Pages

Monday, April 28, 2014

Just You | 就是要你愛上我

黃鴻升 , 卓文萱 - 心愛的 (Beloved)


炎亞綸 - 擋不住的太陽

就是要你愛上我 | Just You | Just Want You to Love Me

2003 ခုနှစ်ထွက် ထိုင်ဝမ် (Taiwan) ဒရမ်မာ ကားဆက်ပါ။

炎亞綸 Aaron Yan က Qi Yi အဖြစ် သရုပ်ဆောင်ထားပြီး 郭雪芙 Puff Guo က Cheng Liang Liang အဖြစ် သရုပ်ဆောင်ထားပါသည်။



 photo 2354.jpg

ဇာတ်လမ်း အကျဉ်းချုံး (Synopsis)

ှQi Yi သည် နိုင်ငံခြား မှ မွေးရပ်မြေ ထိုင်ဝမ် သို့ ပြန်ရောက်လာပြီး မိမိတို့နေခဲ့ဖူးသော မိသားစုအိမ်ဟောင်း ကို လေလံမှ တစ်ဆင့် ပြန်လည်ဝယ်ယူခဲ့သည်။ အဆိုပါအိမ်တွင် Cheng Liang Liang က အိမ်အငှါး အဖြစ်နေရာ အိမ်ငှါးစာချုပ် ပြည့်ရန် သုံးလ လိုသေးသည် ဆိုပြီး မဆင်းပေးဘဲ အတင်းနေထိုင်သည်။ ရုံးတွင် လက်ထပ်ခွင့်တောင်းခံရသည့် သူမ သူငယ်ချင်း ဖြစ်သူသည် ကုမ္ပဏီပိုင်ရှင်အသစ် ဖြစ်သူ Qi Yi ၏ “ရုံးတွင်းချစ်ကြိုက်မှုမရှိစေရ” ပေါ်လစီ ကြောင့် အလုပ်ထုတ်ခံရမည် စိုးသဖြင့် လက်ထက်ခွင့်တောင်းမည့် အစီအစဉ် ပျက်ပြီး အရှက်ရခဲ့သည်။ အားလုံး သူဌေး ကို ဖြောင်းဖြ ပြောဆိုသော်လည်း မရသဖြင့် Cheng Liang Liang နှင့် သူမ သူငယ်ချင်းများသည် သူဌေး က သူမ ကို ကြိုက်လာ ချစ်လာအောင် လုပ်မည့် အစီအစဉ် ကို အကောင်အထည်ဖော်ကြသည်။

Qi Yi သည် Cheng Liang Liang အပေါ် စိတ်သဘောထား ပြောင်းလာသော်လည်း အဆိုပါ ပေါ်လစီ ကို ဖျက်သိမ်းခြင်း မပြုလုပ်ပေ။ Qi Yi ရည်းစားဟောင်း ပြန်ပေါ်လာကာ Qi Yi ကို ချဉ်းကပ်လာ Cheng Liang Liang ကို နောက်ဆုတ်အောင် နည်းမျိုးစုံ ဖြင့် အသုံးပြုလာသည်။ Qi Yi က ဝေခွဲမရဖြစ်ကာ ဆုံးဖြတ်ချက် သေချာမချနိုင်ပြီး စိတ်ညစ်သယောင် ရှိသဖြင့် Cheng Liang Liang က နောက်ဆုတ်ပေးခဲ့သည်။

Qi Yi ရည်းစားဟောင်း လိမ်ညာကြောင်း သိပြီးသည့် နောက်မှသာ နှစ်ယောက်သား အမြင်မှန်ရပြီး လက်တွဲတော့သည်။ ပြန်လက်တွဲသော်လည်း ပေါ်လစီ ကို မဖျက်သိမ်းသေးပေ။

ကုမ္ပဏီ ကို အခြားသူ ကို ရောင်းချလိုက်ပြီ ဆိုသည့် သတင်းထွက်နေသဖြင့် ဝန်ထမ်းများက မေးရာ Qi Yi က သတင်းကို အတည်ပြုပေးလိုက်သည်။

တာဝန် နောက်ဆုံးရက်တွင် Qi Yi သည် အကြီးတန်းရာထူး ဖြင့် ကုမ္ပဏီကြီး သို့ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း နှင့် အရင် မန်နေဂျာဟောင်း သည် ကုမ္ပဏီ ဦးစီးဖြင့် သူ့၏ နေရာတွင် လုပ်ကိုင်မည့်သူ အဖြစ်နဲ့ ထွက်လာသည်။ နောက်ဆုံးတွင် အတွဲ အားလုံး တွဲသွားကြပြီး မင်္ဂလာဆောင်ကာ ဇာတ်သိမ်းသွားလေသတည်း။


 photo 2355.jpg


သုံးသပ်ခြင်း (Review)

ဇာတ်အိမ် မခိုင်သော၊ ဓမ္မဓိဌာန် မကျသော ကားဆက် ဖြစ်သော်လည်း ဒရမ်မာအရသာ ဘဲ ခံစားသူများ အဖို့တော့ ကြည့်ပျော် ရှုပျော် ရှိပါလိမ့်မည်။

မင်းသား က ရုပ်တည်တည်နဲ့ သရုပ်ဆောင်တာ သိပ်မကြိုက်ပေ။ (ယောက်ျား အချင်းချင်း ဖြစ်လို့လား မသိဘူး :P)

မင်းသမီး ကတော့ Sweet ဖြစ် Cute ဖြစ်အောင် သရုပ်ဆောင်နိုင်သည်။ (ဒါကတော့ ဆန့်ကျင်ဖက် လိင် ဖြစ်သွားပြီ။)


မင်းသမီး ကလည်း ဇာတ်လမ်း စတာနဲ့ အဝတ်အစားကျွတ်ပါတော့တယ်။ ဇာတ်လမ်း လူကြည့်များအောင် လူပြောများအောင် လုပ်တာ ထင်ပါရဲ့။

သုံးလ အိမ်ငှါးခ ပြန်ပေးတာ မယူဘဲ မိန်းကလေးတန်မဲ့ ယောက်ျားလေး အိမ်မှာ ဆက်နေရတယ်လို့။

“ရုံးတွင်းချစ်ကြိုက်မှုမရှိစေရ” ပေါ်လစီ ကလည်း ဘာကြီးမှန်း မသိ။ ကြိုက်သွားတာတောင်မှ မဖျက်သိမ်းတာက တစ်မျိုး။

တစ်ယောက်စီမှာ ကိုယ်စားပြု တိရစ္ဆာန် တစ်ကောင်စီ အရုပ်လေး ရှိတာလေး ကို ကြိုက်တယ်။

မင်းသား အဖေ အမေ ကွဲပုံကလည်း အဆန်း။ ဆန်းပုံက စဉ်းစားမတတ်အောင်ဘဲ။

မင်းသမီး ပြောသလို ကလေးခြစ်တဲ့ ပုံစံမျိုး ပန်းချီ ကို ခံစားလို့မရ။ ငွေပေးဝယ်တယ် ဆိုတော့ ပိုဆိုး။

မင်းသမီး က နှုတ်ခမ်းဆူပေးတာကို မင်းသား က မနမ်းဘဲ ရယ်တယ်။ ညံ့ချက်။

မင်းသား က မင်းသမီး ကို သူ့ကား နဲ့မခေါ်တာက အစပိုင်းမှာ အခြားဝန်ထမ်းတွေ သိမှာစိုးတယ် ဆိုပြီး လက်ခံလို့ရပေမယ့် နောက်ပိုင်း တစ်ရုံလုံး သိသွားတော့ရော ဘာလို့ မင်းသမီး ကို ကားနဲ့ မတင်သွားပါသလဲ။ ပြီးတော့ မင်းသမီး စက်ဘီး နဲ့သွားတာက မင်းသား ကား နဲ့ မီးပွိုင့်တိုင်း ဆုံနေရသေးတယ်။

မင်းသမီး တိရစ္ဆာန်တွေ အပင်တွေ ကို စကားပြောတော့ နောက်ပိုင်း မင်းသားက မွေးထားတဲ့ငါးကို စကားပြောဖြစ်ပြီး သူ့ကိုယ်သူ ပြန်ပြောမိတာက “ငါ ဘာတွေ လုပ်နေမိပါလိမ့်”။

No comments:

Post a Comment