28, 2014

စိတ် လေ့ကျင့်ခန်း

Build Mental Toughness In Under Two Minutes with this Mental Workout

Photo by Kreg Steppe

သင့် စိတ်တွေ အားကောင်းသန်မာဖို့ဆိုတာ သင့်ကြွက်သားတွေ သန်မာလာအောင် လေ့ကျင့်ခန်းလုပ်ပုံ နဲ့ သဘောတရား အတူတူပဲ ဖြစ်ပါတယ်။

In order to strengthen your mind and build mental toughness, you need to work it the same way you would work your muscles in the gym.

အောက်ဖော်ပြပါ စိတ်လေ့ကျင့်ခန်း က သင့်ကို အာရုံ စုစည်းမှု ပြန်လည် ရရှိစေပြီး အခက်အခဲတွေကို ကျော်ဖြတ်စေကာ အောင်မြင်မှု ဆိုတဲ့အရာ ကို ခံစားမြင်ယောင်စေရန် ကူညီပေးမှာ ဖြစ်ပါတယ်။ အဲ့အတွက်လည်း စက္ကန့် (၁၀၀) သာ သင် အချိန်ပေးရမှာ ဖြစ်ပါတယ်။

This mental workout helps you refocus and visualize success in tough times, and only takes 100 seconds of your day to complete.

Jason Selk က အိုလံပစ် နှင့် ပရော်ဖက်ရှင်နယ် ကစားသမား တွေရဲ့ စွမ်းဆောင်ရည်ဆိုင်ရာ နည်းပြပါ။ Major League Baseball အသင်း တစ်သင်းဖြစ်တဲ့ St. Louis Cardinals မှာ ရှိတုန်းက သူ့အလုပ် ဆိုတာ အသင်း ကို စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးရန် ဖြစ်တယ်။ သူတို့တွေကို ချန်ပီယံဆု နှစ် ဆု ရရှိစေရန် ကူညီခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း ကို Selk က ရှင်းပြသွားပါတယ်။ သင်လည်း သင့်ဘာသာ လုပ်နိုင်ရန်လည်း လေ့ကျင့်ခန်း က အလွန်လွယ်ကူ ရိုးရှင်းပါတယ်။

Jason Selk is a performance coach that has worked with Olympians and professional athletes in almost every sport there is. During his time with Major League Baseball's St. Louis Cardinals, Selk's job was to train the team mentally. Over at Inc., Selk explains the mental exercise he had them do helped them earn two World Series championships, and you can easily do it on your own:

(၁) အသက်ခပ်ပြင်းပြင်း (၆) စက္ကန့် ရှုသွင်းပြီး စတင်လိုက်ပါ။ (၂) စက္ကန့်လောက် အောင့်ထားပြီးနောက် (၇) စက္ကန့်ကြာအောင် ရှုထုတ်လိုက်ပါ။

သင့် အသက်ရှုခြင်း ကို စောင့်ကြည့်ခြင်း ဖြင့် ဖိအား ကို ဖြေလျော့စေပြီး မတည်မငြိမ်ဖြစ်နေတဲ့ သင့် စိတ်ကို သက်သာစေပါတယ်။

Start with a centering breath. Breathe in for six seconds. Hold that breath for two seconds, and then breathe out for seven seconds. Controlling your breathing this way is a stress reliever, and reduces your state of arousal.

(၂) ကိုယ့်အကြောင်း ဖော်ပြတဲ့ စာသား ကို (၅) စက္ကန့်အတွင်း ရွတ်ဖတ်ပါ။ ကောင်းမွန်သော ဂုဏ်ဒြပ် ဖြစ်တဲ့ စာသား သည် သင့်ရဲ့ ကောင်းမွန်တဲ့ အရည်အချင်း ကို မီးမောင်းထိုးပြခြင်း ဖြစ်စေနိုင်သလို သင် ဖြစ်ချင်နေတဲ့ အရာတွေကို အတိအကျ ဖော်ပြနေခြင်း ဖြစ်ပါတယ်။

ဥပမာ – ငါ သည် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြည့်ဝပြီး စိတ်အားထက်သန်သောသူ တစ်ယောက် ဖြစ်သည်။ ငါ သည် ခေါင်းဆောင်တစ်ယောက် အနေနဲ့ရော၊ စီမံခန့်ခွဲသူ တစ်ယောက် အဖြစ်နဲ့ရော၊ အမေ တစ်ယောက် အနေနဲ့ရော နေ့တိုင်း ကောင်းမွန်စွာ စွမ်းဆောင်နိုင်သူ ဖြစ်သည်။ (ဒါမှမဟုတ်)

ငါ သည် ငါ့ ဖောက်သည် အရေး ကို ငါ့ အရေး ကဲ့သို့ အထူး ဂရုစိုက်ပြီး ပြိုင်ပွဲ မှာ ပြိုင်ဘက်မရှိ ဖြစ်သည်။ ငါသည် ဒေါ်လာ သန်းချီ အရောင်းသမား တစ်ယောက် ဖြစ်သည်။

Recite a personalized identity statement to yourself in five seconds. A good identity statement is one that emphasizes one of your positive qualities and pinpoints something you want to become, like "I am confident and passionate. I'm consistently excellent every day as a leader, executive and mother," or "I care more about my clients and I will outwork the competition. I am a million-dollar salesman."

(၃) သင့် ဘဝ အကြောင်းအရာ အနှစ်ချုပ် ကို (၆၀) စက္ကန့် အတွင်း မြင်အောင် လုပ်ပါ။ နောင် (၂၄) နာရီ အတွင်း သင် ကောင်းကောင်း ပြီးမြောက်အောင် လုပ်နိုင်မယ့် အလုပ် (၃) ခု ကို သတ်မှတ်ပါ။ အဲ့ အလုပ် (၃) ခု သည် ဒီနေ့ လုပ်ရမည့် အရေးကြီးဆုံး အလုပ် ဖြစ်သည် လို့ စိတ်ထဲ ထင်မှတ်လာအောင် ထပ်သတိပေးပါ။

Visualize your own personal highlight reel for 60 seconds—seeing in your mind three things you've done well in the past 24 hours and mentally rehearsing three important things you need to do today.

(၄) ကိုယ့်အကြောင်း ဖော်ပြတဲ့ စာသား ကို (၅) စက္ကန့် အတွင်း ထပ်မံ ရွတ်ဖတ်ပါ။

Repeat your identity statement to yourself for five seconds.

 (၅) နောက်ထပ် အသက် ခပ်ပြင်းပြင်း ရှူ ထုတ် လုပ်ပြီး အဆုံးသတ်လိုက်ပါ။ သင့် စိတ် သည် အာရုံ စုစည်းဖို့ နှင့် လုပ်ဆောင်ရန် အတွက် အသင့်အနေအထားတွင် ရှိနေပေမည်။

Finish with another centering breath cycle—breathing in for six seconds, holding for two and then exhaling for seven. Your mind is now ready to focus and perform.

သင့် အခက်အခဲ ကြုံလေတိုင်း သင့် စိတ် ကို ဒီ လေ့ကျင့်ခန်း ဖြင့် ကျော်လွှားအောင်မြင်နိုင်ပေလိမ့်မည်။ လုံလောက်တဲ့ အချိန် နဲ့ လေ့ကျင့်မှု တွေနဲ့ဆိုရင် တရားရှုမှတ်မှု ကို အလိုအလျောက် ဖြစ်သွားအောင် လုပ်နိုင်ပြီး သင့် စိတ် သည်လည်း အားကောင်းလာပါလိမ့်မည်။ သင် သည် အခက်အခဲတွေ ကျော်လွှားဖို့ နှင့် အလုပ်တွေ ပြီးမြောက်အောင် စွမ်းဆောင်နိုင်ဖို့ ဆိုတာက သင့် အနေ နဲ့ ဒီ လေ့ကျင့်ခန်း အပေါ် ကို အရင်ဆုံး ယုံကြည်ရပါလိမ့်မယ်။

When you find yourself in tough times, use this exercise to conquer your mental state. With enough time and practice, you can train yourself to do this type of quick meditation automatically, increasing your mental toughness. You are capable of getting through the hard times, and you are capable of doing what needs to be done, but you have to believe it first.


The Two-Minute Secret to Mental Toughness | Inc.

Build Mental Toughness In Under Two Minutes with this Mental Workout | Lifehacker


Tuesday, November 18, 2014

ဂျပိုး


စာ ဂျ ပိုး မ လုပ် လို့ က တော့

တေ လေ ဂျ ပိုး သာ ဖြစ် လာ မှာ ။

Dr Vince (Physics)


မှတ်ချက် ။  ။ ကြော်ငြာ မဟုတ်ရပါ။ ၁၀ တန်း တုန်းက ကျနော့် ဆရာ လည်း မဟုတ်ရပါ။ ဆရာ့ ဆုံးမစကားလေး သဘောကျမိလို့ပါ။

Friday, November 14, 2014

App – RAW


RAW Web App | Density Design via Lifehacker 


ဒေတာ ကိန်းဂဏန်းတွေ နဲ့ ရှင်းလင်းဖော်ပြ ဆွေးနွေးရတော့မယ် ၊ လူအများ စိတ်ဝင်စား နားလည်အောင် သရုပ်ပြတော့မယ် ဆိုပါက Density Design အဖွဲ့၏ ပရောဂျက် ဖြစ်သော RAW Web App ကို အသုံးပြုလိုက်ပါလို့ ညွှန်းဆို ပါရစေ။

ဒေတာ တွေကို ဗီဒီယိုတွင် ပြထားသည့်အတိုင်း လွယ်ကူစွာ ကူးယူပြီး အသုံးပြုပါက အချိန်တိုတို အတွင်း လွန်စွာတာစားသော ပုံ ကို ရရှိပါလိမ့်မည်။

Wednesday, November 12, 2014

အချိန် စီမံခန့်ခွဲမှု ကို ခြုံငုံဖော်ပြသော ဥပဒေသ (၂) ခု

အရေးကြီးတဲ့ အရာ ကို လုပ်ကိုင်ပါ။

အရေးမကြီးသည်တို့ ကို ဥပက္ခာပြုပါ။

 

ချက်ချင်း လတ်တလော ဖြေရှင်းရမည့် အရေးပေါ် ပြဿနာ ဟူသည်

စတင်ပေါ်ပေါက်လာစဉ်က ကိုင်တွယ်ဖြေရှင်းခြင်း မပြုခဲ့သည့် အရေးကြီး ကိစ္စမျှသာ ဖြစ်ပါသည်။


Patrick Forsyth - Successful Time Management ကို မြန်မာဘာသာ ပြန်ဆိုထားသော

ခင်အောင် (မြန်မာတိုင်းမ်) - အောင်မြင်သော အချိန် စီမံခန့်ခွဲမှု စာအုပ်နိဒါန်း မှ ကောက်နှုတ်ချက်


Friday, November 7, 2014

ချောကလက် ဥာဏ်စမ်း


စတိုးဆိုင် တစ်ဆိုင် က ချောကလက် ၁ ထုပ် ကို ၁ ဒေါ်လာ ဖြင့် ရောင်းပေးတယ်။

အဆိုပါ အခွံ ၃ ခု ကို ချောကလက် ၁ ထုပ် ဖြင့် လဲလှယ်ပေးပြန်တယ်။

အကယ်၍ သင့်မှာ ၁၅ ဒေါ်လာ ရှိပါက သင် ချောကလက် ဘယ်လောက်များများ ဝယ်စားလို့ ရနိုင်မလဲ ???


အဖြေ ကြည့်ရန် နှိပ်ပါ။

၁၅ ဒေါ်လာ ရှိသဖြင့် ချောကလက်ထုပ် ၁၅ ထုပ် ဝယ်လိုက်တယ်။

15$ = 15 New Chocolate

ချောကလက် အခွံ ကို ပြန်လဲလို့ရသဖြင့် အခွံချွတ်လိုက်ပါက

15 New Chocolate

= 15 Chocolate + 15 Wrappers

အခွံ ၃ ခု ကို ချောကလက် ၁ ထုပ် နှုန်းဖြင့် ပြန်လဲပါက ချောကလက် အသစ် ၅ ထုပ် ထပ်ရပေမည်။

15 Chocolate + 15 Wrappers

= 15 Chocolate + ( 5 New Chocolate )

= 15 Chocolate + ( 5 Chocolate + 5 Wrappers )

= 20 Chocolate + 5 Wrappers

အခွံ ၅ ခု ထပ်မံ ကျန်ရှိနေသေးရာ အခွံ ၃ ခု ကို အသစ် ၁ ထုပ် လဲလှယ်လိုက်လို့ရပြန်သည်။

20 Chocolate + 5 Wrappers

= 20 Chocolate + ( 1 New Chocolate + 2 Wrappers )

= 20 Chocolate + ( 1 Chocolate + 1 Wrapper + 2 Wrappers )

= 21 Chocolate + 3 Wrappers

တစ်ခု ထပ်မံ ရရှိပြန်သဖြင့် အခွံ ၃ ခု ဖြစ်သွားရာ အသစ်တစ်ခု စားရကြုံပြန်သည်။

21 Chocolate + 3 Wrappers

= 21 Chocolate + ( 1 New Chocolate )

= 21 Chocolate + ( 1 Chocolate + 1 Wrapper )

= 22 Chocolate + 1 Wrapper

ထိုကြောင့် အဖြေမှန်မှာ ၁၅ ဒေါ်လာ ဖြင့် ချောကလက်ပေါင်း ၂၂ ခု ရရှိနိုင်ပါသည်။

Thursday, October 30, 2014

ဒီလို မမေးဘဲ ဟိုလိုမေး

သင့် တိုင်းပြည် က သင့် အတွက် ဘာလုပ်ပေးနိုင်သလဲ လို့ မမေးပါနဲ့။

သင့် တိုင်းပြည် အတွက် သင် ဘာလုပ်ပေးနိုင်သလဲ လို့သာ မေးပါ။

အမေရိကန် သမ္မတဟောင်း ကနေဒီ

Friday, October 24, 2014

သင် ပြတ်သားတဲ့ ရည်မှန်းချက် တစ်ခု ချထားပြီလား

သုတေသနတစ်ခုမှာ ကျောင်းသားတွေကို ရည်မှန်းချက်တစ်ခုပေးပြီး အချိန် လေးပတ်အတွင်း ကြိုးစားလုပ်ဆောင်စေပါတယ်။

ရလာတဲ့ အဖြေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ရည်မှန်းချက်ကို သိရုံသာသိပြီး ရေးမှတ်မထားတဲ့ ကျောင်းသားတွေရဲ့ ၄၃ ရာခိုင်နှုန်းသာ အောင်မြင်ပါတယ်။

ရည်မှန်းချက်ကို ရေးသားထားတဲ့ ကျောင်းသားတွေရဲ့ ၆၄ ၇ာခိုင်နှုန်းအောင်မြင်ပါတယ်။

ရည်မှန်းချက်ကို ရေးသားထားပြီး သူငယ်ချင်းတွေကိုပါ “ကိုယ့်ရည်မှန်းချက်ဘာလဲ” ပြောပြတဲ့သူတွေရဲ့ ၇၆ ရာခိုင်နှုန်း အောင်မြင်ပါတယ်။

ဒါဆို သင် ပြတ်သားတဲ့ ဘ၀ရည်မှန်းချက်တစ်ခု ချထားပြီးပြီဆိုရင် ရေးသားထားပါ။

ဒါ့အပြင် မိမိအပေါင်းအသင်းနဲ့ သူငယ်ချင်းတွေကို မိမိရည်မှန်းချက်က ဘာဖြစ်ကြောင်း ဝေမျှပြောဆိုပါ။

ဒါဆိုရင် သင့်အတွက် အောင်မြင်မှုရာခိုင်နှုန်းပိုများလာပါလိမ့်မယ်။

Source: Facebook: myanmar entrepreneurs

Thursday, October 23, 2014

အားလုံးအတွက် ဓမ္မဆုံးမလမ်းညွှန်ချက်

(၁)

လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် -
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက-
ဘယ်မှာ “အနတ္တ” ရှိမည်နည်း ။ ။

(၂)

ပြောတိုင်းမရ ဒေါမထနှင့် -
ကိုယ်ပြောတိုင်းသာ ရနေပါက-
ဘယ်မှာ “အနတ္တ” ရှိမည်နည်း ။ ။

(၃)

ကြံတိုင်း မပေါက် စိတ်မဖေါက်နှင့် -
သင် ကြံတိုင်းသာ ပြီးမြောက်ပါက -
ဘယ်မှာ “အနတ္တ” ရှိမည်နည်း ။ ။

(၄)

ဆင်းရဲကြုံမူ မညည်းညူ နှင့်-
ချမ်းသာချည်းသာ ကြုံနေပါက -
ဘယ်မှာ “ဒုက္ခ” ရှိမည်နည်း ။ ။

(၅)

ပျက်စီးတိုင်းလျှင် မပူပင်နှင့် -
မပျက်စီးကာ ခိုင်မြဲပါက
ဘယ်မှာ “အနိစ္စ” ရှိမည်နည် ။ ။

(၆)

အာရုံဟူသမျှ မတောင့်တနှင့် -
အာရုံတိုင်းသာ တောင့်တပါက -
ဘယ်မှာ “လောဘ” ဆုံးမည်နည်း ။ ။

(၇)

အရာရာမျိုး စိတ်မဆိုးနှင့်
နေရာတိုင်းသာ စိတ်ဆိုးပါက -
ဘယ်မှာ “ဒေါသ” ဆုံးမည်နည်း ။ ။

(၈)

သိဉာဏ် မလိုက် သင်မမိုက်နှင့်
သိဉာဏ်မရ မိုက်နေပါက -
ဘယ်မှာ “မောဟ“ ဆုံးမည်နည်း ။ ။

(၉)

“ဗုဒ္ဓတရား” မေ့မထားနှင့်
ဆုံးမတိုင်းသာ ကျင့်ကြံပါက
ဘယ်မှာ “နိဗ္ဗာန်” ဝေးမည်နည်း ။ ။

 

Credit- Dhamma Knowledge via The Express Times

Tuesday, October 21, 2014

Website: Music Theory for Musicians & Normal People

အသေးစိတ် မှတ်မိနေစေမယ့် နည်းလမ်း (၃)ခု

(၁) အသံ ကျယ်ကျယ် ဖြင့် ငါးခါ ခြောက်ခါ လောက် အော်ဆိုပါ။

1. Say the Information Out Loud Five or Six Times

ဒီနည်းလမ်း ရဲ့ နောက်ကွယ် က သိပ္ပံနည်း အရ ဖြေရှင်းချက် ရှိ မရှိတော့ ကျနော် မပြောတတ်ပါဘူး။ ဒါပေမယ့် ကျနော် အတွက် တကယ် အလုပ် ဖြစ်ပါတယ်။ ကြားတဲ့ သတင်းအချက်အလက် ကို ထုတ်ဖော် ပြောဆိုခြင်း ဖြင့် သင့် ဦးနှောက် တွင် ကြားဖူး ပြောဖူး သည်ဟု မှတ်ထားသဖြင့် တစ်ခုခု မှတ်မိပါက ပြန်လည် မှတ်မိနေပါလိမ့်မည်။

 

(၂) အချက်အလက် ကို အခြား အချက်အလက် တစ်ခုခု ဖြင့် ချိတ်ဆက်ပါ။

2. Associate the Information With One Other Thing

အေဘီစီ ကုမ္ပဏီ ကို သွားဖို့ လမ်းနာမည် မေ့သွားတယ် ဆိုပါစို့။ လမ်းနာမည် က သင့်သူငယ်ချင်း နာမည်နဲ့တူနေတာ ဖြစ်နေမယ်။ သင့်ဖုန်းထဲက Contact စာအုပ်ထဲ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ဖြည့်လိုက်မိတယ်၊ စသည်ဖြင့် ချိတ်ဆက် မှတ်ထားပါက တစ်ခုခု ဖြင့် အစဖော် ပြန်ရှာ မှတ်မိသွားပါလိမ့်မည်။

 

(၃) မှတ်မိချင်သည်များကို အစဉ်လိုက် ချရေးထားပါ။

3. Create a List of Items With the Thing You Want to Remember on the List

တူရာ တူရာ ကို စုပြီး ချရေး သို့ မှတ်ထားပါ။ တစ်ခုခု ပြန်လိုချင်ပါက ကိုယ့်ထားသည့် ခေါင်းစဉ်အောက်တွင် အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ပါလိမ့်မည်။


Source:  John Brandon of Inc. via The Muse

Saturday, October 18, 2014

ဒဿဂီရိ


ငယ်ငယ်ကတော့

ဒဿဂီရိ ဆိုတာ

မယ်သီတာ ကို ခိုးတဲ့

လူကြမ်းကြီး ပေါ့။


လူလတ်ပိုင်းရောက်တော့

ဒဿဂီရိ ဆိုတာ

သနားဖို့ ကောင်းတဲ့

အချစ်ရှုံးသမားကြီး ပေါ့။

 

အခုတော့

ဒဿဂီရိ ဆိုတာ

အချစ်ရှုံးပေမယ့် ခိုးရဲတဲ့

သူရဲကောင်းကြီး ပေါ့။

 

မင်း ဆန္ဒ မပါဘဲ နဲ့တော့

ဒဿဂီရိ လို

ငါ့ အတ္တ ငါ့ ဆန္ဒ ကို

ရှေ့တန်း မတင်ရက်ပါဘူး။

 

မင်း ပျော်ရွှင်မှု အတွက်

ဒဿဂီရိ ကို

ငါ ကြည်ဖြူစွာ

အရှုံးပေးထားတယ်။

 

ArrLuu

10:46 PM, 18th Oct 2014

Saturday, October 11, 2014

အကောင်းဆုံး ကုသခြင်း (၂) မျိုး

Image Source: Facebook - The Mind Unleashed

အားပါးတရ ရယ်မောခြင်း နှင့်

တရေးတမော အိပ်စက်ခြင်း တို့သည်

ဘယ်အရာအတွက်မဆို အကောင်းဆုံး ကုသခြင်း နှစ်မျိုး ဖြစ်သည်။

(အိုင်းရစ် စကားပုံ)

ပြိုင်တူ တွန်းလျှင်

လေးလွန်း၍ မတွန်းနိုင်ဘူးလား ?

ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည်။

 


အပေါ်က ပုံလေး ကို ဆရာ အေးငြိမ်း ၏ ပညာရပ်ဆိုင်ရာ စာအုပ်များ ရေးထုတ်ကြပါရန် နှိုးဆော်ခြင်း မှ ရရှိပါသည်။

အဆိုပါ ဆောင်းပါးတွင် ဆရာ က အခြားပညာရှင်များကို ပညာရပ်ဆိုင်ရာ စာအုပ်များ ထုတ်ဝေနိုင်ရန် ရေးသား ဆော်သြထားပါသည်။ နောက်ဆုံးအကြောင်းတွင် မခံချင်စိတ် ကြိုးစားချင်စိတ် ဖြစ်လာအောင် ရေးသားထားပုံက

ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား။


ထူးကဲဟင်းလျာတို့၏ နောက်ကွယ်မှ လျှို့ ဝှက်ချက်များ

ဟင်းလျာ မျိုးစုံတို့ ကို ပိုမိုထူးကဲသော အရသာ ကို ပိုင်ဆိုင်လိုပါက အောက်ပါ နည်းများ အသုံးပြုကြပေသည်။

၁။ ကြက်သားဟင်း သည် အာလူး နှင့် အလိုက်ဖက်ဆုံးဖြစ်ပါသည်။ ကြက်သား ကို ချက်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ အာလူး နှင့် တွဲစားပါက အရသာ ပိုမိုထူးကဲပါသည်။ ကမ္ဘာကျော်အစားအစာတစ်ခုဖြစ်သည့် KFC ကြက်ကြော် ကို အာလူးချောင်းကြော်များ နှင့် တွဲစားကြသည်မှာ သက်သေ ဖြစ်ပါသည်။

၂။ ဘဲသား ကို ပေါင်းစားသည်ဖြစ်စေ၊ ဘဲစတူး လုပ်စားသည်ဖြစ်စေ မှိုအမည်း နှင့် ဂျပန်တို့ဟူး ကို ထည့်ပေးပါ။ ပိုမိုထူးကဲသော အရသာ ကို ပိုင်စေပါမည်။ (နာမည်ကြီးပြီး လူအများကြီး စားသုံးနေတဲ့ ဆိုင်အချို့ မှာ နည်းစနစ် ကို လူသိမှာစိုး၍ မှို နှင့် တို့ဟူး ပါမှန်း မသိအောင် အဖတ် ကို ဆည်ထားတတ်ကြပါသည်)

၃။ ဆိတ်သား ကို မချက်ခင်မှာ ဒိန်ချဉ် နှင့် သံပရာသီး ကို ညှစ်ထည့်ပြီး အရင်နှပ်ထားရပါမည်။ ပြီးမှ ချက်လျှင် အညီနံ့လည်း ပျောက်သလို အသားလည်း နူးပြီး ပိုစားကောင်းပါသည်။

၎။ ဂဏန်း ကို အရသာ ပိုရှိအောင် ချက်စားရသည့် လှို့ဝှက်ချက် သည် ကြက်ဥ ဖြစ်ပါသည်။ ချက်စား၊ ပေါင်းစားသည်ဖြစ်စေ ကြက်ဥ တစ်လုံး ကိုတော့ ပါအောင် ထည့်ပေးပါ။

၅။ အကြော် ကြော်စားတော့မည်ဆိုလျှင် ဘူးသီးကြော်၊ ကြက်သွန်ကြော် စသည့် မည်သည့် အကြော်မဆို အကြော်ကြော်မည့် မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီး ထည့်လိုက်ပါ။ ရွှေကြည်မှုန့်အနည်းငယ် ကို ထည့်ပေးပါ။ အကြော်များ ဖောင်းဖောင်းလေးဖြစ်ပြီး ပိုမိုကြွတ်ရွစေကာ အရသာ လည်း ပိုကောင်းစေပါမည်။

၆။ ခေါက်ဆွဲ ကို တရုတ်ဆိုင် က ခေါက်ဆွဲကြော် ကဲ့သို့ မွှေးကြိုင်နေအောင် ကြော်စားချင်လျှင် အကြော်အိုး ကို သီးသန့်ထားပါ။ ဆီဝနေသည့် အကြော်သီးသန့်အိုး သည် အနံ့နှင့် အရသာ ကိုပါ ကွာခြားစေပါသည်။

၇။ နာမည်ကြီး Chinese Restaurant များ ၏ ဟင်းလျာ အရသာ လျှို့ ဝှက်ချက် မှာ ကြက်ရိုးပြုတ်ရည် ဖြစ်ပါသည်။ မိုးလင်းကတည်းက ပြုတ်ထားသည့် ကြက်ရိုးပြုတ်ရည် ကို မည်သည့်ဟင်း ကို မဆို အနည်းငယ်စီ ခပ်ပေးပါက အရသာ ပိုမို ထူးကဲစေပါမည်။

၈။ ဝက်သား ကို အချိုချက်ကလေး စားချင်လျှင် သကြား အနည်းငယ် ထည့်လိုက်ပါ။ ဝက်သား တရုတ်ချက် အရသာ ပေါ်လာစေမည်။

၉။ယိုးဒယား နာမည်ကြီး တုံယမ်းဟင်းရည် ချက်စားမည် ဆိုလျှင် ထည့်ရမည့် ရှောက်ရွက် သည် ရှောက်ဘီလူးရွက် ဖြစ်ပါသည်။ ရိုးရိုးရှောက်ရွက် ထည့်လိုက်လို့ အရသာခါးသက်သက် ဖြစ်သွားကြသူများ သတိထားစရာပါ။

၁၀။ ကန်စွန်းရွက်ကြော် ကို အရောင် မမဲသွားစေအောင် ကြက်သွန် နှင့် ဆား ကို အုပ်ပေးလိုက်ပါ။ သို့ မဟုတ် မကြော်ခင်မှာ ရေခဲရေ ထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။

၁၁။ ထမင်း ကို ဖြူဖြူဖွေးဖွေးလေး နဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီး အရည်လေး အနည်းငယ် ညစ်ထည့်ပေးပါ။

၁၂။ မုန့်ဟင်းခါး အရသာ ထူးကဲစေခြင်း ၏ လျှို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည် ဖြစ်ပါသည်။

၁၃။ အညာတို့ဟူးသုပ် ၏ ထူးကဲသောအရသာ လျှို့ ဝှက်ချက် မှာ စဥ့်အင်တုံထဲမှာ ဖျော်ထားသည့် ဆားရည် သည် အဓိက ဖြစ်ပါသည်။


Credit to : စားဖိုဆောင်ချစ်သူ


Wednesday, October 8, 2014

Saturday, October 4, 2014

အရိပ်ကောင်းတဲ့ သစ်ပင်ကြီးဖြစ်ချင်တယ်

Image from Landscape HD Walls

အရိပ်ကောင်းတဲ့ သစ်ပင်ကြီးဖြစ်ချင်တယ်...

အိုလေ တန်ဖိုးထားခံရလေ
အရွက်ဝေလေ လူတွေအေးလေ
အပင်ကြီးလေ လဲဖို့ခက်လေ

Facebook: Sis Wáng Jīng Jīng ‘s Status


Monday, September 29, 2014

သြော် မိန်းမ မိန်းမ

Woman: Is there a problem, Officer?

Officer: Ma’am, you were speeding.

Woman: Oh, I see.

Officer: Can I see your license please?

Woman: I’d give it to you but I don’t have one.

Officer: Don’t have one?

Woman: Lost it 4 times for drunk driving.

Officer: I see…Can I see your vehicle registration papers please.

Woman: I can’t do that.

Officer: Why not?

Woman: I stole this car.

Officer: Stole it?

Woman: Yes, and I killed and hacked up the owner.

Officer: You what?

Woman: His body parts are in plastic bags in the trunk if you want to see.

The Officer looks at the woman, slowly backs away to his car, and calls for back up. Within minutes 5 police cars circle the car. A senior officer slowly approaches the car, clasping his half drawn gun.

Officer 2: Ma’am, could you step out of your vehicle … please!

The woman steps out of her vehicle.

Woman: Is there a problem sir?

Officer 2: One of my officers told me that you have stolen this car and murdered the owner.

Woman: Murdered the owner?

Officer 2: Yes, could you please open the trunk of your car, please.

The woman opens the trunk, revealing nothing but an empty trunk.

Officer 2: Is this your car, ma’am?

Woman: Yes, here are the registration papers.

The first officer is stunned.

Officer 2: One of my officers claims that you do not have a driving license.

The woman digs into her handbag and pulls out a clutch purse and hands it to the officer. The officer snaps open the clutch purse and examines the license. He looks quite puzzled.

Officer 2: Thank you ma’am, one of my officers told me you didn’t have a license, that you stole this car, and that you murdered and hacked up the owner.

Woman: Betcha the lying bastard told you I was speeding too.


Source: Funny Jokes


ခေတ်သစ် စွန့်ဦး တီထွင် လုပ်ငန်းရှင်

 photo 3038.png

သင် လုပ်သမျှ အရာအားလုံး အတွက် ပြီးပြည့်စုံ အောင် ကြိုးစား အားထုတ်ပါ။

အကောင်းဆုံး ဆိုတဲ့ အရာ ကို ရှာပြီး သူ့ထက် ကောင်းအောင် ပြုလုပ်ပါ။

ထို အကောင်းဆုံး အရာ မရှိပါက သင် ကိုယ်တိုင် ဖန်တီး ဒီဇိုင်း ဆွဲပါ။


Friday, September 26, 2014

Site: GREEN TREE

သင် ငယ်ငယ်တုန်းက ရွှေသွေး ဂျာနယ် တွေနဲ့ ဝယ်ဖတ်ဖူးပါသလား ?

 

ကျနော် မမွေးခင်က ထုတ်ဝေသော ရွှေသွေး ပေါင်းချုပ် ကို အိမ်နီးနားချင်းအိမ် အလည်သွားဆော့ပါက ဖတ်သည်နှင့် ကျနော် ငယ်ငယ်တုန်းက ဖတ်သည့် ရွှေသွေး … ဖတ်ရသည့် အရသာ မတူပေ။

ခေတ်ဟောင်း က ရွှေသွေး က အရသာ ပိုလေး ပါသည်။

ဒါပေမယ့်လည်း အဘိုး ဆီက ရသည့် မုန့်ဖိုး တစ်နေ့ တစ်ကျပ် ကို စုပြီး တစ်ပတ် တစ်ကြိမ် ရွှေသွေး ကို ငါးကျပ် ပေးဝယ်ဖတ်ပါသည်။

ကျန်သည့် နှစ်ကျပ် မှသာ အချို့ရက် မုန့်ဝယ်စား ၊ ကျောက်တံ ဝယ်ရပါသည်။

စာဖတ် ဝါသနာ ပါသလို စုဆောင်း ရတာလည်း ဝါသနာ ပါလှပါသည်။

ရွှေသွေး ကနေ တေဇ ၊ မိုးသောက်ပန်း ၊ ပလုတ်တုတ် ၊ ရတနာပန်းခင်း ၊ Top English ၊ သုတစွယ်စုံ။

ထိုမှ စာရေးဆရာများ၏ တစ်အုပ်စာပေများ ဖတ်ပြီးသည်အခါမှာတော့ တစ်အုပ်ချင်း စာအုပ်တွေပဲ ဝယ်ဖတ်ဖြစ်တော့တယ်။

ကျနော် ငယ်ငယ်က စုဆောင်းထားသည့် ကလေးဖတ်စာပေတွေသည် ကျနော့် အသက်အရွယ် အရ ပြန်ဖတ်ဖို့ရန်လည်း မရှိ၊ ရောင်းစားဖို့ကလည်း စိတ်ကူးမရှိဖြင့် သိမ်းဆည်းထားခဲ့တာ ကြာပါပြီ။

Facebook မှ  အလကားပေးမည် Group ထဲ ဝင်ပြီးသည်နောက်တွင် နယ်မှ စာကြည့်တိုက်လေး တစ်ခု နှင့် ရန်ကုန်မှ လက်ဘက်ရည်ဆိုင်ရှိ ကလေးတွေကို ပညာဒါန စာအုပ်ငှါးပေးနေသည့် အဖွဲ့ တစ်ခု သို့ စာအုပ်တွေ ခွဲပြီး လှူဒါန်းခဲ့ပါသည်။

ယနေ့တွင် Facebook တွင် ဆရာ အော်ပီကျယ် (apk Cartoonist) Share ထားတော့ Status ဖတ်မိခဲ့ပါသည်။ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရွှေသွေးဂျာနယ် အမှတ်( ၁ ) အတွဲ ( ၁ ) ကို  သီချင်းတွေဆိုတဲ့ ကိုတိုနီကျော်ဒင်က သူ့သမီးပင်ကီတို့ကို အဖွားဖြစ်သူက (၄၅)နှစ်ကြာ စုဆောင်းမှုဖြစ်တဲ့ ရွှေသွေးဂျာနယ် တွေကို မြေးတွေဖတ်ဖို့ထုတ်ပေးပါပြီ လို့တွေ့တာနဲ့ ကျွန်တော်ဖုန်းဆက်ပြီး ချက်ခြင်းသွားပါတယ်၊ အံ့သြဖွယ်စုဆောင်းမှုပါ ရွှေသွေးဂျာနယ် ဆိုက်သေး အားလုံးတစ်စောင်မကျန် အကောင်းအတိုင်းရှိနေပါတယ်၊ အင်မတန် ကျေးဇူးတင်မိပါတယ်၊ ကျွန်တော့်မှာ စီးရီးလိုက်အစုံမရှိပါ။ ဆရာဦးစိန် ရဲ့ကာတွန်းတွေမှာဆိုရင်လည်း လူငယ်တို့ရဲ့သဘာဝ စွန့်စားခန်း လေးတွေက အမြဲလိုလိုပါဝင်လေ့ရှိပြီး၊ ကာတွန်းကို ဖတ်ပြီးတာနဲ့ Education ကရပြီးသားဆိုတာ တွေ့နေရတာပါပဲ၊

ရွှေသွေး အမှတ်(၁) အတွဲ (၁) ကစပြီး ပါဝင်ခဲ့တဲ့ ဦးဟယ်ရီအောင်ရဲ့ မြစ်ကြီးဧရာဝတီ အခန်းဆက် ဆိုရင်လည်း ဧရာဝတီ ဒေါက်ခယူမင်ထရီ ဆိုရင် သူ့ကို မကျော်နိုင်ကြသေးဖူးပဲ ပြောရလိမ့်မယ်။

ကာတွန်း ဆရာဦးဖေသိန်းကလည်း မြန်မာ့စောင်း၊ နှဲ၊ ပတ္တလား၊ တိုးနယားကစလို့ သိမှတ်ဖွယ်ရာများကို အပတ်စဉ် ပုံပြရှင်းလင်းချက်တွေ က အပတ်စဉ် အသိဥာဏ်ပညာတွေ တိုးစေခဲ့တာ မြင်ကြရမှာပါ။

ဒါ ကလေးတွေအတွက် Scan ကူးပြီးပေးရတော့မယ်လို့နားလည်ပါတယ်။ ပတမဆုံးအတွဲ တစ်နှစ်စာယူလာခဲ့ပါတယ်၊ တစ်စောင်ခြင်း Scan ကူးရပါမယ်။ Pdf လုပ်ရပါမယ်၊ ပြီးရင် အနည်းဆုံးတစ်ပါတ်ကိုတစ်စောင်တော့ရအောင် လုပ်ပေးပါမယ်၊ ပြီးရင် Green Tree ဆိုတဲ့ Page လေးတစ်ခုဖန်တီးပြီး ထည့်ထားပေးပါမယ်။

Green Tree ဆိုတဲ့အမည်က နောက်လူအတွက်၊ နောက်မျိုးဆက်အတွက် ဆိုတဲ့ စကားကို လူတစ်ယောက်စီကနေ ကျွန်တော်ခနခနကြားရတဲ့ အမည်ပါ။ ဦးသန်းအောင် လို့ခေါ်ပါတယ်၊ ပညာရေးဝန်ကြီးလုပ်ခဲ့ဖူးပြီး အခုဆုံးပါးသွား ခဲ့ပါပြီ၊ ကျွန်တော့်သူငယ်ချင်း ဝေအောင်နဲ့ ဝင့်အောင်တို့ရဲ့ ဖခင်ပါ၊ မန္တလေးတိုင်းသမဝါယမ အသင်းစုမှုးဘဝက ပန်းရိုးမဆိုတဲ့ ပြက္ခဒိန်နဲ့ဒိုင်ယာရီကို ထုတ်ဝေခဲ့တဲ့သူပါ၊ သူ့ကြောင့် မန္တလေးကမြန်မာခေတ်ပေါ်ပန်းချီဆရာများဖြစ်တဲ့ ဘဏ်ခင်မောင်၊ ဦးအောင်ခင်၊ ဦးအောင်ချမ်း၊ ပေါ်ဦးသက်၊ ဦးတင်အေး၊
ဦးကျော်လေး၊ ဦးဇော်ဝင်း(သစ်ထွင်း) တို့ရဲ့ ပန်းချီကားတွေများစွာကျန်ရစ်ပြီး ပုံနှိပ်မှတ်တမ်းများစွာကို အားလုံးမြင်တွေ့ခွင့်ရကြတာပါ။ ဝင့်အောင်ရဲ့ဖခင်ဟာ ပညာရေးဝန်ကြီးမှန်းစောစောက မသိခဲ့ပါ၊ ပညာရေးဝန်ကြီးအဖြစ် နဝတ အစိုးရအဖွဲ့ မှ ရပ်စဲခြင်းခံရပြီးမှ ပညာရေးဝန်ကြီး ဆိုတာကောင်းကောင်းသိပါတော့တယ်၊ house arrest တစ်နှစ် နေထိုင်ရတဲ့
ကာလမှာ ကျွန်တော် သူတို့အိမ်ကို ခနခနရောက်ပါတယ်၊ ကျွန်တော်ရောက်ပြီး ဝင့်အောင်တို့နဲပြောစရာတွေပြောပြီးချိန်လောက်မှာ ထွက်ထွက်လာပြီး ကျွန်တော်နဲ့ နာရီများစွာ စကားပြောလေ့ရှိပါတယ်၊ ပထမဆုံးသူ့ဆီကကြားရတဲ့ စကားက ကျွန်တော် House Arrest နဲ့ နေရတဲ့ တစ်နှစ်တာကာလမှာ စိတ်အခြေအနေကောင်းပါတယ်၊ ၁၉၆၀ခုနှစ်ကတည်းက ညအိပ်ယာဝင်ရင် စာအုပ်တစ်အုပ်ဖတ်ပြီးမှ အိပ်တာကနေ အခုဝန်ကြီးဘဝကနားခွင့်ရတဲ့အချိန်မှာ နောက်တစ်အုပ်တိုး ဖတ်နိုင်ချိန်ရလို့ တစ်ည စာ(၂ ) အုပ်ဖတ်ရပြီးအိပ်ခွင့် ရတဲ့အတွက် ပိုပြီးမြတ်တယ်လို့တောင်ပြောချင်ပါတယ်တဲ့။

ညကသတင်းတွေ့ လိုက်တယ်ဗျ၊ ထိုင်းဝန်ကြီးချုပ် သက်ဆင် က သူ့ကလေးတွေ ကို ထိုင်းတစ်နိုင်ငံလုံးက မူလတန်းကစပြီး Lap Top ကွန်ပြူတာတစ်လုံးစီပေးမယ်တဲ့အဲဒါဗျာ ကျွန်တော့်ကလေးတွေနဲ့ နောင် ( ၅ ) နှစ်ကြာရင် ကွာသွားတော့မယ်၊ဒုက္ခပါပဲလို့ သိတ်ပူပန်နေပါတယ်၊ ဘယ့်နှယ် ဒီပညာရေးဝန်ကြီးဟောင်းက အငြိမ်းစားပေးခံရတာကို အာလျက မပြတ်နိုင်ရှာပဲ မြန်မာကလေးတွေ နောက်ကျတော့မယ်လို့ ပူပန်နေသေးတယ်ပေါ့၊ အမှန်တော့ သူ့စိတ်ကူးထဲမှာ နောက်မျိုးဆက်အတွက် အမြဲပဲပူပန်နေခဲ့တဲ့သူပဲ၊ သူပညာရေးဝန်ကြီးဘဝက စိတ်ကူးပြင်ဆင်ခဲ့ပြီးအငြိမ်းစားပေးခံလိုက်ရလို့ လုပ်မပေးခဲ့လိုက်ရတဲ့ ကိစ္စတွေထဲမှာ တွံတေးသိန်းတန်နဲ့ ဒေါ်မာမာအေး ကို ရန်ကုန်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဘီအေဘွဲ့ ချီးမြှင့်ပေးမလို့ပြင်ထားတာ မပေးခဲ့နိုင်တာကို တသသပြောရှာပါတယ်၊အဲဒါ ဦးသန်းအောင်ပါ။

တစ်နေ့ကျွန်တော့်ကို Logo လေးတစ်ခုအပ်ပါတယ်၊ GREEN TREE တဲ့။ သူတို့မိသားစုက စိုက်ပျိုးရေးထုတ်ကုန်လေးတွေထုတ်လုပ်ဖို့ပါ၊ ပြီးတော့ ပန်းချီကားတွေစိတ်ဝင်စားတဲ့ဒီဇိုင်းဆရာနဲ့ တွေ့ တော့ ငါလည်း ပန်းရိုးမပြက္ခဒိန် ပစ္စလက္ခဖြစ်နေတာ ပြန်လုပ်ကြသေးတာပေါ့ကွာဆိုပြီး ကျွန်တော်နဲ့ ပြက္ခဒိန် (၂)စောင်လုပ်ဖြစ်ပါတယ်၊ နောက်မျိုးဆက်တွေအတွက် သူ့ဖက်က ဘာလုပ်ပေး ရမလည်း အသင့်ရှိပါတယ်၊ သူ့သားများနဲ့သားတွေရဲ့သူငယ်ချင်းဖြစ်သူ ကျွန်တော်တို့ကို ဒီလိုကိစ္စမျိုး တစ်ခုခုလုပ်ဖို့ တွေ့တိုင်း တိုက်တွန်းပါတယ်။ ဒီလိုဆရာဦးဘကြည်ရဲ့ ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ မိုးသောက်ပန်းတို့ကို ကောင်းနိုးရာရာလေးများကို ပြန်လည်ထုတ်ဝေဖို့ သူတာဝန်ယူမယ် ကျွန်တော်က ထုတ်ဝေဖို့လုပ်ပေးပါလို့ သဘောတူပြီးကာမှ အသည်း အစားထိုးကုသမှု အတွက် စင်္ကာပူဆေးရုံမှာ အော်ပရေးရှင်းအောင်မြင်ပြီးမှ အသည်းအသစ်က အလုပ်လုပ်တဲ့နှုန်းကို အဆုတ်အဟောင်းက လိုက်အလုပ်မလုပ်နိုင်ပဲ သေဆုံး သွားခဲ့ပါတယ်။ ဆေးကုအသွား ဖခင်နဲ့ အတူထိုင်လိုက်သွားတဲ့ သူငယ်ချင်း ဝင့်အောင် က အပြန်မှာ ဖခင်အလောင်း ကို လေယဉ်ဝမ်းထဲကနေ ပြန်သယ်လာခဲ့ရလို့ မင်းအဆင်ပြေရဲ့လားလို့ အမေးမှာ ခံစားရပေမယ့် အဖေနဲ့ ကျွန်တော်တို့စိတ်ဖြောင့်စွာ နှုတ်ဆက်နိုင်ခဲ့လို့ ဖြေဆည်နိုင်ပါကြောင်း ပြောပါတယ်။

ဝေအောင် နဲ့ ဝင့်အောင် က ဆေးရုံကုတင်ပေါ် က ဖခင်ဦးသန်းအောင်ရဲ့ နောက်ဆုံး အချိန်မှာ ( အဖေ မိသားစုကို စိတ်ချပြီးသွားပါ၊ အဖေ မိသားစု ကို တာဝန်ကျေခဲ့ပြီး ကျွန်တော်တို့ က အဖေသင်ကြားထားတဲ့အတိုင်း ဘဝ ခရီးကို ရိုးသားမှုနဲ့ပဲ ခရီးဆက်မှာဖြစ်လို့ စိတ်ချပြီး ဘဝကူးခရီးကိုဖြောင့်တန်းနိုင်ပါကြောင်း) နှုတ်ဆက်တဲ့အခါ အန်ကယ် ဦးသန်းအောင် က သူ့သားဝေအောင်နဲ့ ဝင့်အောင် ကို ကြည့်ပြီး အေး မင့်တို့ကို ငါ စိတ်ချပါတယ် လို့ပြောပြီး ဆေးရုံ ကုတင်ပေါ်မှာမျက်လုံးမှိတ်ပြီးခေါင်းအစောင်းမှာပဲ ဘဝတစ်ပါးသို့ ကူးပြောင်း သွားကြောင်း ပြောပြတဲ့အတွက် အန်ကယ် ဦးသန်းအောင်ရဲ့ သေခြင်း ကို အားကျရပါတယ်။

အခုလည်း အန်ကယ်ဦးသန်းအောင်နဲ့ ပြောဆိုပြီး မလုပ်လိုက်နိုင်တဲ့အစီအစဉ် တွေထဲကအကြောင်းအရာမျိုးဖြစ်တဲ့အတွက် သူစိတ်ကူးခဲ့တဲ့ GREEN TREE ဆိုတဲ့ သူ့ခေါင်းစဉ်လေး အောက်ကနေ ကျွန်တော်ကြိုးစားပြီး ကောင်းနိုးရာရာ လေးတွေကိုကြိုးစားပြီး ထည့်သွင်းထားပေးပါ့မယ်၊ ဒါကို ကူညီချင်တဲ့သူနဲ့ မျှဝေချင်တဲ့သူများရှိရင်လည်း ကူညီပြီးထည့်သွင်းမျှဝေနိုင်ပါကြောင်းနဲ့ ဒီညမှာပဲ GREEN TREE PAGE လေးဖွင့်ပြီး ရွှေသွေးဂျာနယ် အမှတ်(၁) အတွဲ (၁) ကစပြီး အစဉ်လိုက်ထည့်သွင်းပေးထားပါမယ့်အကြောင်း။


ဒီဇိုင်း မျိုးဆွေသန်း
၃း၀၀ နာရီ
၂၃၊ စက်တင်ဘာ၊ ၂၀၁၄။


နိဒါန်းတွေ စာကိုယ်တွေ အရမ်းများသွားရင် ခွင့်လွတ်ပါ။

အောက်က လင့် ကို နှိပ်ပြီး အရသာ မြည်စမ်းကြည့်လိုက်ပါဗျာ။

Facebook Page: GREEN TREE



Wednesday, September 24, 2014

သင် ရဲ့ တစ်နေ့တာ ကုန်ဆုံးချိန် နှင့် ငွေကြေး

သင့် ရဲ့ တစ်နေ့တာ ကုန်ဆုံးစေသော နေရာတွေမှာ သင့် ငွေကြေး ကို အကျိုး ရှိရှိ သုံးစွဲပါ။

10 hours/day * 5 days/week * 52 weeks/year = 2600 hours a year

သင့် အနေ ဖြင့် တစ်နေ့ ၁၀ နာရီ လောက် ထိုင်ခုံပေါ် ထိုင် အလုပ်လုပ်နေရပါက တစ်ပတ် ၅ ရက် အလုပ်လုပ်ပါက တစ်နှစ်ဆိုရင် နာရီပေါင်း ၂၆၀၀ သည် ထိုင်ခုံပေါ် တွင် အချိန်ကုန်ဆုံးနေပါလိမ့်မည်။ ဒါဆိုရင် သာမန်ထိုင်ခုံ ထိုင်ပြီး ခါးအညောင်းခံ မလား ဒါမှမဟုတ် သက်တောင့်သက်သာ ရှိတဲ့ ထိုင်ခုံ ကို ဈေးကြီးကြီး ပေးဝယ်မလား ဆိုတာ ရွေးချယ်စရာ တစ်ခု ဖြစ်လာပါတယ်။

 

သာမန်ထိုင်ခုံ က ဒေါ်လာ ၁၀၀ ဖြစ်ပြီး ထိုင်ခုံ အကောင်းစား က ဒေါ်လာ ၈၀၀ ဆိုရင် ပိုပေးလိုက်ရတဲ့ ဒေါ်လာ ၇၀၀ က တစ်နှစ်တွင် သင့်သုံးမည့် နာရီပေါင်း ၂၆၀၀ နဲ့စားလိုက်တဲ့အခါကြတော့ တစ်နာရီ ဒေါ်လာ ၂၅ ပြားလောက်သာ ကျသင့်တော့မှာ ဖြစ်ပြီး သင့်ကျန်းမာရေး အတွက်လည်း ကောင်းစေပါသည်။

 

ဒါပေမယ့်လည်း တကယ် အသုံး မလိုအပ်ဘဲ မိမိဘာသာ လိုချင် (Splurging) နေခြင်း မျိုး မဖြစ်ဖို့ အထူးလိုအပ်ပါသည်။


Photo by Discpicture, karam Miri, andersphoto, vlad_star, Kayros Studio/Shutterstock.

ကိုးကား – Lifehacker | The Comfort Principle spend money where you spend your time


လူကြီး နှင့် ကလေး

 photo 3012.jpg

MLM ဋီကာ (သို့မဟုတ်) ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း

7 Day Daily | Issue No.အတွဲ (၁၃) ၊ အမှတ်(၂၈) မှ ဖိုးစမ်းချောင်း (GG) ဆောင်းပါး ကို ကူးယူ ဖော်ပြပါသည်။


ညခင်းပိုင်းအိမ်တွင် နားနားနေနေ တီဗီကြည့်နေခိုက် သင့်အလုပ်ထဲမှ မိတ်ဆွေတစ်ဦးက ကောင်းမွန်သပ်ရပ်စွာ ထုပ်ပိုးထားသည့် ဆေးဝါးများ၊ အလှကုန်များပါဝင်သည့် အိတ်တစ်လုံးကိုဆွဲကာ သင့်ထံသို့အရောက်လာပြီး ‘‘ဒီပစ္စည်းတွေက အရမ်းကောင်းတယ်။ ကိုယ်တွေ့နော်။ ဒါလေးသုံးကြည့်ပါဦး။ လစဉ်အပိုငွေရချင်ရင် ဒီမှာ မန်ဘာဝင်လိုက်ပါလား။ လက်ရှိအလုပ်အကိုင်လည်း မပျက်ဘူး။ မန်ဘာဝင်အသစ်ရှာနိုင်ရင် သူတို့ဆီကနေ ကော်မရှင်လည်း လတိုင်းပုံမှန်ရမယ်။ အချိန်တိုတိုအတွင်း ကိုယ့်ကြိုးစားမှုပေါ်မူတည်ပြီး သိန်းဂဏန်းဝင်ငွေကို အေးအေးဆေးဆေးထိုင်ယူရုံပဲ။ ကဲ..ဒီလောက်ကောင်းတဲ့ စီးပွားရေးမြန်မာပြည်မှာ ရှိသေးလား’’ဟု ပြောဆိုစည်းရုံးနေသံများ၊ ပြောဆိုစည်းရုံးနေသူများကို သင့်အနေဖြင့် ကြုံဖူး၊ ကြားဖူးပါလိမ့်မည်။ အကယ်၍ စာဖတ်သူအနေဖြင့် သူတို့ပြောနေသည်မှာ ဘာလုပ်ငန်းလဲ၊ ဘယ်လိုလုပ်ရတာလဲ တကယ်ကောဟုတ်ရဲ့လားဟု သင် သံသယ၀င်မိလျှင်တော့ ဤဆောင်းပါးကို အဆုံးထိဖတ်ဖို့ လိုလာပါပြီ။ ဤလုပ်ငန်း၏ အမည်နာမမျိုးစုံပါသည်။ လူသိအများဆုံးနာမည်များကို ပြောရမည်ဆိုလျှင်တော့ အချိန်တိုအတွင်း သူဌေးဖြစ်သည့်လုပ်ငန်း (၀ါ) Pyramid Scheme (၀ါ) ဆင့်ပွားစီးပွားရေးစနစ် (၀ါ) Multi-Level Marketing စနစ်ဟု ခေါ်ဆိုကြပါသည်။

ယင်းစနစ်ဖြင့် စည်းရုံးရေးဆင်းလေ့ရှိသူများ အများဆုံးဆွဲဆောင်သည့်အချက်မှာ မန်ဘာဝင်မည့်သူအနေဖြင့် ကုမ္ပဏီထုတ်ဆေးဝါးများ၊ အလှကုန်များကို ကိုယ်တိုင်သုံးစွဲနိုင်သကဲ့သို့ အခြားသူများအား တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် ကော်မရှင်ရရှိမည်ဖြစ်ကြောင်း၊ မန်ဘာဝင်အသစ်များ ရှာဖွေနိုင်ပါက လစဉ်မည်သည့်လုပ်ငန်းမှ လုပ်စရာမလိုဘဲ မိမိရှာဖွေထားသည့် မန်ဘာဝင်များ ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်အမြတ်ငွေ ထိုင်ယူနေရမည် ဖြစ်သည့်အတွက် အကျိုးအမြတ် လွန်စွာများသည့် စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ပြောဆိုစည်းရုံးကြခြင်း ဖြစ်သည်။

မန်ဘာဝင်ရန်အတွက် စာရွက်စာတမ်းကြေး တစ်သောင်း၊ တစ်သောင်းခွဲဝန်းကျင် ကုန်ကျပြီး မန်ဘာများကိုလည်း Level များ ခွဲခြားထားသည်။ ပထမတန်းမန်ဘာဖြစ်ရန်အတွက် ယင်းကုမ္ပဏီထုတ်ကုန်စည်များအား ဆယ်သိန်းဖိုး အနည်းဆုံးဝယ်ရန်လိုအပ်ပြီး ဒုတိယတန်းစား မန်ဘာအတွက်မူ သုံးသိန်းခွဲမှ လေးသိန်းဝန်းကျင်ဝယ်ရန် လိုအပ်ပေသည်။ တတိယတန်းစား မန်ဘာအတွက်မူ တစ်သိန်းခွဲမှ နှစ်သိန်းဖိုးဝန်းကျင် ၀ယ်ရန်လိုအပ်ကြောင်း အကြမ်းဖျင်းသတ်မှတ်ထားသည်။ ထိုကဲ့သို့ အဆင့်အတန်းဖြင့် ခွဲခြားသကဲ့သို့ အမှတ်ဖြင့်လည်း သတ်မှတ်သည်များရှိပေသည်။ သို့သော်လည်း တူညီသည့်အချက်မှာ မန်ဘာဝင်ရန်အတွက် သင့်အနေဖြင့် အနိမ့်ဆုံးငွေ သိန်းဂဏန်းစတင်အသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီဘက်ကမူ အဆိုပါငွေကို အချိန်တိုအတွင်း ပြန်ရရှိမည်ဖြစ်ပြီး လစဉ်အမြတ်ငွေမှာလည်း သင့်အရင်းငွေနီးပါးရရှိမည်ဖြစ်ကြောင်း မက်လုံးတွင်တွင်ပြော၍ စည်းရုံးလေ့ရှိသည်။ ၎င်းတို့ပစ်မှတ်ထားလေ့ရှိသူများမှာ လူလတ်တန်းစားအိမ်ထောင်ရှင်မများ၊ အစိုးရ၀န်ထမ်းအမျိုးသမီးများ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါကုမ္ပဏီများ ထုတ်လုပ်ရောင်းချသည့် ကုန်စည်များမှာ အမျိုးသမီးထုအကြား ရေပန်းစားသော ပိန်ဆေး၊ အဆီချဆေး၊ အသားအရေလိမ်းဆေး၊ အားဖြည့်ဆေး စသည့် ဆေးဝါးများ၊ အလှကုန်စည်များသာ ဖြစ်ပါသည်။ ထို့အတူ သက်ကြီးပိုင်းအိမ်ထောင်ရှင်များအတွက် ကာမအားတိုးဆေး စသည့်အထူးဆေးဝါးများကိုလည်း လက်သိပ်ထိုးရောင်းချလေ့ရှိပြီး ကုန်စည်တစ်ခုလျှင် သိန်းဂဏန်းအနည်းဆုံး ပေးဝယ်ရလေ့ရှိပါသည်။

မန္တလေးမြို့တွင် အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေကြသည့် ကုမ္ပဏီခွဲများ ဆယ်ခုဝန်းကျင်ရှိသည်။ ၎င်းတို့အနက် ထင်ရှားသည့်ကုမ္ပဏီများမှာ Unicity, Healthy-Shop, ရှိုင်းဟုတ်၊ Aim Star, ပိုင်ဖြိုးသီဟ၊ Tiens စသည်တို့ဖြစ်ကြသည်။ အချို့ကုမ္ပဏီများတွင် မန်ဘာဝင်ဦးရေ တစ်သောင်းကျော်ရှိပြီး မန္တလေးမြို့၌သာမက မြင်းခြံ၊ မိတ္တီလာ စသည့်နယ်မြို့ကြီးများတွင်ပါ ရေပန်းစားလျက်ရှိသည်။

မန်ဘာဝင်ရသည့်ပုံစံမှာလည်း အနည်းငယ်ကွဲပြားမှုရှိသည်။ အချို့ကုမ္ပဏီများက မန်ဘာဝင်ကြေး သီးသန့်ပေးကာဝင်ရသကဲ့သို့ အချို့ကတော့ မန်ဘာဝင်ကြေးမတောင်းဘဲ ၎င်းတို့သတ်မှတ်ထားသည့် ပမာဏပြည့်မီအောင် ၀ယ်ယူလျှင် မန်ဘာဝင်အဖြစ် အသိအမှတ်ပြုသည်။ ထို့အတူပင် အချို့ကုမ္ပဏီများက ရာထူးသတ်မှတ်မထားဘဲ မန်ဘာဝင်များအနေဖြင့် မိမိတတ်နိုင်သလောက် မန်ဘာအသစ်များရှာခိုင်းပြီး မန်ဘာဝင်ဦးရေပေါ်မူတည်၍ ကော်မရှင်ပြန်ခွဲဝေပေးသည်။ အချို့ကမူ ရာထူးသတ်မှတ်ထားပြီး ရာထူးပေါ်မူတည်၍ ကော်မရှင်ပြန်လည်ရမည့် မန်ဘာဝင်ဦးရေကို သတ်မှတ်ထားသည်။ ဘုံတူညီသည့်အချက်မှာ ကုမ္ပဏီများရောင်းချသည့် ကုန်စည်များကို မန်ဘာဝင်များအား လျှော့ဈေးဖြင့် ရောင်းချခြင်းသာ ဖြစ်သည်။

အမှန်တကယ်အားဖြင့် ယင်းစီးပွားရေးစနစ်မြစ်ဖျားခံရာမှာ မြန်မာနိုင်ငံမှမဟုတ်ပါ။ အမေရိကန်ပြည်ထောင်စု၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ချားလ်စ်ပွန်ဇီ (Charles Ponzi)က ၁၉ ရာစုအစပိုင်းတွင် စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ပွန်ဇီက ငွေကြေးတတ်နိုင်သူများကို ၎င်း၏စာတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံရန် စည်းရုံးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးပမာဏတစ်ဝက်ကို အမြတ်ပြန်လည်ပေးအပ်မည်ဟု အာမခံသည်။ မူလအစရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပြန်လည်ပေးအပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းမှ ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပေးအပ်နိုင်ခြင်းမရှိတော့သောကြောင့် ပွန်ဇီစီးပွားရေးစနစ်မှာ ပြိုလဲခဲ့ရသည်။

သို့သော်လည်း ပွန်ဇီစီးပွားရေးစနစ်မှာ ကမ္ဘာတစ်လွှားရှိ စီးပွားရေးသမားကြီးများကြား လွန်စွာအောင်မြင်ခဲ့ပြီး ယင်းစနစ်ကို အခြေခံကာ Pyramid Scheme, Multi-Level Marketing စသည်ဖြင့် စနစ်မျိုးစုံ တီထွင်ခဲ့ကြသည်။ ပြဿနာပေါင်းစုံလည်း တက်ခဲ့ကြသဖြင့် ယခုအခါ ယင်းပုံစံ၊ (သို့မဟုတ်) ယင်းပုံစံနှင့် ဆင်တူယိုးမှား ပုံစံစီးပွားရေးစနစ်များအား အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် စသည့် နိုင်ငံ ၂၅ နိုင်ငံတွင် ဥပဒေအရ တရားမ၀င်သတ်မှတ်ထားပြီး လုပ်ကိုင်ခွင့်မပြုပေ။ သို့သော်လည်း ပွင့်လင်းစပြုလာသည့် မြန်မာနိုင်ငံတွင်မူ ထိုင်း၊ ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ အစပြုလာသည့် အဆိုပါစီးပွားရေးစနစ်မှာ ယခုအခါ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသာမက နယ်မြို့များအထိပါ အားကောင်းမောင်းသန် ရှင်သန်နေသည်ကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံတွင် အဆိုပါစီးပွားရေးစနစ်ဖြင့် လုပ်ကိုင်သည့် ကုမ္ပဏီကြီးများမှာ လွန်စွာအပြောအဟောကောင်းသူများကို ခန့်ထားလေ့ရှိသည့်အတွက် ထိုသူများ၏ မစားရ၀ခမန်းပြောကြားချက်များကို နားယောင်သည့်သူများအဖို့ လွယ်လွယ်ကူကူပင် မန်ဘာဝင်ကြတော့သည်။ သို့သော်လည်း အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်ရပ်များ များစွာရှိလာသည့်အခါ မန်ဘာဝင်များမှာ စိတ်ပျက်ပြီး ဆက်လက်မလုပ်ကိုင်ကြတော့ပေ။ ဥပမာအားဖြင့် အဆိုပါစည်းရုံးရေးသမားများသည် ၎င်းတို့ ပစ်မှတ်ထားသူများကို ပထမဦးစွာ မန်ဘာဝင်လိုက်ပါ။ ပြီးလျှင် မန်ဘာဝင်အသစ်နှစ်ဦးရှာဖွေရန် လိုအပ်ပြီး မူလမန်ဘာဝင်ထားသူအနေဖြင့် အဆိုပါ မန်ဘာဝင်အသစ်နှစ်ဦး ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်ကော်မရှင်ရနေမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးသည်။ သို့သော်လည်း အဓိကပြဿနာမှာ ယင်းမူလမန်ဘာဝင်အနေဖြင့် လစဉ်မန်ဘာဝင်အသစ်နှစ်ဦး ထပ်မံရှာဖွေပေးနိုင်မှသာ ယင်းကော်မရှင်ကိုရမည်ဖြစ်သကဲ့သို့ အဆိုပါမန်ဘာဝင်နှစ်ဦးအနေဖြင့်လည်း ငွေကြေးသိန်းဂဏန်းအထက် ၀ယ်ယူသုံးစွဲရမည် ဖြစ်သည်။ အကယ်၍ နောက်ထပ် မန်ဘာဝင်နှစ်ဦး မရှာဖွေနိုင်လျှင် (သို့မဟုတ်) မိမိကလည်း လစဉ် ၎င်းတို့၏ ကုန်စည်များအပေါ် သိန်းဂဏန်းဝယ်ယူသုံးစွဲခြင်းမပြုလျှင် ၎င်းကုမ္ပဏီများက အသက်မ၀င်တော့သည့် မန်ဘာ(၀ါ) သစ်ခြောက်ပင်ကြီးအဖြစ် သတ်မှတ်ပြီး ယင်းမန်ဘာဝင်မှာ နောက်ထပ်မည်သည့်အကျိုးအမြတ်မှ ခံစားခွင့်မရှိတော့သည့်အချက် ဖြစ်သည်။ မိမိကလည်း လစဉ်မန်ဘာဝင်ရှာဖွေရန် လိုအပ်နေသကဲ့သို့ မိမိအောက်က မန်ဘာဝင်နှစ်ဦးကလည်း လစဉ်နောက်ထပ် မန်ဘာဝင်အသစ်များ ရှာဖွေပေးရမည်သာ ဖြစ်သည်။ ထို့အတွက် အောက်ကဇယားကို တစ်ချက်ကြည့်ရန်လိုပါပြီ။ အထက်ပါဇယားအား တစ်ချက်မျှ အချိန်ပေးကြည့်ပါ။ Level 13 ကို ရောက်သည့်အခါ မန်ဘာဝင်ဦးရေမှာ ကမ္ဘာ့လူဦးရေထက် များနေပြီဖြစ်သည်။ ထိုအခါ ယင်းကုန်စည်ရောင်းချရငွေမှ အချိုးကျရရှိမည့် ကော်မရှင်ကို မည်သို့မည်ပုံ ပြန်လည်ခွဲဝေပေးနိုင်မည်လဲ ဆိုသည့်အချက်မှာ မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်သည်။

စီးပွားရေးပညာရှင်များ အဓိကထောက်ပြသည့်အချက်မှာ ယင်းစီးပွားရေးစနစ် အခြေခံအဖွဲ့အစည်းမျိုးတွင် အမှန်တကယ် တန်ဖိုးရှိသည့် ထုတ်ကုန်ဖြစ်စေ၊ အသုံးဝင်သည့် ၀န်ဆောင်မှုဖြစ်စေ ထုတ်လုပ်ရောင်းချခြင်းမျိုး လုပ်လေ့မရှိဘဲ မန်ဘာဝင်အသစ်များ အများအပြားစုဆောင်းစေခြင်းဖြင့်သာ ပင်မ၀င်ငွေကို ရှာဖွေလေ့ရှိသည်။ နောက်ဆုံးတွင်မူ မန်ဘာဝင်များပြားလာမှုကြောင့် မန်ဘာဝင်တစ်ဦးချင်းစီကို ပြန်ပေးနိုင်မည့် ၀င်ငွေဖန်တီးနိုင်ခြင်းမရှိတော့ဘဲ ပြိုလဲလေ့ရှိသည်။ ထို့ကြောင့် ယင်းစီးပွားရေးစနစ်အား နှင်းခဲရေပျော်စီးပွားရေး၊ သံကြိုးဆက်စီးပွားရေး၊ ပိုက်ဆံကစားပွဲ စသည့် နာမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်လေ့ရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ စီးပွားရေးစနစ် အခြေခံကုမ္ပဏီများ၏ ငွေကြေးအရှုပ်အရှင်းကိစ္စများ ရှေ့တွင်များစွာရှိပါသည်။

အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေသည့် စီးပွားရေးကုမ္ပဏီကြီးများကမူ ၎င်းတို့ကုန်စည်များသည် အလုပ်သမားစရိတ်၊ ဆိုင်ခန်းစရိတ်များ လုံးဝကုန်ကျခြင်းမရှိဘဲ လူအချင်းချင်း ဆင့်ပွားရောင်းချသည့် စနစ်သာဖြစ်သောကြောင့် အဆိုပါကုန်ကျစရိတ်များကို ရှယ်ယာငွေအဖြစ် မန်ဘာဝင်များထံ ပြန်လည်ခွဲဝေပေးနိုင်ခြင်းသာဖြစ်ပြီး လွန်စွာခိုင်မာသည့် စီးပွားရေးစနစ်တစ်ခုသာ ဖြစ်သည်ဟု ငြင်းဆိုကြသည်။ ယင်းအချက်ကိုလည်း သေချာတွေးကြည့်ပါ မိတ်ဆွေ။ နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးငှားလျှင် တစ်လလျှင် အနည်းဆုံးဝန်ထမ်းစရိတ် နှစ်သိန်းကျပ်ကုန်ကျမည် ဖြစ်သည်။ ထိုကုန်ကျစရိတ်အား ကျခံခြင်းမရှိဘဲ မန်ဘာဝင်များအား နယ်တာဝန်ခံမန်နေဂျာ၊ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ စသည့် နာမည်လှလှလေးများပေးပြီး တစ်ဖက်လှည့်ဖြင့် ရောင်းချစေခြင်း ဖြစ်သည်။ လစဉ်ပြန်လည်ရရှိသည့် ကော်မရှင်တစ်သိန်းခွဲ၊ နှစ်သိန်းဆိုသည်မှာ အမှန်တကယ်အားဖြင့် ၎င်းတို့ကုန်စည်ရောင်းအား မြှင့်တင်ရေးအတွက် နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးကို ငှားရမ်းလိုက်သည့် ပမာဏသာရှိပါသည်။ မိမိမှာသာ မန်ဘာဝင်ဆိုပြီး မိမိကဲ့သို့ နယ်လှည့်အရောင်းဝန်ထမ်းနှစ်ဦးကို လစဉ်ကြိုးစားရှာဖွေနေခြင်းသာ ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် ငါးကြင်းဆီဖြင့် ငါးကြင်းပြန်ကြော်ခြင်းသာ ဖြစ်သည်။ အချို့ဆင့်ပွားရောင်းချသည့် ကုမ္ပဏီကြီးများကတော့ လူရည်လည်လှသည်။ မြို့တစ်မြို့တွင် သြဇာကြီးသော ဘုန်းတော်ကြီးများ၊ အစိုးရအရာရှိကြီးများအား အထူးကော်မရှင်ပေးကာ အရောင်းတာဝန်ပေးကြသည်။ ထိုပုဂ္ဂိုလ်ကြီးများကလည်း ကော်မရှင်ရမည်ဖြစ်သည့်အတွက် မိမိလက်အောက်ရှိ ၀န်ထမ်းများ၊ ဒကာ၊ ဒကာမများအား ၀ယ်ယူခိုင်းလေ့ရှိရာ ထိုစနစ်မှာလည်း အောင်မြင်လှပေသည်။ ရောင်းအားကောင်းသည့် မန်ဘာအသစ်ရှာနိုင်သည့် မန်ဘာဝင်များကို အခါအားလျော်စွာ နိုင်ငံခြားခရီးစဉ်များ ပို့ဆောင်ပေးလေရာ ယခုမှစတင်လုပ်ကိုင်မည့် မန်ဘာဝင်များအတွက်လည်း ကြီးစွာသောမက်လုံးဖြစ်စေသည်။

ဂျပန်နိုင်ငံရဲတပ်ဖွဲ့၏အဆိုအရ ၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံသား တစ်သိန်းခြောက်သောင်း (၁၆၀,၀၀၀)သည် အဆိုပါဆင့်ပွားရောင်းချခြင်းစနစ် အခြေခံကုမ္ပဏီရှစ်ခု၏ သားကောင်အဖြစ်သို့ ကျရောက်ခဲ့ရပြီး အထွေထွေဆုံးရှုံးမှုတန်ဖိုးမှာ (US$ 300 Million) ရှိသည်ဟု ထုတ်ပြန်ထားသည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် အမေရိကန် FBI အဖွဲ့ကြီးမှ ယင်းစနစ်ဖြင့် လုပ်ကိုင်မည့်သူများအား သတိပေးထားချက်များကို လက်ဆောင်ပါးလိုက်ချင်ပါသည်။ ယင်းအချက်များမှာ Multi-Level Marketing စနစ်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကာ မန်ဘာဝင်မည်ဆိုပါက အဆိုပါကုမ္ပဏီအား မည်သို့မည်ပုံဖွဲ့စည်းထားသည်။ မည်သည့်ပုံစံ ခရီးဆက်နေသည် စသည့် မှတ်တမ်းများကို ရှာဖွေလေ့လာပါ။

ကုမ္ပဏီထုတ်ကုန်များကို လေ့လာပါ။ မေးခွန်းများမေးပါ။ ကန့်သတ်ချက်များကို နားလည်ပါစေ။ အခြားသော ဖြန့်ချိသူများနှင့် သွားရောက်စကားစမြည်ပြောကာ တီးခေါက်ကြည့်ပါ။ ယင်းစီးပွားရေးလုပ်ငန်းနှင့် ပတ်သက်မှုမရှိသည့် အပြင်လူတစ်ဦးနှင့် တိုင်ပင်ပါ။ ရင်းနှီးမြှုပ်နှံမှုမစခင် အချိန်ယူစဉ်းစားပါ။ မိမိလုပ်ဆောင်ရမည့် ကိစ္စရပ်များသည် မိမိနှင့်ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ပါ စသည့်အချက်များဖြစ်ပါသည်။ မိတ်ဆွေ၊ သင့်အိမ်သို့ လာရောက်ကာ မန်ဘာဝင်ရန် စည်းရုံးနေသူကို အားမနာပါနှင့်။ မန်ဘာဝင်ရန် တစ်ထိုင်တည်း ဆုံးဖြတ်ချက်မချပါနှင့်။ သေသေချာချာ အချိန်ယူပါဟုသာ သတိပေးလိုပါကြောင်း။

ကိုးကား
http://www.fbi.gov/scams-safety/fraud
http://en.wikipedia.org/wiki/Multi-level_marketing
http://www.aic.gov.au/media_library/publications/proceedings/27/ota.pdf


7 Day Daily | Issue No.အတွဲ (၁၃) ၊ အမှတ်(၂၈) မှ ဖိုးစမ်းချောင်း (GG) ဆောင်းပါး ကို ကူးယူ ဖော်ပြပါသည်။


Tuesday, September 23, 2014

ပြည်သူ့ဝန်ထမ်း

 photo 3018.jpg

ကမ်းနားလမ်း နှင့် လသာလမ်း အောက်လမ်း ထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၅) ရှိ နံရံကပ် ပိုစတာ


Monday, September 22, 2014

အရည်အသွေး ကို ဦးစားပေးပါ

 photo 3026.jpg

 

အ ရည် အ သွေး ကို အ ရေ အ တွက် ထက် ဦး စား ပေး ပါ ။

စွန့်ဦး တီထွင် လုပ်ငန်းရှင် (Entrepreneur)

 photo 3029.jpg

စွန့်

စွန့်စားတတ်တယ်။ (Taking Risk)

ဦး

ဦးဆောင်တယ်။ (Leadership)

ဦးစီးတယ်။ (Management)

သူများထက် ဦး တယ်။ သာတယ်။ (First-mover Advantages <or> Competitive Advantages)

တီထွင်

တီထွင်ကြံဆ တတ်တယ်။ (Innovative)

လုပ်ငန်းရှင်

အလုပ်သမား မဟုတ်။ အလုပ်ရှင် မဟုတ်တောင် ကိုယ့်အလုပ် ကိုယ်ဘာသာလုပ်တဲ့သူမျိုး။ (Sole proprietorship <or> Business Man)


 photo 3032.jpg photo 3031.png
 photo 3036.png

တတ်ချင် တော်ချင် မမှားချင် အောင်မြင်ချင် လျှင်

 photo 2934.jpg

Khan Academy – You Can Learn Anything


ဘယ်သူ မှ မွေးကတည်းက တော် မနေ တတ် မနေပါဘူး။
မွေးပြီးတော့ ကျနော်တို့တွေ စကားမပြောတတ်ဘူး။ လမ်းမလျှောက်ဘူး။ စာ မရေးတတ်ဘူး။ ဘာမှ လုပ်တတ်တာ မဟုတ်ဘူး။
အိုင်စတိုင်း တောင် ၁ ကနေ ၁၀ မရေတတ်တဲ့ အချိန်တွေ ရှိနေသေးတာပဲ။
ရှိတ်စပီးယား ကလည်း ကျနော်တို့လိုပဲ အေ ဘီ စီ ကနေ စတင် သင်ယူရတာပဲ။
ကျနော်တို့တွေ သင်ယူနေရင်းနဲ့ စိတ်ရှုပ်တာတွေ အဆင်မပြေတာတွေ ခေါင်းခဲစရာတွေ အမှားတွေ သင်ခန်းစာတွေ ထိခိုက်နာကျင်တာတွေ ရရှိပြီး နောက်ဆုံးကျတော့ ကျနော်တို့တွေ သင်ယူ တတ်မြောက်ကြတာပါ။
မှား တာက တိုးတက်ခြင်း အတွက် ခြေလှမ်းတစ်ခုပါ။ ဆက်သွားပါ။ အဲ့ဒီကနေပဲ သင်ယူတတ်မြောက်ခြင်းတွေ ဖြစ်ပေါ်လာရတာပဲ။
Knowing that you’ll get it even if you haven’t gotten it yet.
Because the most beautiful, complex concepts in the whole universes are built on basic ideas that anyone can learn, anywhere can understand.
Whoever you are, wherever you are, You only have to know one thing:
You Can Learn Anything.
ကျနော်တို့တွေ မပြီးမြောက်သေးခင်မှာ ကျနော်တို့ ရအောင် လုပ်နိုင်တယ် ဆိုတာ ကိုယ့်ဘာသာကိုယ် ယုံကြည်မှုတွေ ရှိနေတယ်။
ဒါက ဘာလို့လဲ ဆိုတော့ နေရာတိုင်းမှာ ရှိတဲ့ ဘယ်သူမဆို သင်ယူ နားလည် တတ်မြောက်နိုင်စွမ်း ရှိတဲ့ အခြေခံ ကျတဲ့ စကြဝဠာ ရဲ့ သဘောတရား ဖြစ်တယ်။
ကျနော်တို့တွေ ဘယ်သူ ဖြစ်ဖြစ် ဘယ်နေရာမှာ ရှိနေ ရှိနေ ကျနော်တို့ တစ်ခု သိထားရမှာက
“ကျနော်တို့တွေ ဘယ်အရာကို မဆို သင်ယူနိုင်စွမ်း ရှိတယ်”
ဆိုတာပါပဲ။

Saturday, September 20, 2014

သင် ကော ဘယ်လိုလဲ ?

 photo 2926.jpg

အနိုင်မခံ

Image: Sai Aung (Wordpress)


ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့

ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်

ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား

သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။

သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။

နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ

မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍

ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။


သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)

ဗိုလ်ချုပ်အောင်ဆန်း ၏ အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု တွင် ဘာသာပြန်ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ။


Moeemyintthiha ၏ Multiply ဘလော့ဂ် မှ ကူးယူဖော်ပြပါသည်။ (p.s. ယခုတော့ Multiply ဘလော့ဂ် ပိတ်သွားပြီ ဖြစ်ပါသည်။)


အသေးအဖွဲ လည်း ဂရုစိုက်ပါ

 photo 2923.jpg

Tuesday, September 16, 2014

အရိပ်အခက် အသီးအပွင့် ခံစားနေရတယ် ဆိုရင်

 photo 2924.jpg

အရိပ်အခက် အသီးအပွင့် ခံစားနေရတယ် ဆိုရင် အရင်က စိုက်ခဲ့သူ ရဲ့ ကျေးဇူး ကို အမှတ်ရပါ။

အရိပ်အခက် အသီးအပွင့် ခူးဆွတ်ချင်တယ် ဆိုရင် အချိန် ကြာကြာ ပြုစု ပျိုးထောင် ရမှာ ကို အမှတ်ရပါ။

အရိပ်အခက် အသီးအပွင့် တွေကို နောက်လူတွေ ခံစားစေချင်တယ် ဆိုရင် ပျိုးခဲ့ စိုက်ခဲ့ ရမှာကို အမှတ်ရပါ။

Monday, September 15, 2014

ကွန်ဖြူးရှပ် ပြောသောစကား

တရုတ် တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် သည် တစ်ညနေ၌ လမ်းလျှောက်ထွက်လာလေသည်။

လမ်းမှာ လူ ၂ ယောက်နဲ့တွေ့တဲ့အခါ ပထမလူက

"ကွန်ဖြူးရှပ်.. ခင်ဗျားက အရမ်းတော်တဲ့သူပဲ။

အရာရာမှာ စဉ်းစားတွေးခေါ်တတ်တယ်။

ကောင်းရာကိုညွှန်ပြတတ်တယ်။

လူတွေက ခင်ဗျားဆို လေးစားကြတယ်။

ခင်ဗျားက သိပ်ကို အထင်ကြီးလေးစားဖို့ကောင်းတဲ့သူပဲ"

ဆိုပြီး ချီးကျူးတယ် တဲ့။

အဲဒီတော့ ကွန်ဖြူးရှပ် က ထိုလူကို ပြုံးပြီးကြည့်နေတယ်။

ဘာမှပြန်မပြောပေ။

အဲဒီအချိန်မှာပဲ ဒုတိယလူတစ်ယောက်က ဆက်ပြောပြန်ရော။

"ကွန်ဖြူးရှပ်.. ခင်ဗျားက အာပလာကောင်ကြီးပါဗျာ..

လူတွေက ခင်ဗျားကို စွတ်အထင်ကြီးနေကြတာ။

တကယ်တမ်းတော့ ခင်ဗျားက သိတဲ့တတ်တဲ့သူမဟုတ်ပါဘူး။

အလကားပါဗျာ"

လို့ ကဲ့ရဲ့တယ်..တဲ့။ အဲဒီလူကိုလဲ ကွန်ဖြူးရှပ် က ပြုံးပြီးကြည့်နေပြန်တယ်။

ပြီးတော့ သူ့လမ်းသူ ဆက်လျှောက်သွားတယ်။

အဲဒီအဖြစ်အပျက် ကို အစအဆုံးမြင်လိုက်တဲ့ ငါးမျှားရာမှပြန်လာတဲ့ တံငါသည်တစ်ယောက်က... ကွန်ဖြူးရှပ် နား ကပ်သွားပြီး မေးတယ် ။

"ခင်ဗျား က ခင်ဗျား ကို ချီးမွမ်းတဲ့လူ ကိုကော ကဲ့ရဲ့တဲ့လူကိုပါ ဘာမှပြန်မပြောပါလား။ ဘာဖြစ်လို့လဲဗျ"

ဆိုတော့ ကွန်ဖြူးရှပ် က ပြုံးပြီး

"သူတို့တွေ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ။ ငါ့ရဲ့ နဂိုမူလ အရည်အချင်း ကို ထိခိုက်မသွားဘူး။

ချီးမွမ်းတာကို မြှောက်နေလို့လဲ တိုးတက်လာမှာ မဟုတ်သလို ကဲ့ရဲ့တာကို ခံစားနေလို့လဲ ဘဝက နိမ့်ကျ မသွားပါဘူး။

နေတတ်ဖို့ပဲ လိုပါတယ်။

တို့တွေ လူ့ဘဝ မှာနေတဲ့ ရည်ရွယ်ချက် က ချီးမွမ်းခံရဖို့ ကဲ့ရဲ့မခံရဖို့ အလုပ်လုပ်နေကြတာ မဟုတ်ဘဲ။

တခြားသူ အထင်ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ကိုယ်တတ်စွမ်းသလောက် ဘဝ နဲ့လောက အတွက် အကျိုးပြုနေဖို့သာအဓိကပါပဲ"

ဟု တံငါသည်အား ပြန်လည်ဖြေကြားလိုက်လေသည်။


Source: ကျော်ကြားသူတို့စကား via The Express Times


Sunday, September 14, 2014

Steve Jobs ရဲ့ အလုပ်တွင်ရန် နည်းလမ်းကောင်းများ

Get Rid of the Crappy Stuff & Focus on What Matters | အရည်မရ အဖတ်မရ တာတွေ ဖယ်ရှားပြီး အရေးကြီးတာ ကို အာရုံစိုက်ပါ

Steve Jobs က သူ Apple ကို ပြန်ရောက်သွားတော့ အလုပ်မဖြစ်တော့တဲ့ Projects တော်တော်များများ ကို လုံးဝ ရပ်ဆိုင်းလိုက်ပြီး Mac ကွန်ပျူတာ ကို အာရုံစိုက် လုပ်ခိုင်းစေခဲ့သည်။ ထို့နောက် iPod , iPhone , iPad တွေ တစ်ခုပြီး တစ်ခု မိတ်ဆက်ပေးပြီး နည်းပညာလောက ကို ဗြောင်းဆန်စေခဲ့သည်။

If you have too much going on, start saying no more often. Get rid of any activities that aren't actually helping you in your career and life. If you have too much going on, focus in on what matters.

သင့်မှာ လုပ်စရာ ကိစ္စ များစွာ ရှိနေပါက အခါများစွာ “ဘူး” ကို ပြောပါ။

သင့် အလုပ် နဲ့ ဘဝ ကို အကူအညီ မပေးနိုင် ၊ အလုပ် မဖြစ်တဲ့ လုပ်ငန်းဆောင်တာတွေ ကို ရှင်းထုတ်ပစ်ပါ။


Delegate Responsibility | တာဝန် တွေ ခွဲဝေပေးခြင်း

အရေးကြီးတဲ့ အရာ ကို အာရုံ စိုက်ဖို့ ဆိုတာ တကယ်လုပ်ဖို့ထက် ပြောဖို့က ပိုလွယ်ပါတယ်။

Jobs ဟာ လူတွေ သူ့အလုပ် ကို သူ အကောင်းဆုံး လုပ်နိုင်အောင် စနစ် လုပ်ထားပါတယ်။ သူတို့ ဘာတွေ လုပ်ရမယ် ဘာတွေ မလုပ်ရဘူး ဆိုပြီးတော့။

တွေ့ဆုံ ဆွေးနွေးတဲ့ အချိန် မှာ လုပ်ငန်းဆောင်တာတွေ သတ်မှတ် ပြီး အဲ့အတွက် တာဝန်ယူမယ့် ခံမယ့် သူ တစ်ယောက် ကို သတ်မှတ် ပါတယ်။

အဲ့အတွက် တွေ့ဆုံ ဆွေးနွေးပွဲ အပြီးမှာ ဝန်ထမ်းတွေဟာ မသိလို့ ရှုပ်လို့ အစ ရှိတဲ့ ဆင်ခြင်တွေ ပေးလို့ မရတော့ပါဘူး။

There’s no excuse for employees to have any confusion after a meeting.

Effective Apple Meeting will include an “Action List,” and next to each action item is a “DRI” – a directly responsible individual who must ensure the task is accomplished.

ဒီနေရာမှာ အဓိက ဇောင်းပေးပြောချင်တာက “တာဝန် ခွဲဝေပေးခြင်း” ပါ။

သင့် အလုပ် ကို အကောင်းဆုံး လုပ်ဖို့ ဆိုတာက အလုပ်အားလုံး သိမ်းကျုံးလုပ်ခြင်း မျိုး ကို ရပ်ပစ်ဖို့ လိုအပ်သလို တစ်ကြိမ်မှာ အလုပ် တစ်ခုတည်းသာ အာရုံစိုက် လုပ်ကိုင်ဖို့ ကလည်း အထူး လိုအပ်လှပါတယ်။

တာဝန် များများ သင် ခွဲဝေ နိုင်လေလေ ၊ အချိန် များများ သင် အရေးကြီးအလုပ် အပေါ် ပေး နိုင်လေလေ ဖြစ်ပါတယ်။

The more things you can delegate,

the more time you have to work on what matters.


Get More Life Experiences | ဘဝ အတွေ့အကြုံ များများ ရအောင်လုပ်

လုပ်ငန်းဆောင်တာ အပေါ် အာရုံ စိုက်နေခြင်း သည် သင့်ကို ပြင်ပ လောက နဲ့ အဆက်အသွယ် ဖြတ်ခိုင်းထားခြင်း မဟုတ်ပါ။

ှSteve Jobs – Interview in Wired

Creativity is just connecting things. When you ask creative people how they did something, they feel a little guilty because they didn't really do it, they just saw something. It seemed obvious to them after a while. That's because they were able to connect experiences they've had and synthesize new things. And the reason they were able to do that was that they've had more experiences or they have thought more about their experiences than other people.

Unfortunately, that's too rare a commodity. A lot of people in our industry haven't had very diverse experiences. So they don't have enough dots to connect, and they end up with very linear solutions without a broad perspective on the problem. The broader one's understanding of the human experience, the better design we will have.

ဖန်တီး တယ် ဆိုတာ ကိုယ့်မှာ ရှိတဲ့ အတွေ့အကြုံများ (အာရုံ ငါးပါး) ကနေ ပေါင်းစပ် တီထွင် လုပ်ယူ ထားတာပါ။ ဒါကြောင့် လုံးဝ အသစ် မဟုတ်သဖြင့် ဖန်တီးသူ အချို့က အပြစ်ရှိသလိုတောင် ခံစားတတ်ကြပါတယ်။

အတွေ့အကြုံ များများ ရှိသူ (သို့) အတွေ့အကြုံ အပေါ် အတွေး များများ တွေးသူ တွေဟာ ဖန်တီးရာ တွင် အလွန်တော်သော တတ်သော သူများ ဖြစ်ကြပေသည်။

ကံအကြောင်းမလှစွာနဲ့ပဲ ဖန်တီးနိုင်တဲ့ အရည်အချင်း ရှိသူ ဟာ ရှားပါးပစ္စည်း ကဲ့သို့တွေ့ခဲလှပါတယ်။

ကျနော်တို့အဖွဲ့အစည်း တော်တော်များများ မှာ မတူ ကွဲပြား ခြားနား တဲ့ နယ်ပယ် အတွေ့အကြုံ ရှိသူ မရှိသလောက်ပါဘဲ။

နယ်ပယ် တစ်ခု မှ လူတွေဟာ ပြဿနာ ကို ဘက်ပေါင်းစုံ က မမြင်နိုင်သဖြင့် သမာရိုးကျ ဖြေရှင်းနည်းတွေ နှင့်သာ အဆုံးသတ်နေပေလိမ့်မည်။

အတွေ့အကြုံ အသိ နယ်ပယ် ကျယ်ပြန့်လေလေ ကောင်းမွန်တဲ့ ဖန်တီးမှု ပုံစံ သင် ရရှိလေလေ ဖြစ်ပါလိမ့်မည်။


Assess Your Life Daily & Change When You Need To | သင့်ဘဝ ကို နေ့တိုင်း ဆန်းစစ်နေပါ ၊ လိုအပ်လာပါက ပြောင်းလဲပစ်ပါ

ဲSteve Jobs က Commencement Speech at Stanford မှာ သူ့ဘဝ အတွက် အကြီးမားဆုံးသော စိတ်အားတက်ကြွစေသော သေခြင်းတရား အကြောင်း ကို ပြောသွားပါတယ်။

When I was 17, I read a quote that went something like: "If you live each day as if it was your last, someday you'll most certainly be right." It made an impression on me, and since then, for the past 33 years, I have looked in the mirror every morning and asked myself: "If today were the last day of my life, would I want to do what I am about to do today?" And whenever the answer has been "No" for too many days in a row, I know I need to change something.

Remembering that I'll be dead soon is the most important tool I've ever encountered to help me make the big choices in life. Because almost everything — all external expectations, all pride, all fear of embarrassment or failure — these things just fall away in the face of death, leaving only what is truly important. Remembering that you are going to die is the best way I know to avoid the trap of thinking you have something to lose. You are already naked. There is no reason not to follow your heart.

အကယ်၍ သင် သည် နေ့တစ်နေ့ချင်း ဆီကို ဘဝ နောက်ဆုံးနေ့အဖြစ် နေထိုင်ပါက တစ်နေ့တွင် လမ်းကြောင်းမှန်ပေါ်မှာ သင် ရောက်နေပါလိမ့်မည်။

မနက်တိုင်း မှန်ကြည့်ပြီး ကိုယ့်ဘာသာ မေးခွန်းထုတ်ပုံက

အကယ်၍ ဒီနေ့သာ ငါ့ ဘဝ နောက်ဆုံးနေ့ဖြစ်ပါက ဒီနေ့လုပ်ရန် ရှိတဲ့ အလုပ်တွေ ငါ လုပ်နေချင်မလား ???

ဆိုပြီး မေးတိုင်း ရက်ဆက်များစွာ “NO” အဖြေသာ ဖြစ်နေပါက ငါ တစ်ခုခု ပြောင်းလဲဖို့ လိုအပ်နေကြောင်း ကိုယ့်ဘာသာ ကိုယ် သိနေပါလိမ့်မည်။

အလုပ် အခု ချက်ချင်း ထွက်ဖို့ ပြောနေခြင်း မဟုတ်သလို အဝတ်လျှော်တာ မလုပ်ဖို့ ပြောနေခြင်း လည်း မဟုတ်ပါ။

ကျနော်တို့ နေ့တွေဟာ ကျနော်တို့ မလုပ်ချင်တဲ့ အလုပ်တွေနဲ့ ပြည့်နေကြတာ များပါတယ်။

အဲ့လိုနေ့မျိုးတွေဟာ နေ့ကောင်းတွေထက် ကိန်းဂဏန်းများစွာ ကွာဟနေပါက ပြန်လည် ဆန်းစစ်ကြည့်ဖို့ အချိန်ပေးရတော့မည် ဖြစ်ပါသည်။

အခြေအနေတွေက အကောင်းလှချည်း မဟုတ်ပါက အလုပ်ပြောင်းလုပ်ဖို့ အချိန် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။


Source: Lifehacker – Steve Jobs’ Best Productivity Tricks