Rubik’s Cube လေး လက်ထဲ ရောက်လာတော့ ကိုယ့်ဘာသာကိုယ် လျှောက်ကစားဖြစ်တယ်။
မျက်နှာပြင် တစ်ခြမ်း တူအောင်တော့ ပုံမှန်လူတွေလို လုပ်နိုင်ပါတယ်။
မျက်နှာပြင် ခြောက်ခြမ်းလုံး တူဖို့ဆိုတာ မလွယ်မှန်း တော်တော်ကြာ လုပ်ရင်းနဲ့ သိသွားပါတယ်။
Formula တော့ ရှိမှာပဲ ဆိုပြီး သူ့အတိုင်း လိုက်လုပ်မှပဲ အားလုံး အရောင်တူအောင် လုပ်နိုင်တော့တယ်။
ဖြေရှင်းနည်း (Solution Formula) အကြောင်း မပြောခင် Rubik’s Cube ကို မတူကွဲပြား ပုံစံပေါင်း 43 quintillion (10^18) အထက် ရှိပါတယ်။
ဒါပေမယ့် အဖြေပုံစံက အဲ့ပုံစံပေါင်းများစွာထဲက တစ်မျိုးတည်းပါ။
ပုံစံပေါင်း က ဘယ်လောက်များသလဲ ဆိုတော့ တစ်စက္ကန့်မှာ တစ်ပုံစံ လှည့်ရင်တောင် နှစ်ပေါင်း 1400 trillion (10^12) ကြာအောင် လှည့်ရမှာပါ။
နှိုင်းယှဉ်လို့ရအောင် ပြောမယ်ဆိုရရင်ဖြင့် ကျနော်တို့ စကြာဝဌာ (Universe) တောင်မှ 13 Billion (10^9) သက်တမ်းပဲ ရှိပါသေးတယ်။
(p.s. ဒါကြောင့် ကျနော် လျှောက်လုပ်ရင် မရတာလည်း မပြောနဲ့လေ)
The original (3×3×3) Rubik's Cube has eight corners and twelve edges. There are 8! (40,320) ways to arrange the corner cubes. Seven can be oriented independently, and the orientation of the eighth depends on the preceding seven, giving 37 (2,187) possibilities. There are 12!/2 (239,500,800) ways to arrange the edges, since an even permutation of the corners implies an even permutation of the edges as well. (When arrangements of centres are also permitted, as described below, the rule is that the combined arrangement of corners, edges, and centres must be an even permutation.) Eleven edges can be flipped independently, with the flip of the twelfth depending on the preceding ones, giving 211 (2,048) possibilities.
which is approximately 43 quintillion. (Source: Wikipedia)
ဘယ်လိုပဲ ဖြစ်နေဖြစ်နေ အောက်က ပုံစံမျိုးလိုတော့ မလုပ်နဲ့ဗျာ။
Solve the Cube – Beginner Method
ကျနော် စလုပ်တတ်တဲ့ ဖော်မျူလာပုံစံအတိုင်း သင်္ကေတ တွေနဲ့ပါ ဖော်ပြပေးထားပါတယ်။ အဲ့တော့ အလွတ်ကျက်လို့ရတယ်။
Beginner ဆိုရင် အဆင့် ၆ဆင့်ဖြင့် သွားပါတယ်။ ဒါက အလွယ်နည်းပေါ့။
Intermediate နှင့် Advanced အဆင့်တွေလည်း ရှိပါတယ်။ သူတို့ကတော့ အမြန်နည်းတွေပေါ့။
Geordee – Rubik’s Cube Solution
အလွယ်အဆင့် ၆ဆင့် ကိုဘဲ မြှားတွေနဲ့ ရှင်းရှင်းလင်းလင်း ပြသွားတဲ့ ပုံလေးပါ။
ဒီဝက်ဆိုက် ကတော့ အစုံလင်ဆုံးဘဲ။ Original 3x3 အပြင် 2x2 | 4x4 | 5x5 ဖြေရှင်းနည်းများကို PDF ဖိုင် ဒါမှမဟုတ် ဗီဒီယိုကြည့်ပြီး သင်ယူလို့ရပါသည်။
ကျနော်ဆိုမှာ ဆိုက်ဒ်ဆုံ ရှိတယ်။ (ကြုံတုန်းလေး ကြွားတာပါ :P)
အခုထိတော့ 3x3 ဘဲ လုပ်တတ်သေးတယ်။ 2x2 ကလည်း လွယ်မယောင်နဲ့လုပ်လာတာ ကြက်ကန်းဆန်အိုး မတိုးဖူးသေးပါဘူး။ 3x3 ရမှတော့ 2x2 တော့ ရအောင် လုပ်တတ်အောင် လုပ်ရအုံးမည်။
Rubik’s Cube Solved in 20 moves or Less
သက်ဆိုင်သော အကြောင်းအရာ အချက်အလက်တွေ ဖော်ပြထားပါသည်။ အနည်းဆုံး အချက် ၂၀ အတွင်း အပေါ်က 43 quintillion ပုံစံအမျိုးမျိုး ကို ခြောက်မျက်နှာတူအောင် လုပ်လို့ရပါတယ်တဲ့။
No comments:
Post a Comment