PHILIP Kotler | GARY Armstrong
1 | Marketing: Creating and Capturing Customer Value
1.1 | Zappos: A Passion for Creating Customer Value and Relationships
CEO of Zappos - Tony Hsieh ပြောတာကတော့
“Our whole goal at Zappos is for the Zappos brand to be about the very best customer service and customer experience.”
Zappos မှာ Customer Experience ကို ပထမဆုံး အနေဖြင့် စဉ်းစားပုံက ဖောက်သည် အတွက် တန်ဖိုးဖန်တီးပုံ နှင့် ဆက်ဆံရေး မှာ သူ့ကို ယှဉ်နိုင်သူ ဆိုတာ လက်ချိုးရေလို့ရပါတယ်။
၁၉၉၉ မှာ အွန်လိုင်းစတိုး ကို ဖွင့်လှစ်တည်ထောင်ပြီး အကောင်းစားဖိနပ်မျိုးစုံ ကို တံဆိပ် (Brands), စတိုင် ပုံစံ(Styles), အရောင် (Colors), အရွယ်အစား (Sizes), အကျယ် (Widths) အလိုက် ကြိုက်ရာ ရွေးချယ်ဝယ်ယူနိုင်အောင် ဝန်ဆောင်မှု ပေးလာတာ အခုဆိုရင် အင်္ကျီ(Clothes), လက်ကိုင်အိတ် (Handbags), နှင့် အခြားအသုံးအဆောင် ပစ္စည်းတွေပါ ရရှိနေပါပြီ။
ရောင်းအားတွေက ရော့ကတ်ဒုံးပျံပစ်လွှတ် သကဲ့သို့ ထိုးတက်နေရာ တစ်နှစ် ဖောက်သည် ၁၀သန်းလောက် ကို ဝန်ဆောင်မှု ပေးနေရပါတယ်။ ရောင်းအားကလည်း ဒေါ်လာ ၁ဘီလီယံ အထိ ရှိပါတယ်။
စိတ်ဝင်စားစရာကောင်းတာက မီဒီယာ မှာ ငွေကြေးကုန်ကျခံ ကြော်ငြာလေ့ သိပ်မရှိပါဘူး။
အဲ့ဒီအစား Customer Service ဖောက်သည် ဝန်ဆောင်မှု ကိုသာ အာရုံစိုက် သဖြင့် ဝန်ဆောင်မှု အားကောင်းသဖြင့် ဖောက်သည်များဟာ ပြန်လာရုံသာမက အခြားသူ့မိတ်ဆွေ သူငယ်ချင်းတွေကိုပါ ပြောပြလေ့ ရှိပါသည်။
It relies on customer service so good that customer not only come back but also tell their friends.
>75% of Sales come from repeat customers.
Aaron Magness (Zappos’ Director of Business Development & Brand Marketing) ပြောတာ နှစ်ခုက
“We’ve always stuck with customer service, even when it was not a sexy thing to do.”
“We decided if we can put all the money possible into our customer service, word of mouth will work in our favor.”
Free delivery, Free returns, & a 365-day return policy – the Cornerstone of Zappos’ customer-centric approach
ဖောက်သည်တွေကို အံ့သြအောင် လုပ်နိုင်ဖို့ရာ လေးငါးရက်ကြာမှ ပို့ဆောင်ခြင်း ကို ဒီနေ့မှာ မနက်ဖြန်ရောက် ပို့ဆောင်ခြင်း ဖြင့် မြှင့်တင်ခဲ့သည်။
24/7 ကို ဝန်ထမ်း ငါးရာ က ဝန်ဆောင်မှု ပေးနေပါတယ်။ ဝန်ထမ်းစရိတ် က ကုမ္ပဏီစရိတ် ၏ သုံးပုံ တစ်ပုံ ရှိနေသော်လည်း သူတို့တွေက တစ်နေ့ကို ဖုန်းခေါ်ဆိုမှုပေါင်း ၅ ထောင် ကို ဖြေကြားပေးနေပါတယ်။
The Zappos culture is build around its 10 Core Values,
ranging from “Build open and honest relationships with communication” to “Create fun and a little weirdness.”
Value No.1 – Deliver WOW through service!
Zappos ၏ ဖောက်သည် အဓိက ထားသည့် ပုံစံမျိုး အဖွဲ့အစည်း တစ်ခုလုံး ထဲ စီးဝင်နေအောင် ဝန်ထမ်းအသစ်ခန့်အပ်လိုက်တိုင်း ဝန်ထမ်းသည် ရာထူးထိပ်ပိုင်းဖြစ်စေ အောက်ပိုင်းဖြစ်စေ လေးပတ်ကြာ ဖောက်သည် နှင့်သက်ဆိုင်သည့် သင်တန်းတက်ရောက်ကြရသည်။
To make sure Zappos’ customer obsession permeates the entire organization,
each new hire—everyone from the chief executive officer and chief financial officer to the children’s footwear buyer—is required to go through four weeks of customer-loyalty training.
စိတ်မပါ့တပါ လူမျိုးတွေကို လျော်ကြေးပေး ထွက်စေပါတယ်။
In fact, in an effort to weed out the half-hearted, Zappos actually bribes people to quit.
လေးပတ်ကြာ တက်ရတဲ့ သင်တန်း အတွက်ကို ဝန်ထမ်းတွေက ငွေမပေးရတဲ့ အပြင် ငွေတောင် ရပါသေးတယ်။
Magness ပြောတာက Zappos က ဖောက်သည်တွေ ကို အံ့သြစေတဲ့ ဝန်ဆောင်မှု တွေက သဘာဝအတိုင်း သက်တောင့်သက်သာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါက သင်ပေးလို့ မရပါဘူး။ အဲ့လိုဖြစ်အောင်လုပ်မယ့် ဝန်ထမ်းတွေ သင်ခန့်အပ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။
“Getting customers excited about the service they had at Zappos has to come naturally,” says Magness.
“You can’t teach it; you have to hire for it.”
ဝန်ဆောင်မှု ပေးနေတဲ့ ဝန်ထမ်းတိုင်း ဟာ Zappos မှာ မရှိရင် အခြားပြိုင်ဘက် ဝက်ဆိုက် ကို ညွှန်းပေးပါတယ်။ ညွှန်းပေးရန်အတွက်လည်း ဝက်ဆိုက် သုံးခုထက်မနည်း ကို ကြည့်ဖြစ်အောင် သင်တန်းပေးထးပါတယ်။
Customer service reps are trained to look on at least three rival Web sites if a shopper asks for specific shoes that Zappos doesn’t have in stock and refer customers accordingly.
Hsieh ပြောတာကတော့ “ဒီလိုမျိုး အခြားကုမ္ပဏီတွေ လုပ်လိမ့်မယ် လို့ ကျနော် မထင်ဘူး။ ကျနော်တို့ အနေနဲ့ ရေတိုဖြစ်တဲ့ လတ်တလော အရောင်းမဖြစ်တာ လက်ခံလို့ရပါတယ်။ ကျနော်တို့အဓိက ထားတာက ဖောက်သည်တွေရဲ့ ရေရှည် သစ္စာရှိစွာ အားပေးမှု နှင့် ဆက်ဆံရေး ပါ။
“My guess is that other companies don’t do that,” Hsieh says.
“For us, we’re willing to lose that sale, that transaction in the short term. We’re focused on building the life long loyalty and relationship with the customer.”
ဆက်ဆံရေး ကောင်းမွန်ဖို့ ဆိုတာ Zappos အတွက်တော့ အရာအားလုံးပါဘဲ။
Relationships mean everything at Zappos.
Hsieh နဲ့ ဝန်ထမ်းအများစု ဟာ အချင်းချင်းရော ဖောက်သည်တွေနဲ့ရော အခြားစိတ်ဝင်စားတဲ့သူတွေ နဲ့ရော လူမူရေးဝက်ဆိုက်တွေကနေ တစ်ဆင့် တိုက်ရိုက် ဆက်ဆံ ထိတွေ့မှု ရှိကြပါတယ်။ သတင်းအချက်အလက် ကောင်းကောင်း ဆိုးဆိုး ဖြန့်ဝေကြတယ်။
ဖောက်သည်တွေရဲ့ ပွင့်ပွင့်လင်းလင်း အွန်လိုင်း မှတ်ချက်တွေ ပေးလို့ရအောင် ကုမ္ပဏီ က ဖွင့်ပေးထားတယ်။
ဒါမျိုး ဖွင့်ပေးတဲ့ ကိစ္စ ကို အချို့လုပ်ငန်းတွေ ကြောက်ကြ စိုးရိမ်ကြပေမယ့်လည်း Zappos ကတော့ ရင်ဆိုင်တယ်။
Magness က “တစ်စုံတစ်ရာ ကို ဖုံးကွယ်စရာ ရှိမှသာ သင်အနေဖြင့် စိုးရိမ်ရမှာ ဖြစ်ပါတယ်။ ဝေဖန်တယ် ဆိုတာ ကို အခမဲ့ လက်ဆောင် လို့ဘဲ Zappos က ယူဆထားပါတယ်။” လို့ မဟုတ်တာ မလုပ်လို့ စိုးရိမ်စရာ မရှိဘဲ အဝေဖန်ခံနိုင်ပုံကို မီးမောင်းထိုးပြထားပါတယ်။
As Magness points out, “You only need to worry if you have something to hide,” and Zappos seems to take even criticism as a free gift of information.
Zappos က လုပ်ငန်းအတွက် စံသတ်မှတ်ချက် အသစ်တွေ ချမှတ်နိုင်ခဲ့ပြီး ဖောက်သည်ကို ဦးစားပေးတဲ့ ကုမ္ပဏီတွေအကြားမှာ ဦးဆောင်နေပါတယ်။
Zappos has set new standards in the industry, leading the way for a new type of consumer-focused company.
လက်လီအရောင်း ကျွမ်းကျင်သူ က “Zappos က တစ်မူထူးအောင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ကုမ္ပဏီအများစု က ဖောက်သည်ကို ဦးစားပေးတယ် အဓိကထားတယ် ဆိုသာ ဆိုကြပြီး ဘယ်သူမှ Zappos လောက် တကယ် လုပ်ကြတာ မဟုတ်ပါဘူး။” လို့ မှတ်ချက်ပေးသွားပါတယ်။
ကုမ္ပဏီ ဟာ လျှပ်စစ်ပစ္စည်း နှင့် အိမ်သုံးပစ္စည်း စသည့် နယ်ပယ်အသစ် တွေကို ဖောက်သည် ဦိးစားပေး Zappos ပုံစံအတိုင်းဖြင့် တိုးတက် ချဲ့ထွင်နေပါတယ်။
“နောင် ၁၀နှစ်လောက်ကြာရင် ကျနော်တို့ ဖိနပ်ကို အွန်လိုင်းက ရောင်းရင်း စလာတယ် ဆိုတာ လူတွေ မသိလောက်တော့ဘူး။ ကျနော်တို့ကို လေယာဉ်လိုင်းဖွင့်ဖို့ တိုက်တွန်းပြောဆိုတဲ့ ဖောက်သည်တွေနဲ့ တကယ်ကြုံတွေ့ဖူးပါတယ်။ နောင် နှစ် ၃၀ကြာရင် Zappos လေကြောင်းလိုင်း ကို အကောင်းဆုံး ဝန်ဆောင်မှု တွေနဲ့ မမြင်တွေ့ရဘူးလို့ ဘယ်သူမှ ဘာမှ ပြောနိုင်မှာ မဟုတ်ပါဘူး” လို့ Hsieh က Zappos အနာဂတ် ကို ပြောဆိုသွားပါတယ်။
“Hopefully, 10 years from now, people won’t even realize we started out selling shoes online.
We’ve actually had customers ask us if we would please start an airline or run the IRS,” Hsieh says,
adding, “30 years from now I wouldn’t rule out a Zappos airline that’s all about the very best service.”
Reference: Principles of Marketing 14|E by PHILIP Kotler | GARY Armstrong
No comments:
Post a Comment