Pages

Tuesday, April 29, 2014

အမိအရ အပြေးသာ လိုက်ဖမ်းပါ

 photo 2395.jpeg

သင့် အိမ်မက် တွေ နောက်ကို လိုက်ရုံဘဲ မလိုက်နဲ့။

အမိအရ အပြေးသာ လိုက်ဖမ်းပါ။

Rubik’s Cube

Rubik’s Cube လေး လက်ထဲ ရောက်လာတော့ ကိုယ့်ဘာသာကိုယ် လျှောက်ကစားဖြစ်တယ်။

မျက်နှာပြင် တစ်ခြမ်း တူအောင်တော့ ပုံမှန်လူတွေလို လုပ်နိုင်ပါတယ်။

မျက်နှာပြင် ခြောက်ခြမ်းလုံး တူဖို့ဆိုတာ မလွယ်မှန်း တော်တော်ကြာ လုပ်ရင်းနဲ့ သိသွားပါတယ်။

Formula တော့ ရှိမှာပဲ ဆိုပြီး သူ့အတိုင်း လိုက်လုပ်မှပဲ အားလုံး အရောင်တူအောင် လုပ်နိုင်တော့တယ်။

 

ဖြေရှင်းနည်း (Solution Formula) အကြောင်း မပြောခင် Rubik’s Cube ကို မတူကွဲပြား ပုံစံပေါင်း 43 quintillion (10^18) အထက် ရှိပါတယ်။

ဒါပေမယ့် အဖြေပုံစံက အဲ့ပုံစံပေါင်းများစွာထဲက တစ်မျိုးတည်းပါ။

ပုံစံပေါင်း က ဘယ်လောက်များသလဲ ဆိုတော့ တစ်စက္ကန့်မှာ တစ်ပုံစံ လှည့်ရင်တောင် နှစ်ပေါင်း 1400 trillion (10^12) ကြာအောင် လှည့်ရမှာပါ။

နှိုင်းယှဉ်လို့ရအောင် ပြောမယ်ဆိုရရင်ဖြင့် ကျနော်တို့ စကြာဝဌာ (Universe) တောင်မှ 13 Billion (10^9) သက်တမ်းပဲ ရှိပါသေးတယ်။

(p.s. ဒါကြောင့် ကျနော် လျှောက်လုပ်ရင် မရတာလည်း မပြောနဲ့လေ)

The original (3×3×3) Rubik's Cube has eight corners and twelve edges. There are 8! (40,320) ways to arrange the corner cubes. Seven can be oriented independently, and the orientation of the eighth depends on the preceding seven, giving 37 (2,187) possibilities. There are 12!/2 (239,500,800) ways to arrange the edges, since an even permutation of the corners implies an even permutation of the edges as well. (When arrangements of centres are also permitted, as described below, the rule is that the combined arrangement of corners, edges, and centres must be an even permutation.) Eleven edges can be flipped independently, with the flip of the twelfth depending on the preceding ones, giving 211 (2,048) possibilities.

 {8! \times 3^7 \times (12!/2) \times 2^{11}} = 43,252,003,274,489,856,000

which is approximately 43 quintillion.  (Source: Wikipedia)

ဘယ်လိုပဲ ဖြစ်နေဖြစ်နေ အောက်က ပုံစံမျိုးလိုတော့ မလုပ်နဲ့ဗျာ။





Solve the Cube – Beginner Method

ကျနော် စလုပ်တတ်တဲ့ ဖော်မျူလာပုံစံအတိုင်း သင်္ကေတ တွေနဲ့ပါ ဖော်ပြပေးထားပါတယ်။ အဲ့တော့ အလွတ်ကျက်လို့ရတယ်။

Beginner ဆိုရင် အဆင့် ၆ဆင့်ဖြင့် သွားပါတယ်။ ဒါက အလွယ်နည်းပေါ့။

Intermediate နှင့် Advanced အဆင့်တွေလည်း ရှိပါတယ်။ သူတို့ကတော့ အမြန်နည်းတွေပေါ့။

Geordee – Rubik’s Cube Solution

အလွယ်အဆင့် ၆ဆင့် ကိုဘဲ မြှားတွေနဲ့ ရှင်းရှင်းလင်းလင်း ပြသွားတဲ့ ပုံလေးပါ။

Rubik’s .com

ဒီဝက်ဆိုက် ကတော့ အစုံလင်ဆုံးဘဲ။ Original 3x3 အပြင် 2x2 | 4x4 | 5x5 ဖြေရှင်းနည်းများကို PDF ဖိုင် ဒါမှမဟုတ် ဗီဒီယိုကြည့်ပြီး သင်ယူလို့ရပါသည်။

ကျနော်ဆိုမှာ ဆိုက်ဒ်ဆုံ ရှိတယ်။ (ကြုံတုန်းလေး ကြွားတာပါ :P)

အခုထိတော့ 3x3 ဘဲ လုပ်တတ်သေးတယ်။ 2x2 ကလည်း လွယ်မယောင်နဲ့လုပ်လာတာ ကြက်ကန်းဆန်အိုး မတိုးဖူးသေးပါဘူး။ 3x3 ရမှတော့ 2x2 တော့ ရအောင် လုပ်တတ်အောင် လုပ်ရအုံးမည်။

Rubik’s Cube Solved in 20 moves or Less

သက်ဆိုင်သော အကြောင်းအရာ အချက်အလက်တွေ ဖော်ပြထားပါသည်။ အနည်းဆုံး အချက် ၂၀ အတွင်း အပေါ်က 43 quintillion ပုံစံအမျိုးမျိုး ကို ခြောက်မျက်နှာတူအောင် လုပ်လို့ရပါတယ်တဲ့။

 photo 2388.jpg


 photo 2387.jpeg

System Error

 photo 2385.jpg
 
System Error

လော က ကြီး ကို နား လည် ဖို့ 

ကြိုး စား ရင်း နဲ့ 

ပြန် စဉ်း စား ကြည့် တော့

ကိုယ့် ကို ကိုယ် တောင်

နား မ လည် သေး ဘူး။

ကိုယ့် ကို ကိုယ် မေး ခွန်း ထုတ် ကာ

အ ဖြေ ရှာ ရင်း နဲ့ 

ဦး နှောက် အ ပူ တက် ကာ

System Error တက် ခဲ့ ပြီ။

Restart လုပ် ဖို့ တော့

စောင့် ရ ပေ အုံး မည်။

1:26pm, 16th August 2010 (Mon)
ARRLUU THE BENJAMIN®

Monday, April 28, 2014

Just You | 就是要你愛上我

黃鴻升 , 卓文萱 - 心愛的 (Beloved)


炎亞綸 - 擋不住的太陽

就是要你愛上我 | Just You | Just Want You to Love Me

2003 ခုနှစ်ထွက် ထိုင်ဝမ် (Taiwan) ဒရမ်မာ ကားဆက်ပါ။

炎亞綸 Aaron Yan က Qi Yi အဖြစ် သရုပ်ဆောင်ထားပြီး 郭雪芙 Puff Guo က Cheng Liang Liang အဖြစ် သရုပ်ဆောင်ထားပါသည်။



 photo 2354.jpg

ဇာတ်လမ်း အကျဉ်းချုံး (Synopsis)

ှQi Yi သည် နိုင်ငံခြား မှ မွေးရပ်မြေ ထိုင်ဝမ် သို့ ပြန်ရောက်လာပြီး မိမိတို့နေခဲ့ဖူးသော မိသားစုအိမ်ဟောင်း ကို လေလံမှ တစ်ဆင့် ပြန်လည်ဝယ်ယူခဲ့သည်။ အဆိုပါအိမ်တွင် Cheng Liang Liang က အိမ်အငှါး အဖြစ်နေရာ အိမ်ငှါးစာချုပ် ပြည့်ရန် သုံးလ လိုသေးသည် ဆိုပြီး မဆင်းပေးဘဲ အတင်းနေထိုင်သည်။ ရုံးတွင် လက်ထပ်ခွင့်တောင်းခံရသည့် သူမ သူငယ်ချင်း ဖြစ်သူသည် ကုမ္ပဏီပိုင်ရှင်အသစ် ဖြစ်သူ Qi Yi ၏ “ရုံးတွင်းချစ်ကြိုက်မှုမရှိစေရ” ပေါ်လစီ ကြောင့် အလုပ်ထုတ်ခံရမည် စိုးသဖြင့် လက်ထက်ခွင့်တောင်းမည့် အစီအစဉ် ပျက်ပြီး အရှက်ရခဲ့သည်။ အားလုံး သူဌေး ကို ဖြောင်းဖြ ပြောဆိုသော်လည်း မရသဖြင့် Cheng Liang Liang နှင့် သူမ သူငယ်ချင်းများသည် သူဌေး က သူမ ကို ကြိုက်လာ ချစ်လာအောင် လုပ်မည့် အစီအစဉ် ကို အကောင်အထည်ဖော်ကြသည်။

Qi Yi သည် Cheng Liang Liang အပေါ် စိတ်သဘောထား ပြောင်းလာသော်လည်း အဆိုပါ ပေါ်လစီ ကို ဖျက်သိမ်းခြင်း မပြုလုပ်ပေ။ Qi Yi ရည်းစားဟောင်း ပြန်ပေါ်လာကာ Qi Yi ကို ချဉ်းကပ်လာ Cheng Liang Liang ကို နောက်ဆုတ်အောင် နည်းမျိုးစုံ ဖြင့် အသုံးပြုလာသည်။ Qi Yi က ဝေခွဲမရဖြစ်ကာ ဆုံးဖြတ်ချက် သေချာမချနိုင်ပြီး စိတ်ညစ်သယောင် ရှိသဖြင့် Cheng Liang Liang က နောက်ဆုတ်ပေးခဲ့သည်။

Qi Yi ရည်းစားဟောင်း လိမ်ညာကြောင်း သိပြီးသည့် နောက်မှသာ နှစ်ယောက်သား အမြင်မှန်ရပြီး လက်တွဲတော့သည်။ ပြန်လက်တွဲသော်လည်း ပေါ်လစီ ကို မဖျက်သိမ်းသေးပေ။

ကုမ္ပဏီ ကို အခြားသူ ကို ရောင်းချလိုက်ပြီ ဆိုသည့် သတင်းထွက်နေသဖြင့် ဝန်ထမ်းများက မေးရာ Qi Yi က သတင်းကို အတည်ပြုပေးလိုက်သည်။

တာဝန် နောက်ဆုံးရက်တွင် Qi Yi သည် အကြီးတန်းရာထူး ဖြင့် ကုမ္ပဏီကြီး သို့ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း နှင့် အရင် မန်နေဂျာဟောင်း သည် ကုမ္ပဏီ ဦးစီးဖြင့် သူ့၏ နေရာတွင် လုပ်ကိုင်မည့်သူ အဖြစ်နဲ့ ထွက်လာသည်။ နောက်ဆုံးတွင် အတွဲ အားလုံး တွဲသွားကြပြီး မင်္ဂလာဆောင်ကာ ဇာတ်သိမ်းသွားလေသတည်း။


 photo 2355.jpg


သုံးသပ်ခြင်း (Review)

ဇာတ်အိမ် မခိုင်သော၊ ဓမ္မဓိဌာန် မကျသော ကားဆက် ဖြစ်သော်လည်း ဒရမ်မာအရသာ ဘဲ ခံစားသူများ အဖို့တော့ ကြည့်ပျော် ရှုပျော် ရှိပါလိမ့်မည်။

မင်းသား က ရုပ်တည်တည်နဲ့ သရုပ်ဆောင်တာ သိပ်မကြိုက်ပေ။ (ယောက်ျား အချင်းချင်း ဖြစ်လို့လား မသိဘူး :P)

မင်းသမီး ကတော့ Sweet ဖြစ် Cute ဖြစ်အောင် သရုပ်ဆောင်နိုင်သည်။ (ဒါကတော့ ဆန့်ကျင်ဖက် လိင် ဖြစ်သွားပြီ။)


မင်းသမီး ကလည်း ဇာတ်လမ်း စတာနဲ့ အဝတ်အစားကျွတ်ပါတော့တယ်။ ဇာတ်လမ်း လူကြည့်များအောင် လူပြောများအောင် လုပ်တာ ထင်ပါရဲ့။

သုံးလ အိမ်ငှါးခ ပြန်ပေးတာ မယူဘဲ မိန်းကလေးတန်မဲ့ ယောက်ျားလေး အိမ်မှာ ဆက်နေရတယ်လို့။

“ရုံးတွင်းချစ်ကြိုက်မှုမရှိစေရ” ပေါ်လစီ ကလည်း ဘာကြီးမှန်း မသိ။ ကြိုက်သွားတာတောင်မှ မဖျက်သိမ်းတာက တစ်မျိုး။

တစ်ယောက်စီမှာ ကိုယ်စားပြု တိရစ္ဆာန် တစ်ကောင်စီ အရုပ်လေး ရှိတာလေး ကို ကြိုက်တယ်။

မင်းသား အဖေ အမေ ကွဲပုံကလည်း အဆန်း။ ဆန်းပုံက စဉ်းစားမတတ်အောင်ဘဲ။

မင်းသမီး ပြောသလို ကလေးခြစ်တဲ့ ပုံစံမျိုး ပန်းချီ ကို ခံစားလို့မရ။ ငွေပေးဝယ်တယ် ဆိုတော့ ပိုဆိုး။

မင်းသမီး က နှုတ်ခမ်းဆူပေးတာကို မင်းသား က မနမ်းဘဲ ရယ်တယ်။ ညံ့ချက်။

မင်းသား က မင်းသမီး ကို သူ့ကား နဲ့မခေါ်တာက အစပိုင်းမှာ အခြားဝန်ထမ်းတွေ သိမှာစိုးတယ် ဆိုပြီး လက်ခံလို့ရပေမယ့် နောက်ပိုင်း တစ်ရုံလုံး သိသွားတော့ရော ဘာလို့ မင်းသမီး ကို ကားနဲ့ မတင်သွားပါသလဲ။ ပြီးတော့ မင်းသမီး စက်ဘီး နဲ့သွားတာက မင်းသား ကား နဲ့ မီးပွိုင့်တိုင်း ဆုံနေရသေးတယ်။

မင်းသမီး တိရစ္ဆာန်တွေ အပင်တွေ ကို စကားပြောတော့ နောက်ပိုင်း မင်းသားက မွေးထားတဲ့ငါးကို စကားပြောဖြစ်ပြီး သူ့ကိုယ်သူ ပြန်ပြောမိတာက “ငါ ဘာတွေ လုပ်နေမိပါလိမ့်”။

1.2 What is Marketing ?

Marketing ခေါ် ဈေးကွက်ထိုးဖောက်မှု သည် အခြား စီးပွားရေးဆိုင်ရာ အဖွဲ့တွေနဲ့ ယှဉ်ကြည့်ရင် ဖောက်သည်တွေနဲ့ အဓိက ဆက်ဆံနေရသည်။

Marketing ကို ရိုးရှင်းစွာ အဓိပ္ပာယ် ဖွင့်ဆိုပါက အလုပ်ဖြစ်နိုင်ချေရှိသော ဖောက်သည်များ နှင့် ကောင်းမွန်သော ဆက်ဆံရေး ရအောင် စီမံခန့်ခွဲနိုင်ခြင်းပင် ဖြစ်ပါသည်။

Marketing is managing profitable customer relationships.

Marketing ရဲ့ ဦးတည်ချက် နှစ်ခု ကတော့

၁) မက်မောဖို့ ကောင်းတဲ့ အရာတွေ တန်ဖိုးတွေ နဲ့ ဖောက်သည်သစ် တွေကို ဖမ်းစားထားနိုင်ရန် နှင့်

၂) လက်ရှိဖောက်သည် တွေကို စိတ်ကျေနပ်မှု ရရှိစေပြီး ဆက်လက် ထိန်းသိမ်း ဆွဲဆောင်ထားနိုင်ရန်

တို့ဖြစ်ပါသည်။

The twofold goal of marketing is to attract new customers by promising superior value and keep and grow current customers by
delivering satisfaction.

For example, Walmart has become the world’s largest retailer—and the world’s largest company—by delivering on its promise, “Save money. Live better.” Nintendo surged ahead in the video-games market behind the pledge that “Wii would like to play,” backed by its wildly popular Wii console and a growing list of popular games and accessories for all ages. And McDonald’s fulfills its “i’m lovin’ it” motto by being “our customers’ favorite place and way to eat” the world over, giving it a market share greater than that of its nearest three competitors combined.

အမြတ်အတွက် လုပ်ကိုင်သော အဖွဲ့အစည်း ဖြစ်စေ၊ အမြတ်မကြည့်သော ပရဟိတ အဖွဲ့အစည်း ဖြစ်စေ - အဖွဲ့အစည်းတိုင်း အောင်မြင်ဖို့အတွက် Marketing သည် အဓိက ကျလှပါသည်။

သင်လည်း Marketing အကြောင်း တော်တော်များများ သိပြီးသား ဖြစ်နေမှာပါ။ ဘာလို့လဲ ဆိုတော့ သင့် ရဲ့ နိစ္စဓူဝ မှာ မြင်တွေ့နေလို့ဘဲ ဖြစ်ပါတယ်။

ရှော့ပင်းစင်တာ မှာ ပစ္စည်းတွေ ခင်းကျင်းထားတာ တွေ့မယ်။ ကြော်ငြာတွေ တီဗီမှာ လာတာ တွေ့မယ်။ မဂ္ဂဇင်းစာအုပ် မှာလည်း ကြော်ငြာတွေ့မယ်။

ဒီနှစ်ပိုင်းတွေမှာ Marketing သမား တွေဟာ နည်းလမ်းအသစ်တွေ သုံးလာပြီး သူတို့တံဆိပ် Brand ကို သိလာပြီး သင့်ဘဝ တစ်စိတ်တစ်ပိုင်း တွင် ပါဝင်လာစေချင်ကြတယ်။

စားသုံးသူ တွေရဲ့ ရိုးရိုးအမြင် ထက်စာရင် Marketing က ပိုမို ကျယ်ပြန့်ပါတယ်။ နောက်ကွယ်မှာ လူတွေ ပွဲတွေ လုပ်ဆောင်မှုတွေ က သင့် အာရုံ ဖမ်းစားရန် နှင့် ဝယ်ယူ သုံးစွဲ ဖို့ သူတို့ပြိုင်ဘက်တွေနဲ့ ပြိုင်ဆိုင်နေကြပါတယ်။

 

Marketing Defined

Marketing က ဘာလဲ ? လူအများထင်တာက Marketing ဆိုတာ အရောင်း နဲ့ ကြော်ငြာခြင်း လို့ဘဲ ထင်ကြ တွေးမိ ကြပါတယ်။

What is marketing? Many people think of marketing as only selling and advertising.

Marketing သမားတွေဟာ နေ့တိုင်း တီဗီကြော်ငြာတွေ၊ Catalog စာအုပ်တွေ၊ ဖုန်းဆက်သွယ်မှုတွေ၊ အီးမေး ပို့ဆောင်ခြင်းတွေ နဲ့ ဗုံးကြဲနေကြပါတယ်။ (ဖောက်သည်တွေဆီ ရောက်ရှိအောင် ကြိုးစားခြင်း)

We are bombarded every day with TV commercials, catalogs, sales calls, and e-mail pitches.

အရောင်း (Selling) နှင့် ကြော်ငြာခြင်း (Advertising) ဆိုတာ Marketing ရဲ့ ရေခဲတုံးထိပ်ပါဘဲ။ (လူအများ တွေ့မြင်ရတဲ့ အပိုင်း)

အခုခေတ် Marketing ကို နားလည်ထားရမှာက ပြောရောင်းပြီး အရောင်းဖြစ်ဖို့ဆိုတဲ့ အရင်ပုံစံ မဟုတ်တော့ဘဲ ဖောက်သည်လိုအပ်ချက်အတိုင်း လိုအင်အတိုင်း စိတ်ကျေနပ်မှု ရရှိစေဖို့ ဆိုတာမျိုးပါ။

Today, marketing must be understood not in the old sense of making a sale—“telling and selling”—but in the new sense of satisfying customer needs.

အကယ်၍ Marketing သမားတွေ (Marketers) က ဖောက်သည် လိုသည့် ပုံစံမျိုး ကို နားလည်သဘောပေါက်ပါက လိုသည့်ပုံစံ တန်ဖိုး အတိုင်းပေးနိုင်မည့် ပစ္စည်း ကို ထုတ်မယ်။ တန်ဖိုးသတ်မှတ်မယ်။ ဖြန့်ဖြူးမယ်။ ရောင်းအား ကောင်းအောင်လုပ်မယ်။ ဆိုပါက လွယ်လွယ်ကူကူ ရောင်းရပေလိမ့်မည်။

If the marketer understands consumer needs; develops products that provide superior customer value; and prices, distributes, and promotes them effectively, these products will sell easily.

စီမံခန့်ခွဲမှု ဂုရု Peter Drucker ပြောတာက Marketing ရဲ့ ရည်ရွယ်ချက်က ရောင်းဖို့ မကြိုးစားရဘဲ အရောင်းဖြစ်ခြင်း ပါဘဲ။

In fact, according to management guru Peter Drucker, “The aim of marketing is to make selling unnecessary.”

Marketing ဆိုတာ လူမူရေး နှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ရိုးလုပ်စဉ် ပါဘဲ။ အဖွဲ့အစည်း က ဖောက်သည်ယုံကြည်မှု နှင့် ငွေ လိုတယ်။ ဖောက်သည်တွေ က Company/Organization/Brand အပေါ် ယုံကြည်မှု နှင့် ပစ္စည်းကောင်း (သို့) ဝန်ဆောင်မှုကောင်း တာ လိုချင်ကြတယ်။ နှစ်ဘက်စလုံး တစ်ဖက် နှင့် တစ်ဖက် ဖလှယ် လဲလှယ်ကြပြီး နှစ်ဘက်စလုံး အကျိုးရှိကြတယ်။

Broadly defined, marketing is a social and managerial process by which individuals and organizations obtain what they need and want through creating and exchanging value with others.

In a narrower business context, marketing involves building profitable, value laden exchange relationships with customers.

Hence, we define Marketing as the process by which companies create value for customers and build strong customer relationships in order to capture value from customers in return.

The Marketing Process


 photo 2378.jpg

Sunday, April 27, 2014

အဆိုးမြင်ဝါဒီသမား နှင့် အကောင်းမြင်ဝါဒီသမား ကွာခြားချက်

 photo 2335.jpg

အဆိုးမြင်ဝါဒီသမား က အခွင့်အရေး တိုင်း မှာ အခက်အခဲ တွေဘဲ မြင်တယ်။

အကောင်းမြင်ဝါဒီသမား က အခက်အခဲ တိုင်းမှာ အခွင့်အရေး တွေဘဲ မြင်တယ်။

<< ဝင်စတန် ချာချီ >>

ရေစီးနဲ့မျောတာဆိုလို့ ငါးသေ ပဲ ရှိတာကို မမေ့လိုက်ပါနဲ့

 photo 2338.jpg

 

သင့် ဘဝ ကို ရေစုန် မမျောလိုက်ပါနဲ့။

မျောလိုက်ရင် သေတဲ့ငါး လို ဘဝသေသွားလိမ့်မယ်။

သင့် ဘဝ အလိုရှိရာအတိုင်း ရေစုန်ချိန် စုန် ပြီး ရေဆန်ချိန် ရောက်ရင်လည်း ဆန်နိုင်ရပါမည်။

1.1 Zappos

Principles of Marketing 14|E

PHILIP Kotler | GARY Armstrong

1 | Marketing: Creating and Capturing Customer Value


1.1 | Zappos: A Passion for Creating Customer Value and Relationships


CEO of Zappos - Tony Hsieh ပြောတာကတော့

“Our whole goal at Zappos is for the Zappos brand to be about the very best customer service and customer experience.”

Zappos မှာ Customer Experience ကို ပထမဆုံး အနေဖြင့် စဉ်းစားပုံက ဖောက်သည် အတွက် တန်ဖိုးဖန်တီးပုံ နှင့် ဆက်ဆံရေး မှာ သူ့ကို ယှဉ်နိုင်သူ ဆိုတာ လက်ချိုးရေလို့ရပါတယ်။

၁၉၉၉ မှာ အွန်လိုင်းစတိုး ကို ဖွင့်လှစ်တည်ထောင်ပြီး အကောင်းစားဖိနပ်မျိုးစုံ ကို တံဆိပ် (Brands), စတိုင် ပုံစံ(Styles), အရောင် (Colors), အရွယ်အစား (Sizes), အကျယ် (Widths) အလိုက် ကြိုက်ရာ ရွေးချယ်ဝယ်ယူနိုင်အောင် ဝန်ဆောင်မှု ပေးလာတာ အခုဆိုရင် အင်္ကျီ(Clothes), လက်ကိုင်အိတ် (Handbags), နှင့် အခြားအသုံးအဆောင် ပစ္စည်းတွေပါ ရရှိနေပါပြီ။

ရောင်းအားတွေက ရော့ကတ်ဒုံးပျံပစ်လွှတ် သကဲ့သို့ ထိုးတက်နေရာ တစ်နှစ် ဖောက်သည် ၁၀သန်းလောက် ကို ဝန်ဆောင်မှု ပေးနေရပါတယ်။ ရောင်းအားကလည်း ဒေါ်လာ ၁ဘီလီယံ အထိ ရှိပါတယ်။

 

စိတ်ဝင်စားစရာကောင်းတာက မီဒီယာ မှာ ငွေကြေးကုန်ကျခံ ကြော်ငြာလေ့ သိပ်မရှိပါဘူး။

အဲ့ဒီအစား Customer Service ဖောက်သည် ဝန်ဆောင်မှု ကိုသာ အာရုံစိုက် သဖြင့် ဝန်ဆောင်မှု အားကောင်းသဖြင့် ဖောက်သည်များဟာ ပြန်လာရုံသာမက အခြားသူ့မိတ်ဆွေ သူငယ်ချင်းတွေကိုပါ ပြောပြလေ့ ရှိပါသည်။

It relies on customer service so good that customer not only come back but also tell their friends.

>75% of Sales come from repeat customers.

Aaron Magness (Zappos’ Director of Business Development & Brand Marketing) ပြောတာ နှစ်ခုက

“We’ve always stuck with customer service, even when it was not a sexy thing to do.”

“We decided if we can put all the money possible into our customer service, word of mouth will work in our favor.”

Free delivery, Free returns, & a 365-day return policy – the Cornerstone of Zappos’ customer-centric approach

ဖောက်သည်တွေကို အံ့သြအောင် လုပ်နိုင်ဖို့ရာ လေးငါးရက်ကြာမှ ပို့ဆောင်ခြင်း ကို ဒီနေ့မှာ မနက်ဖြန်ရောက် ပို့ဆောင်ခြင်း ဖြင့် မြှင့်တင်ခဲ့သည်။

24/7 ကို ဝန်ထမ်း ငါးရာ က ဝန်ဆောင်မှု ပေးနေပါတယ်။ ဝန်ထမ်းစရိတ် က ကုမ္ပဏီစရိတ် ၏ သုံးပုံ တစ်ပုံ ရှိနေသော်လည်း သူတို့တွေက တစ်နေ့ကို ဖုန်းခေါ်ဆိုမှုပေါင်း ၅ ထောင် ကို ဖြေကြားပေးနေပါတယ်။

The Zappos culture is build around its 10 Core Values,

ranging from “Build open and honest relationships with communication” to “Create fun and a little weirdness.”

Value No.1 – Deliver WOW through service!

Zappos ၏ ဖောက်သည် အဓိက ထားသည့် ပုံစံမျိုး အဖွဲ့အစည်း တစ်ခုလုံး ထဲ စီးဝင်နေအောင် ဝန်ထမ်းအသစ်ခန့်အပ်လိုက်တိုင်း ဝန်ထမ်းသည် ရာထူးထိပ်ပိုင်းဖြစ်စေ အောက်ပိုင်းဖြစ်စေ လေးပတ်ကြာ ဖောက်သည် နှင့်သက်ဆိုင်သည့် သင်တန်းတက်ရောက်ကြရသည်။

To make sure Zappos’ customer obsession permeates the entire organization,

each new hire—everyone from the chief executive officer and chief financial officer to the children’s footwear buyer—is required to go through four weeks of customer-loyalty training.

စိတ်မပါ့တပါ လူမျိုးတွေကို လျော်ကြေးပေး ထွက်စေပါတယ်။

In fact, in an effort to weed out the half-hearted, Zappos actually bribes people to quit.

လေးပတ်ကြာ တက်ရတဲ့ သင်တန်း အတွက်ကို ဝန်ထမ်းတွေက ငွေမပေးရတဲ့ အပြင် ငွေတောင် ရပါသေးတယ်။

 

Magness ပြောတာက Zappos က ဖောက်သည်တွေ ကို အံ့သြစေတဲ့ ဝန်ဆောင်မှု တွေက သဘာဝအတိုင်း သက်တောင့်သက်သာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါက သင်ပေးလို့ မရပါဘူး။ အဲ့လိုဖြစ်အောင်လုပ်မယ့် ဝန်ထမ်းတွေ သင်ခန့်အပ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။

“Getting customers excited about the service they had at Zappos has to come naturally,” says Magness.

“You can’t teach it; you have to hire for it.”

ဝန်ဆောင်မှု ပေးနေတဲ့ ဝန်ထမ်းတိုင်း ဟာ Zappos မှာ မရှိရင် အခြားပြိုင်ဘက် ဝက်ဆိုက် ကို ညွှန်းပေးပါတယ်။ ညွှန်းပေးရန်အတွက်လည်း ဝက်ဆိုက် သုံးခုထက်မနည်း ကို ကြည့်ဖြစ်အောင် သင်တန်းပေးထးပါတယ်။

Customer service reps are trained to look on at least three rival Web sites if a shopper asks for specific shoes that Zappos doesn’t have in stock and refer customers accordingly.

Hsieh ပြောတာကတော့ “ဒီလိုမျိုး အခြားကုမ္ပဏီတွေ လုပ်လိမ့်မယ် လို့ ကျနော် မထင်ဘူး။ ကျနော်တို့ အနေနဲ့ ရေတိုဖြစ်တဲ့ လတ်တလော အရောင်းမဖြစ်တာ လက်ခံလို့ရပါတယ်။ ကျနော်တို့အဓိက ထားတာက ဖောက်သည်တွေရဲ့ ရေရှည် သစ္စာရှိစွာ အားပေးမှု နှင့် ဆက်ဆံရေး ပါ။

“My guess is that other companies don’t do that,” Hsieh says.

“For us, we’re willing to lose that sale, that transaction in the short term. We’re focused on building the life long loyalty and relationship with the customer.”

ဆက်ဆံရေး ကောင်းမွန်ဖို့ ဆိုတာ Zappos အတွက်တော့ အရာအားလုံးပါဘဲ။

Relationships mean everything at Zappos.

Hsieh နဲ့ ဝန်ထမ်းအများစု ဟာ အချင်းချင်းရော ဖောက်သည်တွေနဲ့ရော အခြားစိတ်ဝင်စားတဲ့သူတွေ နဲ့ရော လူမူရေးဝက်ဆိုက်တွေကနေ တစ်ဆင့် တိုက်ရိုက် ဆက်ဆံ ထိတွေ့မှု ရှိကြပါတယ်။ သတင်းအချက်အလက် ကောင်းကောင်း ဆိုးဆိုး ဖြန့်ဝေကြတယ်။

ဖောက်သည်တွေရဲ့ ပွင့်ပွင့်လင်းလင်း အွန်လိုင်း မှတ်ချက်တွေ ပေးလို့ရအောင် ကုမ္ပဏီ က ဖွင့်ပေးထားတယ်။

ဒါမျိုး ဖွင့်ပေးတဲ့ ကိစ္စ ကို အချို့လုပ်ငန်းတွေ ကြောက်ကြ စိုးရိမ်ကြပေမယ့်လည်း Zappos ကတော့ ရင်ဆိုင်တယ်။

Magness က “တစ်စုံတစ်ရာ ကို ဖုံးကွယ်စရာ ရှိမှသာ သင်အနေဖြင့် စိုးရိမ်ရမှာ ဖြစ်ပါတယ်။ ဝေဖန်တယ် ဆိုတာ ကို အခမဲ့ လက်ဆောင် လို့ဘဲ Zappos က ယူဆထားပါတယ်။” လို့ မဟုတ်တာ မလုပ်လို့ စိုးရိမ်စရာ မရှိဘဲ အဝေဖန်ခံနိုင်ပုံကို မီးမောင်းထိုးပြထားပါတယ်။

As Magness points out, “You only need to worry if you have something to hide,” and Zappos seems to take even criticism as a free gift of information.

Zappos က လုပ်ငန်းအတွက် စံသတ်မှတ်ချက် အသစ်တွေ ချမှတ်နိုင်ခဲ့ပြီး ဖောက်သည်ကို ဦးစားပေးတဲ့ ကုမ္ပဏီတွေအကြားမှာ ဦးဆောင်နေပါတယ်။

Zappos has set new standards in the industry, leading the way for a new type of consumer-focused company.

လက်လီအရောင်း ကျွမ်းကျင်သူ က “Zappos က တစ်မူထူးအောင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ကုမ္ပဏီအများစု က ဖောက်သည်ကို ဦးစားပေးတယ် အဓိကထားတယ် ဆိုသာ ဆိုကြပြီး ဘယ်သူမှ Zappos လောက် တကယ် လုပ်ကြတာ မဟုတ်ပါဘူး။” လို့ မှတ်ချက်ပေးသွားပါတယ်။

ကုမ္ပဏီ ဟာ လျှပ်စစ်ပစ္စည်း နှင့် အိမ်သုံးပစ္စည်း စသည့် နယ်ပယ်အသစ် တွေကို ဖောက်သည် ဦိးစားပေး Zappos ပုံစံအတိုင်းဖြင့် တိုးတက် ချဲ့ထွင်နေပါတယ်။

“နောင် ၁၀နှစ်လောက်ကြာရင် ကျနော်တို့ ဖိနပ်ကို အွန်လိုင်းက ရောင်းရင်း စလာတယ် ဆိုတာ လူတွေ မသိလောက်တော့ဘူး။ ကျနော်တို့ကို လေယာဉ်လိုင်းဖွင့်ဖို့ တိုက်တွန်းပြောဆိုတဲ့ ဖောက်သည်တွေနဲ့ တကယ်ကြုံတွေ့ဖူးပါတယ်။ နောင် နှစ် ၃၀ကြာရင် Zappos လေကြောင်းလိုင်း ကို အကောင်းဆုံး ဝန်ဆောင်မှု တွေနဲ့ မမြင်တွေ့ရဘူးလို့ ဘယ်သူမှ ဘာမှ ပြောနိုင်မှာ မဟုတ်ပါဘူး” လို့ Hsieh က Zappos အနာဂတ် ကို ပြောဆိုသွားပါတယ်။

“Hopefully, 10 years from now, people won’t even realize we started out selling shoes online.

We’ve actually had customers ask us if we would please start an airline or run the IRS,” Hsieh says,

adding, “30 years from now I wouldn’t rule out a Zappos airline that’s all about the very best service.”


Reference: Principles of Marketing 14|E by PHILIP Kotler | GARY Armstrong

Book: Principles of Marketing 14|E


Image Source: Pearson 

Principles of Marketing 14|E

PHILIP Kotler | Northwestern University
GARY Armstrong | University of North Carolina
ISBN 10: 0-13-216712-3
ISBN 13: 978-0-13-216712-3

Part 1: Defining Marketing and the Marketing Process

1 Marketing: Creating and Capturing Customer Value [ 1.1 | 1.2 | 1.3 | 1.4 | 1.5 | 1.6 ]
2 Company and Marketing Strategy: Partnering to Build Customer Relationships

Part 2: Understanding the Marketplace and Consumers

3 Analyzing the Marketing Environment
4 Managing Marketing Information to Gain Customer Insights
5 Consumer Markets and Consumer Buyer Behavior
6 Business Markets and Business Buyer Behavior

Part 3: Designing a Customer-Driven Strategy and Mix

7 Customer-Driven Marketing Strategy: Creating Value for Target Customers
8 Products, Services, and Brands: Building Customer Value
9 New Product Development and Product Life-Cycle Strategies
10 Pricing: Understanding and Capturing Customer Value
11 Pricing Strategies
12 Marketing Channels: Delivering Customer Value
13 Retailing and Wholesaling
14 Communicating Customer Value: Integrated Marketing Communications Strategy
15 Advertising and Public Relations
16 Personal Selling and Sales Promotion
17 Direct and Online Marketing: Building Direct Customer Relationships

Part 4: Extending Marketing

18 Creating Competitive Advantage
19 The Global Marketplace
20 Sustainable Marketing: Social Responsibility and Ethics
Appendix 1 Marketing Plan
Appendix 2 Marketing by the Numbers



Friday, April 25, 2014

ကိုယ်ပိုင် ဥာဏ် နဲ့ စဉ်းစား ဆင်ခြင် ပြီးမှ ယုံကြည် လက်ခံပါ။

 photo 2350.jpg

The Hottest Fire makes the Hardest Steel

 photo 2336.jpg

T-Shirt တီရှပ် အမြန် ချွတ်နည်း နဲ့ ခေါက်နည်း

Source: Gizmodo | The fastest way to take off your t-shirt

 

T-Shirt အရမ်းကျပ်နေရင်တော့ ချွတ်ရတာ မလွယ်ပါဘူး။ အဲ့တစ်ခုတော့ ရှိတယ်။

ချွတ်တာ ပြောင်းပြန် မဖြစ်သွားတော့ ပြန်ဝတ်ရင်လည်း ပြန်လှန်နေစရာ မလိုတော့ဘူး။


တစ်လက်စတည်း T-Shirt ခေါက်နည်း ပါ ပြန်ရှာပေးလိုက်တယ်။

 

သီတဂူ ဆရာတော် ၏ နှစ်သစ်လက်ဆောင်

 photo 2348.jpg

Thursday, April 24, 2014

ဇေယျသူ - အင်စတီကျူးရှင်းတို့ ဘယ်လိုပြောင်းမလဲ

 photo 2352.jpg

လူကြီးလူကောင်း ဟုတ်မဟုတ် ဘယ်လို တိုင်းတာမလဲ

 photo 2361.jpg

လူတွေက အကျိုးမျှော်လို့ ညောင်ရေလောင်းတတ်ကြတာ များတယ်။ ကိုယ့်အပေါ် ကောင်းကျိုး ပေးမယ့်သူတွေ အပေါ်မှာ ဖားယား ကောင်းမွန်စွာ ဆက်ဆံပေမယ့်လည်း ကိုယ့်အပေါ် အကျိုး မပေးနိုင်တဲ့ ဆင်းရဲ နိမ့်ကျသော လူများနဲ့ တွေ့ရင် မောက်မောက်မာမာ ဆက်ဆံလေ့ရှိကြတယ်။ ဒါမျိုးကို ပညာတတ်လူတန်းစား မှာလည်း တွေ့ရတယ်။ ဥပမာ – သင့်မိတ်ဆွေ လူကြီးလူကောင်း ဆန်မဆန် – လက်ဘက်ရည်ဆိုင်က ကောင်လေးတွေကို သူ ဘယ်လို ဆက်ဆံသလဲ ဆိုတာမျိုး နဲ့ လေ့လာခန့်မှန်းလို့ ရတယ်။

အကျိုးမျှော်လို့ ညောင်ရေလောင်းတာ အပြစ်မပြောလိုပါဘူး။

ပြောချင်တာက မြေနိမ့်ရာ လှံမစိုက် ဖို့ကိုပါ။

ဆက်ကြိုးစားပါ

 photo 2364.jpg

Wednesday, April 23, 2014

After English Exam

 photo 2372.jpg

Source: ကမ်းလက် – After English Exam

Text Editor: Notepad++

Text Editor တွေ အထဲမှာ Notepad++ for Window, TextWrangler for Mac ဆိုပြီး ဖတ်ဖူးပါတယ်။ TextWrangler လည်း Window အတွက်လည်း ထွက်ပါတယ်။ Notepad++ က Source Code ရေးတဲ့သူတွေ အသုံးများတဲ့ Text Editor တစ်ခုပါ။

<Address> http://notepad-plus-plus.org/ </Address>


Tuesday, April 22, 2014

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် – ကျွန်တော် နဲ့ အများပိုင်ကုမ္ပဏီများ

 photo 2371.png

၂၀၁၄၊ ဧပြီလ ၂၂ရက်ထုတ် မြန်မာ့အလင်း နေ့စဉ် သတင်းစာ – ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ဆောင်းပါးမှ

Sunday, April 20, 2014

အကြိုက်

I just asked my friend Steve to tell me his favorite things to read.

Steve ကို သူ့ ဖတ်ရတာ အကြိုက်ဆုံး ကို ကျနော်မေးလိုက်တော့

Here is his answer:

သူဖြေပုံက ဒီလို

“I like to read my bank statement on payday.”

လစာပေးရက်မှာ ဘဏ်စာရင်း ကို ဖတ်ရတာ ကြိုက်တယ်။ တဲ့ဗျာ …


Source: Reader’s Digest USA 2004 January – Editor’s Note

Friday, April 18, 2014

Sunday, April 13, 2014

ကလေး အာရုံစိုက်မှု လိုချင်ရင်

ကလေးတွေနဲ့ ဓာတ်ပုံရိုက်ရင် ပုံကောင်းကောင်းထွက်ဖို့ မလွယ်ပါဘူး။

ကင်မရာကို ကြည့်အောင် အသံပေး လက်ပြ စသည်ဖြင့် လုပ်ရတာလည်း သိပ်အလုပ်မဖြစ်ဘူး။

ဒါပေမယ့် ကလေးတွေ အရောင်စူးရှတဲ့ အရာတွေကိုတော့ သတိထားမိတတ်ကြပြီး ကလေးတွေ၏ အာရုံကို ဖမ်းစားနိုင်သည်။

မူရင်းစာရေးသူ ရေးထားတာကတော့ …..

If you want to take good pictures of babies, but find it hard to get them to look at you properly, stick bright stickers on the back of your phone.

My wife figured this out, and now she (the baby) looks approximately at the lens opening. Ish.

Source: Put Bright Stickers on the Camera for Great Baby Photos | Lifehacker

Thursday, April 10, 2014

အောင်ဆန်းစုကြည် ၏ ဂျာမနီ အလည်အပတ်ခရီး

Photo Credit: ဒီမိုဖက်တီး

 

အောင်ဆန်းစုကြည် စိတ်ထဲမှာ ဂျာမနီ မှာ နေချင်စိတ် ရှိမှာ မဟုတ်ဘူး။

ဂျာမနီ ကို အားကျ အတုယူစိတ်ပဲ ရှိရင် ရှိလိမ့်မယ်။

ဂျာမနီ လိုမျိုး ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသော မြန်မာနိုင်ငံတော်ကြီး တည်ဆောက်ချင်သည့်စိတ်ကတော့ ရှိတာ သေချာတယ်။

Website: BBC - Learn a Language ?

BBC.co.uk မှ ဘာသာစကား လေ့လာ သင်ကြားဖို့ အတွက် Language အပိုင်းတွင် ဘာသာစကားပေါင်း မြောက်မြားစွာအတွက် ထားရှိပေးထားသည်။

English, German, Italian, Arabic, Chinese, Japanese, အစ ရှိသဖြင့်။

ဒါပေမယ့် Burmese, and Korean ဘာသာစကားတွေတော့ ပါဝင်ခြင်း မရှိပေ။

ဘာသာစကား လေ့လာသူများ အတွက် အကျိုးရှိမည့် ဝက်ဒ်ဆိုက်လေးပါ။

[Website Address] http://www.bbc.co.uk/languages/




Monday, April 7, 2014

နေ့လည်စာ ဝိုင်းဖွဲ့စားခြင်း ယဉ်ကျေးမှု

သင်အနေဖြင့် သင်နဲ့အတူ တွဲလုပ်နေတဲ့သူတွေ၊ တွဲလုပ်နေတာကိုလည်း မေ့ကောင်းမေ့နေလိမ့်မည်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နေ့လည်စာ တူတူ စားခြင်းသည် အလုပ်အကြောင်း မဆွေးနွေးသည့်တိုင်အောင် သင်တို့ ပြုလုပ်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်။ တူတူ စားဖို့ စားပွဲ ကြီးကြီး ရှိရင်တော့ ပိုကောင်းသည်။

Productivity analyst Sociometric Solutions ရဲ့ အဆိုအရ တူတူ ဝိုင်းဖွဲ့စားသော အဖွဲ့အရွယ်အစား ကြီးမားလေ စကားပြော ဆက်ဆံမှု များပြားလေ ဟုဆိုသည်။

For ultimate lunch interaction, for instance, table size matters. Sociometric Solutions tracked workplace behaviors with sensors built into office IDs at an online travel company. It had both cafe tables that seated four and longer tables that seated 12. Staffers who sat at the larger table were 36 percent more likely to interact with each other later in the day. This group was also more engaged. When layoffs occurred at this company, those who'd sat at the larger tables were 30 percent more resistant.

Source: The Lunch Table: The Low-Tech Management Tool You're Not Using | Entrepreneur

via: Establish Lunch Traditions with Your Coworkers to Boost Productivity | Lifehacker

Saturday, April 5, 2014

A Wise Physician

A Wise Physician Said ...

" I have been practicing medicine for 30 years and i have prescribed many things but in the long run i have learned that the best medicine for the human creature is LOVE ! "

Someone asked,

" If it doesn't work ? "

He Smiled and Answered

" Increased the Dose !!! "


Source: Facebook - The Happiness of Living

Friday, April 4, 2014

ဖုန်းနံပါတ် အခွဲ တွေကိုဘယ်လို မှတ်မလဲ

ယနေ့ခေတ် တွင် ကျနော်တို့သည် ဖုန်းနံပါတ် ကို အလွတ် မမှတ်မိ မသိရှိကြတော့ ဖုန်းနံပါတ် ကို ဖုန်း ထဲတွင်သာ မှတ်သား ထည့်သွင်း လာကြသည်။

ဒါပေမယ့်လည်း ဖုန်းနံပါတ် အခွဲ (Phone Extension) ကိုတော့ ကျနော်တို့ သတ်သတ် မှတ်သားထားရသည်။

Yahoo! Tech က လွယ်ကူ ရိုးရှင်းသော နည်း ကို ဖော်ထုတ်လိုက်ပါသည်။

ဘယ်လို မှတ်သား ရမှာလဲ ဆိုတော့

(1) Enter a phone number in the dialer like you normally would.

ဆက်နေကြ ဖုန်းနံပါတ် ကို ထည့်သွင်းပါ။

(2) Tap and hold the * key until you're able to select a comma (,).

(*) Star Key သင်္ကေတ ကို (,) Comma Key သင်္ကေတ မပေါ်မချင်း ဖိနှိပ်ထားပါ။

(3) After the comma, add the extension.

Comma ပြီးရင် သင် နှိပ်ရမည့် အခွဲနံပါတ် ကို ထည့်သွင်းပါ။

(4) Save the number into your contacts.

ပြီးရင်တော့ ဖုန်းစာအုပ် တွင် သိမ်းထားပါ။

Comma ခံလိုက်တာက တစ်ခါတည်း တိုက်ရိုက်တန်းမဆက်သော်လည်း ခဏစောင့်ဆိုင်းပြီး အခွဲနံပါတ်ကို အလိုလို ခေါ်ဆိုသော်ကြောင့် သင့် ကို မှတ်ရန် နှင့် ခေါ်ဆိုရ လွယ်ကူစေပါသည်။


Source: How to Automatically Call a Number with an Extension on Your iPhone | Yahoo! Tech

via: Make Your iPhone Automatically Dial Someone's Extension | Lifehacker

Wednesday, April 2, 2014

အကောင်းဆုံး အရာ

အကောင်းဆုံး အရာ တွေ ဆိုတာက

အလုပ် ကို အကောင်းဆုံး လုပ်ဆောင်သူ တွေအတွက်ချည်းသာ ဖြစ်ပါသည်။


Source: Facebook Pageဥယျာဉ်မှူး | The Gardener

Tuesday, April 1, 2014

အသံထွက်

This cat, is cat, a cat, good cat, way cat, to cat,
keep cat, a cat, idiot cat, busy cat, for cat,
20 cat, seconds cat!

Now read it all without the word “cat”.

Solution ဖြေရှင်းပုံ

ပြင်သစ် ကုမ္ပဏီ တစ်ခု ၏ နှစ်ပတ်လည် ပျော်ပွဲ ရွှင်ပွဲ ကျင်းပရန် အတွက် အစည်းအဝေး ကျင်းပနေသည်။

မန်နေဂျာ လုပ်သူ က ငွေ အနည်းငယ်သာ သုံးချင်သည်။

ထိုကြောင့် အစည်းအဝေး၌ တင်ပြသည်။

ကျွန်တော်တို့ရဲ့ နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲ ကို ငွေအနည်းငယ်ပဲ ကုန်စေချင်တယ်။

ဒါပေမယ့် ကျွန်တော်တို့ ကုမ္ပဏီ ကိုလည်း ကြော်ငြာပြီးသား ဖြစ်အောင် ဒီပွဲကြီး ရဲ့ အကြောင်းကို ဂျာနယ်တွေက တစ်ဆင့် ပြင်သစ်တစ်နိုင်ငံလုံး သိစေချင်တယ်။

ဝန်ထမ်းအားလုံးကိုလည်း ပျော်ရွှင်စေရမယ်ဗျာ။

ငွေကိုတော့ တတ်နိုင်သမျှ လျော့ရမယ်။

နားလည်လား။

တစ်ယောက်တစ်ပေါက် အမျိုးမျိုး ပြောကြသော်လည်း ဖြစ်ချင်တာတွေ နှင့် မကိုက်သောကြောင့် မန်နေဂျာ က ပယ်ချနေသည်။

နောက်ဆုံးထောင့်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

ဒီလိုလုပ်ပါ။ မန်နေဂျာကြီး

မန်နေဂျာကြီး အီဖယ်မျှော်စင်ပေါ်ကနေ ခုန်ချလိုက်ပါ။

ငွေကလည်း မျှော်စင်ပေါ် တက်ခပဲ ကုန်မှာပါ။

ပြီးတော့ ကျနော်တို့ ကုမ္ပဏီ က မန်နေဂျာကြီး ဆိုပြီး တစ်နိုင်ငံလုံး က ကျွန်တော်တို့ကို သိသွားမှာပါ။

အဲ … ဝန်ထမ်းတွေရဲ့ ပျော်ရွှင်မှုကတော့ အတိုင်းထက် အလွန် ပဲ ဖြစ်မှာပါ ခင်ဗျ