Pages

Tuesday, April 1, 2014

Solution ဖြေရှင်းပုံ

ပြင်သစ် ကုမ္ပဏီ တစ်ခု ၏ နှစ်ပတ်လည် ပျော်ပွဲ ရွှင်ပွဲ ကျင်းပရန် အတွက် အစည်းအဝေး ကျင်းပနေသည်။

မန်နေဂျာ လုပ်သူ က ငွေ အနည်းငယ်သာ သုံးချင်သည်။

ထိုကြောင့် အစည်းအဝေး၌ တင်ပြသည်။

ကျွန်တော်တို့ရဲ့ နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲ ကို ငွေအနည်းငယ်ပဲ ကုန်စေချင်တယ်။

ဒါပေမယ့် ကျွန်တော်တို့ ကုမ္ပဏီ ကိုလည်း ကြော်ငြာပြီးသား ဖြစ်အောင် ဒီပွဲကြီး ရဲ့ အကြောင်းကို ဂျာနယ်တွေက တစ်ဆင့် ပြင်သစ်တစ်နိုင်ငံလုံး သိစေချင်တယ်။

ဝန်ထမ်းအားလုံးကိုလည်း ပျော်ရွှင်စေရမယ်ဗျာ။

ငွေကိုတော့ တတ်နိုင်သမျှ လျော့ရမယ်။

နားလည်လား။

တစ်ယောက်တစ်ပေါက် အမျိုးမျိုး ပြောကြသော်လည်း ဖြစ်ချင်တာတွေ နှင့် မကိုက်သောကြောင့် မန်နေဂျာ က ပယ်ချနေသည်။

နောက်ဆုံးထောင့်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

ဒီလိုလုပ်ပါ။ မန်နေဂျာကြီး

မန်နေဂျာကြီး အီဖယ်မျှော်စင်ပေါ်ကနေ ခုန်ချလိုက်ပါ။

ငွေကလည်း မျှော်စင်ပေါ် တက်ခပဲ ကုန်မှာပါ။

ပြီးတော့ ကျနော်တို့ ကုမ္ပဏီ က မန်နေဂျာကြီး ဆိုပြီး တစ်နိုင်ငံလုံး က ကျွန်တော်တို့ကို သိသွားမှာပါ။

အဲ … ဝန်ထမ်းတွေရဲ့ ပျော်ရွှင်မှုကတော့ အတိုင်းထက် အလွန် ပဲ ဖြစ်မှာပါ ခင်ဗျ

No comments:

Post a Comment